Toyota ဟာ 2025 ခုနှစ်မှာ အမေရိကန်မှာ EV နဲ့ ဘက်ထရီကို ထုတ်လုပ်မယ်

EV = လျှပ်စစ်ကားစျေးကွက် ချဲ့ထွင်မှုကို တုံ့ပြန်ဖို့အတွက် Toyota Motor Corporation ဟာ 2025 ခုနှစ်မှာ United States မှာ EV များ အပြည့်အ၀ ထုတ်လုပ်နိုင်တော့မှာပဲဖြစ်ပါတယ်။ အဓိက အစိတ်အပိုင်းတွေဖြစ်တဲ့ ဘက်ထရီတွေကိုလည်း အမေရိကန်မှာပဲ ထုတ်လုပ်မှာဖြစ်ပြီး ထိရောက်တဲ့ ထုတ်လုပ်မှုစနစ်တစ်ခုကို ထူထောင်ရန် စီစဉ်ထားတယ်လို့ဆိုပါတယ်။

သက်ဆိုင်သူတွေရဲ့အဆိုအရ Toyota Motor Corporation ဟာ 2025 ခုနှစ်အစောပိုင်းမှာ USA ၊ Kentucky ရှိ စက်ရုံမှာ EV များ အပြည့်အ၀ ထုတ်လုပ်နိုင်မယ်လို့ သိခဲ့ရတာပါ။

Toyota သည် 2025 မှာ အမေရိကန်နိုင်ငံ  Kentucky ရှိ စက်ရုံမှာ ဒေါ်လာ သန်း 460 ရင်းနှီးမြှုပ်နှံသွားမှာပါ။

အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားမှာ စက်ရုံတစ်ရုံကို တည်ဆောက်နေပြီး 2025 ခုနှစ်မှာ ဘက်ထရီအတွက် အဓိကအစိတ်အပိုင်းဖြစ်တဲ့ လုပ်ငန်းတွေစတင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ဆိုပါတယ်။

တိုယိုတာကုမ္ပဏီ ဒုဥက္ကဋ္ဌ Tsuneharu Sato ဟာ စီမံခန့်ခွဲမှုစနစ်သစ်အောက်မှာ EV များ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ရန် မူဝါဒချမှတ်ခဲ့ပြီး စျေးကွက်ချဲ့ထွင်မှုကို တုံ့ပြန်ဖို့အတွက် ထိရောက်တဲ့ ဒေသတွင်းထုတ်လုပ်မှုစနစ်တစ်ခုကို ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

အခြားတစ်ဖက်မှာလည်း  ဒုဥက္ကဋ္ဌ Tsuneharu Sato ဟာ ဒေသတွင်းအခြေအနေအရ hybrid vehicles နဲ့ fuel cell စတဲ့ အမျိုးအစားတွေကို မိတ်ဆက်ပေးတဲ့ “ omnidirectional နည်းဗျူဟာ” ကိုလည်း ဆက်လက်ထိန်းထားဖို့ စဉ်းစားနေတာကို ဖော်ပြခဲ့ပြီး၊ Tesla လိုမျိုး မော်ဒယ်တစ်မျိုးကို အထူးထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့၊ EV နယ်ပယ်တွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာချိန်မှာ Toyota ဆက်လက်တည်ရှိနေတယ်ဆိုတာကို ပြသဖို့ အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: