ကတ်ကြေးဝယ်လာလို့ ဖမ်းခံရသူ?

ဆိုင်ကကတ်ကြေးဝယ်လာရင်တောင် လက်နက်ဥပဒေနဲ့ ငြိနိုင်တဲ့ဂျပန်
ဂျပန်နိုင်ငံဟာ သေနတ်စတဲ့ လက်နက်နဲ့ပတ်သက်လာရင် တော်တော်လေး တင်းကြပ်တဲ့နိုင်ငံဖြစ်ပါတယ်
ဒါပေမယ့်လည်း နေ့တိုင်းသုံးနေတဲ့ ကတ်ကြေးကြောင့်လည်း “ထောင်ကျ” သွားနိုင်ပါတယ်
ဒီနေ့ပြောပြမှာကတော့ “ကံမကောင်းတဲ့ အိုဆာကာကအမျိုးသားတစ်ယောက်” အကြောင်းပဲဖြစ်ပါတယ်
သူ့ကို A လို့နာမည်ပေးလိုက်ပါမယ်
အသက်က ၄၀ အရွယ်ဖြစ်ပြီးတော့၊ မသန်စွမ်းသူစင်တာမှာ အလုပ်လုပ်နေတာပဲဖြစ်ပါတယ်
သူကိုယ်တိုင်ကလည်း ဉာဏ်ရည်ပိုင်းဆိုင်ရာ ချို့ယွင်းမှု အနည်းငယ်ရှိတယ်လို့ဆိုပါတယ်
ဒီကိစ္စက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၇ ရက်မှာ ဖြစ်ခဲ့တာပါ
သူဟာ အဲ့ဒီနေ့က ပြဿနာတစ်ချို့ရှိခဲ့ပြီး ကားပါကင်မှာ ကားကိုရပ်လိုက်ပါတယ်
ယအိုရဲစခန်းက ရဲတစ်ယောက်မရောက်လာခင်အထိ ဒီကိစ္စဟာ ဘာမှမဟုတ်သေးပါဘူး
အဲ့ဒီရဲက A ဝယ်လာတဲ့ ယန်း ၁၀၀ ဆိုင်က lable တွေကိုညှပ်ဖို့ ကတ်ကြေးကို မြင်သွားခဲ့တာပါ
အဆိုပါရဲဟာ နောက်ရဲတစ်ယောက်က တိုင်းတာဖို့ ကယ်လစ်ပါ ယူလာတဲ့အထိ A ကို ဘယ်မှ အသွားမခံခဲ့ပါဘူး
ရည်ရွယ်ချက်က သူဝယ်လာတဲ့ ကတ်ကြေးကို လက်နက်ဥပဒေနဲ့ ညီသလားဆိုတာ (၈ စင်တီမီတာထက်ကျော်ရင် တရားမဝင်) တိုင်းကြည့်ချင်လို့ပါ
ကံဆိုးချင်တဲ့ A ကတော့
ဝယ်လာတဲ့ ကတ်ကြေးဟာ ၈.၈၆ စင်တီမီတာ ဖြစ်နေခဲ့ပါတယ်
ဒီနောက်မှာတော့ A ကန ၂ လလောက်ထိ ဘာမှမဖြစ်ခဲ့ပေမယ့်၊ ရဲတွေဟာ သူ့ကို ဒဏ်ကြေးတပ်မယ်လို့ ဆုံးဖြတ်ပြီး တရားရုံးကို ဆင့်ခေါ်လိုက်ပါတော့တယ်
၀.၈၆ စင်တီမီတာလေး ကျော်သွားတာကြောင့် A ဟာ ဒဏ်ကြေး ယန်း ၁ သောင်း (မြန်မာငွေ 156,000 ကျပ်) ဆောင်လိုက်ရပါတော့တယ်
တွစ်တာမှာတော့ ဒီကိစ္စဟာ လူပြောများနေပြီး တော်တော်များများက “ရဲတွေက တိုင်းပြည် အခွန်အခနဲ့ အချိန်န်းကို ဖြုန်နေးတာပဲ” လို့ မှတ်ချက်ပြုခဲ့ကြပါတယ်
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: