ဘာကိုမှ လွယ်လွယ်မရတဲ့ ဂျပန်

ကောက်ရလာတဲ့ Apple ကထုတ်တဲ့ AirTag Device ကို ရဲလက်မအပ်ဘဲ ရောင်းစားခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဖမ်းဆီးခံခဲ့ရပါတယ်
Nara စီရင်စုရဲဌာနဟာ AirTag ရဲ့ တည်နေရာအချက်အလက်ကို ရှာဖွေပြီး အဟောင်းဆိုင်မှာ လာရောင်းထားတာကို ရှာတွေ့ခဲ့တာပါ
ကောက်ရတာကို ရဲလက်မအပ်ဘဲ ရောင်းစားခဲ့တဲ့ 55 နှစ်အရွယ် အလုပ်လက်မဲ့အမျိုးသားတစ်ဦးဟာ လိမ်လည်မှုသံသယနဲ့ 30 ရက်နေ့က ဖမ်းဆီးခဲ့တာပါ။
ပျောက်သွားတာကို သတိပြုမိသွားတဲ့ အသက် ၅၀ အရွယ်ရှိ ပိုင်ရှင် အမျိုးသားဟာ တည်နေရာ အချက်အလက်ကို ကြည့်ရင်းကနေ အဟောင်းဆိုင်မှာရှိကြောင်း ဖော်ထုတ်ခဲ့ပြီး ရဲများနှင့် တိုင်ပင်ပြီးနောက် ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါ အမျိုးသားဟာ 20 ရက်နေ့ ညနေ 6 နာရီခန့်က ကောက်ရတဲ့ Apple Air Tag တစ်ခုကို Nara မြို့က အဟောင်းဆိုင်ကို ယန်း ၂၀၀ နဲ့ လိမ်လည်ရောင်းစားခဲ့ပါတယ်။ ခရိုင်ရဲများက အဆိုပါအမျိုးသားအား ရောင်းသွားချိန် စတိုးဆိုင်မှ မှတ်တမ်းတင်ထားတဲ့ ဖောက်သည်စာရင်းကနေ ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
“အသက်မွေးဝမ်းကြောင်းပြုဖို့ အခက်အခဲရှိလို့ ရောင်းစားခဲ့တာ” လို့ အဆိုပါအမျိုးသားက ချေပပြောဆိုထားပါတယ်။
Air tag မှာ Apple ကုမ္ပဏီရဲ့ iPhone အပလီကေးရှင်းနဲ့ လက်ရှိတည်နေရာကို အသိပေးတဲ့ လုပ်ဆောင်ချက်ပါပါတယ်
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: