ရွှေ့ပြောင်းစရိတ်အတွက် ကလေးတစ်ယောက်ရှိတဲ့ အိမ်ထောင်စုတစ်စုကို ယန်း ၁၀သိန်း ထောက်ပံ့မယ့် ဂျပန်အစိုးရ

ဒီလ ၂၈ ရက်နေ့အထိ တိုကျိုမြို့တော်ဧရိယာကနေ နယ်ဘက်ကို ရွှေ့ပြောင်းကြမယ့် အိမ်ထောင်စုတွေမှာ အသက် ၁၈ နှစ်အောက်ရှိတဲ့ ကလေးရှိမယ်ဆိုရင်၊ ရွှေ့ပြောင်းမှုအတွက် ထောက်ပံ့ကြေးအနေနဲ့ ကလေးတစ်ယောက်အတွက် အများဆုံး ယန်း ၃ သိန်းကနေ ၁၀ သိန်းအထိ ပေးမယ်ဆိုပြီး မူဝါဒချမှတ်လိုက်ပါတယ်

“ဒေသဆိုင်ရာ ပြန်လည်ဖွံ့ဖြိုးမှု ထောက်ပံ့ရေးစီမံချက်” ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကလေးမွေးဖွားနှုန်း ကျဆင်းနေတဲ့ နယ်ဘက်တွေမှာ ပညာရေးစရိတ်၊ စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချဖို့အတွက် နယ်ဘက်ကို ပြောင်းရွှေ့ရာမှာ အခုလို ထောက်ပံံ့ပေးတာပဲဖြစ်ပါတယ်။

ဒီစီမံချက်မှာ တိုကျိုမြို့ပေါ် ၂၃ ရပ်ကွက်မှာနေနေသူ ဒါမှမဟုတ်၊ Tokyo, Saitama, Chiba, and Kanagawa စတဲ့ တိုကျိုဧရိယာကနေ တိုကျိုမြို့ပေါ် ၂၃ ရပ်ကွက်ကို အလုပ်လာလုပ်နေသူတွေ အကျုံးဝင်ပါတယ်။

နယ်ဒေသ ဒါမှမဟုတ် မဖွံ့ဖြိုးသေးတဲ့ဒေသတွေကို ပြောင်းရွှေ့မယ်ဆိုရင် အခြေအနေအရပ်ရပ်အလိုက် ထောက်ပံ့ကြေးပေးမှာ ဖြစ်ပါတယ်

အခုစီမံချက်ကို လက်ရှိ ရုံးဌာနပေါင်း ၁၃၀၀ မှာစတင်နေပြီဖြစ်ပါတယ်

အိမ်ထောင်စုတစ်စု ပြောင်းရွှေ့မယ်ဆိုရင် ယန်း ၁၀ သိန်းအထိထောက်ပံ့ပေးမယ့်အပြင်၊ ကလေးတစ်ယောက်အတွက် အများဆုံး ယန်း ၃သိန်းအထိ ထပ်ပေးဦးမှာဖြစ်ပါတယ်

ရုံးဌာနအလိုက် ထောက်ပံ့ကြေးကတော့ ကွာခြားသွားမှာဖြစ်ပေမယ့်၊ ကလေးတစ်ယောက်ရှိတဲ့ မိသားစုတစ်စုကို အများဆုံး ယန်း ၁၃ သိန်းအထိ ထောက်ပံ့ပေးသွားမှာပါ

၂၀၂၃ ခုနှစ် ထောက်ပံ့မှုစီမံကိန်းအတွက် ရံပုံငွေ ယန်း ၂ သန်း ချမှတ်ထားပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: