ဂျပန်ရဲက တောဝက်ကို “ ကပ်မလာနဲ့ ပစ်မှာ” လို့အော်ပြောပြီး မောင်းထုတ်နိုင်ခဲ့

နာဂိုယာမြို့ မိုရီယာမမှာ ၂၃ ရက်နေ့က နေ့လည် ၂ နာရီ ၄၀ မိနစ်လောက်မှာ လူနေအိမ်ခြေအနီးနားမှာရှိတဲ့  မြစ်ကမ်းနံဘေးမှာ တောဝက်နှစ်ကောင် ရောက်လာခဲ့ပါတယ်

 ဒီဧရိယာမှာ များသောအားဖြင့် တောရိုင်းတိရစ္ဆာန်တွေ မလာတတ်တာကြောင့် ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်

ရဲတပ်ဖွဲ့က လူတွေကို သတိပေးပြီး တောဝက်ကို ကိုင်တွယ်ဖို့ အခင်းဖြစ်ပွားရာနေရာကို ရဲတွေကို စေလွှတ်ခဲ့ပါတယ် 

တောဝက်နှစ်ကောင်ထဲက တစ်ကောင်ဟာ အရှည် ၁ မီတာခန့်ရှိပြီး အထီးဖြစ်ပါတယ်

လူတွေကို တိုက်ခိုက်လာနိုင်တာကြောင့် အခြေအနေကို ကိုင်တွယ်ဖို့ ရဲအရာရှိ ၃၆ ယောက်ကို စေလွှတ်ခဲ့ပါတယ်

ရဲသားဟာ ပစ္စတိုသေနတ်ကို ဆွဲထုတ်ပြီး “ပစ်လိုက်မှာ” လို့ အော်ပြီး တောဝက်ကို မောင်းထုတ်ပါတယ်

ဘာကြောင့်မှန်းမသိ ဒီတိရစ္ဆာန်နှစ်ကောင်ဟာ လူ့အသံကို နားလည်ပြီး ချုံတောထဲကို ပြေးဝင်သွားခဲ့ပါတယ်

ရပ်ကြည့်နေသူများကလည်း ရဲသား၏ ကိုင်တွယ်မှုကို နှစ်သက်ကြပြီး တောရိုင်းတိရိစ္ဆာန်တွေရဲ့ နားလည်နိုင်စွမ်းကိုလည်း အံ့ဩဖွယ်တွေ့ခဲ့ရပါတယ်

ရဲသားရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကြောင့် ဘေးတော့မဖြစ်ခဲ့ပေမယ့်၊ အစိုးရကတော့ တောဝက်တွေဟာ လူနေရပ်ကွက်တွေထဲ လျှောက်သွားနေနိုင်လို့ သတိပေးထားပြီး၊ ဝေးဝေးနေဖို့လည်း ပြောထားပါသေးတယ်

တောရိုင်းတိရိစ္ဆာန်ဆိုတာ အခေါ်အတိုင်းပဲ ရိုင်းတတ်ကြပြီး အလွန်အန္တရာယ်များပါတယ်

သူတို့နဲ့ ထိပ်တိုက်တွေ့ခဲ့ရင် ခပ်ဝေးဝေးက ရှောင်လိုက််တာက ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပြီး၊ တောရိုင်းတိရိစ္ဆာန်လေးတွေရဲ့ အသက်ကို ကယ်ရာလည်းရောက်ပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: