စိုက်ပျိုးထားတဲ့ အပင်တွေကိုမှ ကြိုက်တတ်တဲ့ဘဲတွေကြောင့် စိတ်ညစ်နေရတဲ့ ဂျပန်တွေ

Kumamoto စီရင်စု၊ Tamana မြို့မှာ ဘေးမဲ့လွှတ်ထားတဲ့ တိရိစ္ဆာတွေဟာ ဂျုံခင်းတွေကို လိုက်ဖျက်စီးစားသောက်နေပါတယ်

ငှက်၊ ဘဲ၊ တောရိုင်းတိရိစ္ဆာန်တွေကြောင့်ဖြစ်တဲ့ ပျက်စီးမှုဟာ ၂၀၂၁ မှာ ယန်းငွေ သန်း 540 နီးပါးရှိပြီး၊ ခေါင်းစိမ်းဘဲတွေကြောင့် ပျက်စီးမှုဟာ ၃ပုံတစ်ပုံလောက်ရှိပါတယ်

ဆောင်းတွင်းဆိုရင် အသိုက်ပြောင်းတတ်ကြတာကြောင့် ဖြတ်ပျံကြရင် ဒီထက်ပိုဆိုးလာမယ်လို့ အစိုးရကခန့်မှန်းထားပါတယ်

ခေါင်းစိမ်းဘဲတွေဘာလို့ဒီလောက် ပွားလာတာလဲ?

တစ်ချို့ကတော့ လူတွေစိုက်တဲ့ သီးနှံတွေက ပိုပြီးအရသာရှိတာ တွေ့သွားကြလို့လို့ ပြောနေကြပါတယ်

လယ်သမားတစ်ယောက်ကတော့ “ဂေါ်ဖီထုပ်တွေကို ခေါင်းစိမ်းဘဲတွေက ဆိတ်လိုက်ရင် အပေါ်ယံတင်ပျက်စီးတာမဟုတ်ဘဲ၊ ပေါက်သွားတဲ့နေရာကနေ ဖျန်းထားတဲ့မြေဩဇာတွေက အတွင်းထဲထိဝင်သွားတာကြောင့် ဂေါ်ဖီတစ်ခုလုံးပျက်စီးသွားတာပါ” လို့ညည်းတွားနေပါတယ်

ဒီအခြေအနေကို ထိန်းဖို့အတွက် စီရင်စုအစိုးရက ငှက်တွေဖြတ်မရအောင် လေဆာစက်တပ်တာမျိုးတွေ လုပ်နေတယ်လို့ဆိုပါတယ်

ထိရောက်မယ်လို့တော့ မျှော်လင့်ရတာပါပဲ

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: