Girls Bar မှာအလုပ်လုပ်ခိုင်းခံခဲ့ရတဲ့ ၁၃ နှစ်အရွယ်အလယ်တန်းကျောင်းသူ

၁၃ နှစ်အရွယ် အလယ်တန်းကျောင်းသူကို Girls Bar မှာအလုပ်လုပ်ခိုင်းခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဘားမန်နေဂျာကို ဖမ်းဆီး
ဘားမန်နေဂျာအပါအဝင် အမျိုးသား ၆ယောက်ကို ၁၃ နှစ်အရွယ် အလယ်တန်းကျောင်းသူကို သူတို့ဘားမှာ အလုပ်လုပ်ခိုင်းခဲ့တာကြောင့် ရဲဌာနက ဖမ်းဆီးလိုက်ပါတယ်
တိုကျိုမြို့၊ Sumida Ward ရှိ “Ocean Blue” Girl Bar က မန်နေဂျာ Ryoji Kato (44) နှင့် Risako Watanabe (27) နှစ်တို့ အပါအဝင် ဝန်ထမ်း၆ဦးကို ကလေးသူငယ် စောင့်ရှောက်ရေး ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တာပါ
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အလယ်တန်း ဒုတိယနှစ်ကျောင်းသူ (အသက် ၁၃နှစ်) အရွယ်မိန်းကလေးကို ဘားထဲမှာ ဧည့်ခံခိုင်းခဲ့တယ်ဆိုတဲ့ သံသယနဲ့ပါ
ရဲဌာနရဲ့ ပြောကြားချက်အရ ကျောင်းသူမိန်းကလေးဟာ cheer girl ဝတ်စုံကိုဝတ်ပြီး ဧည့်သည်တွေကို အရက်ငှဲ့ပေးရတဲ့အလုပ်ကို မနက် ၄နာရီကနေ နေ့လည်လောက်အထိ စုစုပေါင်း ၇ ကြိမ်လောက် လုပ်ခဲ့တယ်လို့ ဆိုပါတယ်
Kato အပါအဝင် အခြားသူများကတော့ စွပ်စွဲချက် တစ်စိတ်တစ်ပိုင်းကို ငြင်းဆိုထားပါတယ်
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: