နာဂါနိုစီရင်စု Otari ရွာမှာ နှင်းထုပြိုကျတာကြောင့် ပိတ်မိပြီး လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တာက နိုင်ငံခြားသားများတွေလား?

၂၉ ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီခန့်က Otari ကျေးရွာ၊ Nagano စီရင်စုရှိ Tsugaike Kogen Ski Resort ရဲ့ကွင်းအပြင်ဘက်မှာ နှင်းလျှောစီးနေတဲ့ နိုင်ငံခြားသား အဖွဲ့ ၃ ဖွဲ့အားလုံးပေါင်း ၁၀ ယောက်ကျော်ထဲက၊ ၄ယောက်ဟာ နှင်းတွေနဲ့ပိတ်မိနေခဲ့ပြီး ၂ယောက်သေဆုံးသွားခဲ့တာပါ

ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့၂ ယောက်ကျန်ရစ်ခဲ့တဲ့နေရာကို ရှာဖွေခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တစ်ဦးကို တွေ့ရှိခဲ့ပြီး ၁၀ မိနစ်အကြာတွင် နှစ်ဦးစလုံး ကိုနှင်းတွေကြားမှာ ရှာတွေ့ခဲ့တာပါ

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အမျိုးသားနှစ်ဦးစလုံးကို နှလုံးသွေးကြောပိတ်တဲ့ အခြေအနေမှာ တွေ့ရှိခဲ့ပြီး နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်

နှင်းပြိုကျမှုအတွင်း ပိတ်မိတာက နိုင်ငံခြားသားနှစ်ဦးဖြစ်ကြောင်းကိုလည်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်

ဒီနေရာသည် Shirouma Norikura တောင်ပေါ်ရှိ အမြင့်ပေ 2100 မီတာကျော်ရှိတဲ့ Tenguhara အရှေ့ဘက်တောင်စောင်းမှာရှိပါတယ်

{ “Backcountry” မှာ နှစ်စဉ် လူ(၁၀၀)ခန့် ထိခိုက်မှုရှိ}

ရဲဌာနရဲ့ အဆိုအရ နှစ်စဉ် လူပေါင်း ၁၀၀ ခန့်ဟာ Backcountry နှင်းလျှောစီးရင်း ထိခိုက်မှုရှိကြောင်း သိရပါတယ်

ဒုက္ခရောက်ခဲ့သူအရေအတွက်ကတော့

▽ 2015 ခုနှစ်မှာ စာရင်းဇယား စတင်စုဆောင်းခဲ့ပြီး 114 ဦးရှိခဲ့ပါတယ်

▽ 2016 ခုနှစ်မှာ 104 ဦး

▽ 2017 ခုနှစ်မှာ 142 ဦး

▽ 2018 ခုနှစ်မှာ 140 ဦး

▽ 2019 ခုနှစ်မှာ ၁၆၄ ဦး

▽ 2020 ခုနှစ်မှာ ၉၅ ဦး

▽ 2021 ခုနှစ်မှာ ၉၄ ယောက် ရှိခဲ့ပြီး

အဲဒီထဲက ရှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။

ထို့အပြင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားများ ပျောက်ဆုံးမှုတွေလည်း ရှိခဲ့ပါတယ်

▽ 2018 ခုနှစ်မှာ 61 ဦး

▽ 2019 ခုနှစ်မှာ ၅၀ ဦး

▽ 2020 ခုနှစ်မှာ ၃၁ ဦးရှိခဲ့ပါတယ်

အခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်ကြောင့် နိုင်ငံခြားသားများ ဝင်ရောက်မှုအား လုံးဝ တားမြစ်ထားပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: