ယန်းငွေတန်ဖိုးကျဆင်းမှု

ယန်းငွေတန်ဖိုးကျဆင်းမှု၊ တစ်ဒေါ်လာ ၁၃၁ ယန်းသို့ ယာယီရောက်ရှိခဲ့
မနေ့က 18 ရက်နေ့မှာ တိုကျိုနိုင်ငံခြားငွေလဲဈေးကွက်ရဲ့ ယန်းငွေဈေးဟာ တစ်ဒေါ်လာ 131 ယန်းသို့ ယာယီ ကျဆင်းသွားခဲ့ပါတယ်
BOJ (ဂျပန်ဗဟိုဘဏ်) ဟာ ထပ်ဆောင်း ဖြေလျှော့မှုအစီအမံတွေကို လုပ်ဆောင်ခြင်းမရှိတာကြောင့်၊ ဂျပန်နဲ့ အမေရိကန်ကြား စျေးကွက်မှာ အတိုးနှုန်းကွဲပြားမှုဟာ ဒီထက်ကြီးထွားလာမယ်လို့ မျှော်မှန်းထားပြီး၊ ယန်းကိုရောင်းထုတ် ဒေါ်လာဝယ်တာကို ပိုပြီးလုပ်လာကြတာကလည်း ပိုဆိုးသွားစေတဲ့ အကြောင်းရင်းဖြစ်ပါတယ်
တိုကျိုစတော့ဈေးကွက်မှာ ပို့ကုန်နဲ့ဆက်စပ်တဲ့စတော့တွေကို ဝယ်ယူနေကြပြီး၊ Nikkei ပျမ်းမျှစတော့ (225) ဟာ ယန်း 600 ကျော် ယာယီမြင့်တက်ခဲ့ပါတယ်။
မွန်းလွဲ ၁ နာရီအထိ၊ စတော့ရှယ်ယာဟာ ၂၆,၆၉၄.၆၄ ယန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်နေ့ပိတ်ဈေးထက် ၅၅၅.၉၆ ယန်းအထိ မြင့်တက်သွားခဲ့ပါတယ်။
တိုကျိုငွေချေးစာချုပ်ဈေးကွက်မှာတော့ အသစ်ထုတ်ပေးထားတဲ့ 10 နှစ်အစိုးရငွေချေးစာချုပ်များ ရောင်းထွက်နှုန်းဟာ၊ ကာလရှည်အတိုးနှုန်း 0.370% သို့ ယာယီကျဆင်းသွားပြီး ယခင်နေ့ပိတ်စျေးနှုန်းထက် 0.130% လျော့ကျ (ငွေချေးစာချုပ်စျေးနှုန်းမှာ မြင့်တက်ခဲ့) သွားခဲ့ပါတယ်။
နံနက်ပိုင်းမှာ BOJ အမြင့်ဆုံးကန့်သတ်ချက် 0.5% ကို ရုံးဖွင့်ရက် လေးရက်ဆက်တိုက် ကျော်လွန်သွားခဲ့ပြီး၊ BOJ ဆုံးဖြတ်ချက်ထက် အဆပေါင်းများစွာ အတက်အကျရှိခဲ့ပါတယ်။
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: