ကာဘွန်အဆိပ်သင့်တာမဟုတ်ဘဲ “လူသတ်မှု” ကြောင့်သေခဲ့တဲ့ Mr. Shunichi Yamamoto (၂၆ နှစ်)

Hakata ပင်လယ်အော်က ကမ်းခြေတစ်ခုမှာ Shunichi Yamamoto (26) နှစ်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ရဲတွေက လူသတ်မှုလို့ ကောက်ချက်ချလိုက်ပါတယ်။ ဆောင်းရာသီမှာ ပျော်ပွဲစား စခန်းချတဲ့အခါ  Camping Tent ထဲမှာ ပူနွေးလာတတ်ပြီး ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ မီးဖိုကြလို့ပါပဲ။

Shunichi Yamamoto ရဲ့တဲထဲမှာလည်း မီးသွေးတွေကို တွေ့ခဲ့ရပေမယ့်၊ သေဆုံးရတဲ့အကြောင်းရင်းက ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်တာကြောင့်မဟုတ်ဘဲ၊ လည်ပင်းကို ဖိအားသက်ရောက်ကာ အသက်ရှုကြပ်ခဲ့တာ” ဖြစ်ပါတယ်။ အဲဒီလူဟာ အသတ်ခံခဲ့ရတာပါ။

  • ဖျက်စီးထားတဲ့ သက်သေမရှိဘဲ၊ လည်ပင်းမှာ ကြိုးတစ်ချောင်းပတ်နေခဲ့ပါတယ်

RKB Yuki Nojima အခင်းဖြစ်တဲ့ ကမ်းခြေမှာ ကားအသွားအလာလည်းများပြီး၊ အဲ့ဒီအချိန်တုန်းက Ground Golf ပွဲတောင်ရှိပါသေးတယ်”

မြို့ခံတစ်ဦး ထင်းရှူးတောထဲမှာ ရပ်ထားတဲ့ မှုခင်းဆေးပညာကားတွေနဲ့ ရဲကားတွေလိုမျိုး ကား စီး ဒါမှမဟုတ် စီးလောက်ရှိတယ်” လည်ပင်းမှာ ကြိုးနဲ့၊ အရက်ပုလင်းတွေလည်း တွေ့ခဲ့တယ်”

သဲသောင်ပြင်ပေါ်ချထားတဲ့ လူတစ်ယောက်စာ Camping Tent သေဆုံးသူဟာ Camping Tent ထဲကနေ ကိုယ်အပေါ်ပိုင်းက အပြင်ထွက်နေပြီး လဲကျနေတာကို ဒီလ ၁၇ ရက်နေ့ မနက် ၉နာရီလောက်မှာတွေ့ခဲ့တာပါ။

အနံ စင်တီမီတာရှိတဲ့ ကြိုးတစ်ချောင်းကို ၎င်းရဲ့လည်ပင်းတွင် ရစ်ပတ်ထားပြီး လည်ပင်းညှစ်သတ်ထားတဲ့ သဲလွန်စတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။ တဲထဲမှာလည်း Mr. Yamamoto ရဲ့ စမတ်ဖုန်း၊ ပိုက်ဆံအိတ်၊ ကျောပိုးအိတ်တွေဟာ တဲထဲတွင် ကျန်ရစ်ခဲ့ပြီး ဖျက်ဆီးထားတဲ့ အထောက်အထား တစ်ခုမှ မတွေ့ရပေ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: