“ဒီလိုနယ်ဘက်တွေအထိ မလုံခြုံတော့ဘူးလား…”

ဖူကူရှီးမား၊ အိဝခိမြို့မှာ အသက် ၈၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဓားပြတိုက်၊ လူသတ်မှုဖြစ်ခဲ့

ဖူကူရှီးမား၊ အိဝခိမြို့မှာ အသက် ၈၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အသတ်ခံခိုက်ရပါတယ်။ အမျိုးသမီးဟာ ထုထည်ရှိတဲ့အရာတစ်ခုနဲ့ နောက်ကျောဘက်ကနေ ခေါင်းကို အချက်ပေါင်းများစွာ ရိုက်ခံထားရပါတယ်

ဒီမြို့ထဲမှာပဲ ဇန်နဝါရီလတုန်းက သက်ကြီးရွယ်အို အမျိုးသားတစ်ယောက်ဟာ အသတ်ခံထားရပြီး၊ နေရတာ  စိတ်မလုံမခြုံ ဖြစ်နေကြတုန်းပဲ ဖြစ်ပါတယ်

သတင်းထောက်ရဲ့အဆိုအရ “အိဝခိမြို့ရှိ အိမ်တစ်အိမ်မှာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး လဲကျသေဆုံးနေတာကို တွေ့ရှိခဲ့တာပါ။ ရဲများက အခင်းဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်” လို့ဆိုပါတယ်။

ဖေဖော်ဝါရီလ ၃ရက် ညနေ ၇နာရီကျော်အချိန်ခန့်မှာ အိဝခိမြို့ရှိ အိမ်တစ်အိမ်မှာ နေထိုင်နေတဲ့ Yasuko Komatsu (85) နှစ်ဟာ ခန္ဓာကိုယ်က သွေးတွေစီးကျလျက် သေဆုံးနေတာကို အိမ်ကိုလာလည်တဲ့ သားဖြစ်သူက တွေ့ခဲ့တာပါ။

Komatsu san ဟာ ဝင်ပေါက်အနီးရှိ စင်္ကြံမှာ မှောက်လျက်လဲနေခဲ့ပြီး၊ မကြာခင်မှာပဲ သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ အခန်းထဲက အံဆွဲနဲ့ ဗီရိုတွေထဲကို မွှေနှောက်ရှာဖွေထားတဲ့ ခြေရာလက်ရာတွေ ကျန်နေခဲ့ပါတယ်။

လုယက်လူသတ်မှု အဖြစ် ရဲတပ်ဖွဲ့က အမှုဖွင့်ထားပါတယ်။ တရားစီရင်ရေးဆိုင်ရာ စစ်ဆေးမှုရလဒ်အရ Komatsu san ဟာဦးခေါင်းခွံကွဲနေပြီး၊ အနောက်ဘက်ကနေ ခေါင်းကို ထုထည်ရှိတဲ့အရာတစ်ခုခုနဲ့ အကြိမ်ပေါင်းများစွာ ရိုက်ခံထားရပုံရပါတယ်။

Komatsu san နဲ့ပတ်သက်ပြီး၊ အိမ်နီးချင်းတွေက ….

“တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့သူပါ။ သူက ကျွန်တော့်ကို နှုတ်ဆက်တဲ့အခါမှာလည်း ပြုံးပြီး နှုတ်ဆက်တတ်တဲ့ အဖွားတစ်ယောက်ပါ။”

Komatsu san ဟာ လွန်ခဲ့တဲ့ ၅နှစ်လောက်က အမျိုးသားဖြစ်သူ ဆုံးပါးသွားပြီး တစ်ယောက်တည်းနေနေခဲ့တာပါ။ အမျိုးတွေကတော့ Komatsu san ဟာ တိုက်ခန်းစတဲ့ အိမ်ခြံမြေတွေ ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။

အမျိုးတစ်ယောက်က “တိုက်ခန်း ဘယ်နှခန်းမှန်းမသိဘူး ပိုင်တယ်လို့ထင်တာပဲ။ ပြီးတဲ့ အဲ့ဒီအိမ်အကျယ်ကြီးရောပေါ့။ အမွေပေးစရာတွေပိုင်ထားပေမယ့်လည်း ဒါတွေကြောင့် ပြဿနာဖြစ်တယ်လို့တော့ မကြားဖူးဘူး” လို့ပြောပါတယ်

ရဲတပ်ဖွဲ့က ရရှိထားတဲ့ အထောက်အထားတွေအရ ၃ရက်နေ့ မနက်ပိုင်းလောက်မှာ သေဆုံးခဲ့တဲ့နေရာနဲ့ မလှမ်းမကမ်းက လုံခြုံရေးကင်မရာကတစ်ဆင့် အိမ်ဘက်ကို လမ်းလျှောက်ပြန်နေတဲ့ Komatsu san ကို အတည်ပြုနိုင်ခဲ့ပါတယ်။

အလောင်းကဒဏ်ရာက နောက်စေ့ကနေ ခေါင်းရဲ့ဘေးဘက်ပိုင်းအထိ ရှိနေတာကြောင့် လူသတ်သမားက အနောက်ကနေ ရိုက်သတ်သွားခဲ့တာ ဖြစ်နိုင်ပါတယ်။

အိဝခိမြို့မှာ အရင်လကလည်း အမျိုးသားတစ်ယောက် အသတ်ခံထားရပါသေးတယ်။

Komatsu san ရဲ့အမျိုးတစ်ယောက်က “ဒီလိုနယ်ဘက်မှာ ဒီလောက်ဆိုးဝါးတဲ့ အမှုအခင်းတွေဖြစ်နေတာ၊ ပြီးတော့ သူခိုးတွေကလည်း ပေါလာတော့ အသတ်ခံရမှာပဲ ကြောက်နေရတယ်” လို့ပြောပါတယ်

ရဲဌာနရဲ့ ပြောကြားချက်အရ Komatsu san ဟာ ၃ရက်နေ့နေ့လည်ပိုင်းလောက်ကနေ အလောင်းကိုရှာတွေ့တဲ့ ညနေ ၇နာရီကျော်လောက်ကြားထဲမှာ မသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ လုယက်လူသတ်မှုတွေနဲ့ ဆက်စပ်မှုကိုနော့ အခုအချိန်ထိ အတည်ပြုရမိခြင်း မရှိသေးဘူးလို့ဆိုပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: