“ရေပူတွေလောင်းခံခဲ့ရ” တဲ့ ဘိုးဘွားရိပ်သာမှ အမျိုးသမီး၊ အဖမ်းခံလိုက်ရတဲ့ မိန်းကလေး

ဘိုးဘွားရိပ်သာမှာ နေထိုင်နေသူတစ်ဦးဟာ “ရေပူတွေလောင်းခံရ” တာကြောင့် သုံးလကြာ ဆေးရုံတင်ထားရပြီး… 

အသက် ၂၁ နှစ်အရွယ် ဝန်ထမ်းဟောင်းတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်

ရဲကားနောက်ခန်းမှာ ခေါင်းငုံ့ထားတဲ့ အမျိုးသမီးတစ်ဦး။

သူနာပြုစောင့်ရှောက်ရေးဝန်ထမ်းဟောင်း Yuka Aoki (21)နှစ်ဟာ အထူးစောင့်ရှောက်ခံ ဘိုးဘွားရိပ်သာမှာ နေထိုင်သူတစ်ဦးအား ရေနွေးပူများနဲ့ ရေချိုးပေးလိုက်တာကြောင့်  အပူလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ Gunma၊ Kiryu မြို့မှာရှိတဲ့ အထူးစောင့်ရှောက်ခံ ဘိုးဘွားရိပ်သာမှာ ဖြစ်ခဲ့တာဖြစ်ပြီး၊ သက်ကြီးရွယ်အို ၆၀ ခန့် နေထိုင်နေတဲ့နေရာပါ။

 

အဆိုပါအဖြစ်အပျက်ကို 2022 ခုနှစ် စက်တင်ဘာလမှာ ဝန်ထမ်းတစ်ဦးမှ တိုင်ကြားထုတ်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။

ဝန်ထမ်းထံမှ တိုင်ကြားချက် –

ဝန်ထမ်းတစ်ဦးရဲ့အကူအညီနဲ့ နေထိုင်သူတစ်ဦးဟာ ရေချိုးနေစဉ် ရေနွေးပူပူနှင့် လောင်းမိပြီး အပူလောင်ခဲ့ပါတယ်။

အဲ့ဒီအချိန်က Aoki ဟာ ဒီဘိုးဘွားရိပ်သာမှာ ပြုစုစောင့်ရှောက်သူအဖြစ် လုပ်ကိုင်နေခဲ့ပါတယ်။

2022 ခုနှစ် စက်တင်ဘာလ 1 ရက်နေ့မှာ (အသက် 59 နှစ်အရွယ်) အမျိုးသမီးတစ်ဦးအား ရေချိုးပေးနေစဉ် ရေပူများနဲ့ လောင်းခဲ့တာကြောင့်၊ အပူလောင်ဒဏ်ရာများ လုံးဝပျောက်ကင်းသည်အထိ တစ်လမှ နှစ်လအထိ အချိန်ယူခဲ့ရပါတယ်။

 

Aoki ဟာ အခင်းဖြစ်ပွားပြီးနောက် 2022 ခုနှစ် အောက်တိုဘာလကုန်မှာပဲ ဘိုးဘွားရိပ်သာကနေ အလုပ်ထွက်ခဲ့တယ်လို့ဆိုပါတယ်။

 

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သူမဟာ နိုဝင်ဘာလကတည်းက သတ္တုထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ ယာယီစေလွှတ်အလုပ်သမားအဖြစ် လုပ်ကိုင်နေတယ်လို့ဆိုပါတယ်

 

“ ရေချိုးပြီးနောက် “နာတယ် နာတယ်” လို့ဆိုကာ ၃ လကြာ ဆေးရုံတင်ခဲ့ရတဲ့အမှု”

FNN က အခင်းဖြစ်ပွားတဲ့ ဘိုးဘွားရိပ်သာက သက်ဆိုင်သူတွေကို တွေ့ဆုံမေးမြန်းလိုက်တဲ့အခါမှာ သက်သေထွက်ဆိုချက်များအရ ရာဇ၀တ်မှုဟာ အသေးစိတ်ကျကျ ထွက်ပေါ်လာပါတော့တယ်။

အခင်းဖြစ်ပွားသည့်နေ့မှာ Aoki နဲ့ရေချိုးပြီးနောက် ထိခိုက်ခဲ့သူအမျိုးသမီးဟာ အခြားဝန်ထမ်းတစ်ဦးကို “ နာတယ် နာကျင်တယ်” လို့ တိုင်ကြားခဲ့ပြီးနောက်၊ အခင်းဖြစ်ပွားတဲ့နေ့က ဘိုးဘွားရိပ်သာရဲ့ အခြေအနေကို သိရှိခဲ့ရပါတယ်။

အဆိုပါ အမျိုးသမီးရဲ့ ရောဂါလက္ခဏာတွေကို အတည်ပြုပြီးနောက် ဆေးရုံကို ဆက်သွယ်ပြီး ကုသပေးခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီး သုံးလအကြာ 2022 ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှာ ဆေးရုံမှ ဆင်းခွင့်ရခဲ့ပါတယ်။

ဆေးရုံမှဆင်းပြီးနောက် အမျိုးသမီးဟာ အခြားဘိုးဘွားရိပ်သာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

 

အခင်းဖြစ်ပွားခဲ့တဲ့ ဘိုးဘွားရိပ်သာမှာ ဝန်ထမ်းများအား သင်တန်းများပို့ချကာ၊ လက်စွဲစာအုပ်တွေ ထုတ်ပြီး ထပ်မံမဖြစ်ပေါ်ရအောင် လုပ်ဆောင်နေကြောင်း သိရပါတယ်။

စုံစမ်းစစ်ဆေးတဲ့အခါ Aoki က စွဲချက်တွေကို ဝန်ခံထားပြီး ရဲတွေက အသေးစိတ် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: