ဂျပန်မှာ နိုင်ငံရေးသမားတွေ အစည်းအဝေးမှာ အိပ်ငိုက်တာကို တားဆီးဖို့ တက်ရောက်လာသူတွေရဲ့ မျက်နှာတွေကို အနီးကပ်ရိုက်ပြတဲ့ နိုင်ငံရေးတွေ့ဆုံပွဲကို တိုက်ရိုက်ထုတ်လွှင့်နေပါတယ်

Chiba စီရင်စု Ichikawa မြို့မှာ နိုင်ငံရေးသမားတွေဟာ မလျော်မကန်ပြုမူရင် မြို့နေပြည်သူတွေက ဝေဖန်ကြပါတယ်

လာဘ်ပေးတာမျိုး၊ ဥပဒေချိုးဖောက်တာမျိုးမပြောနဲ့ အစည်းအဝေးမှာအိပ်တာကိုတောင် ခွင့်မလွှတ်ကြပါဘူး

အစည်းအဝေးခန်းမထဲ ဒီလိုကြီးအိပ်နေရင်တော့ ဘယ်သူကမှ ကြိုက်မှာမဟုတ်ပါဘူး

ရုံးကို တိုင်စာ အရွက် ၁၀၀ လောက်ရောက်လာပါတယ်

 

တော်တော်များများက “ပျင်းတာထက်ကိုပိုတယ်” “အလုပ်လုပ်စမ်း” “ဒီလိုလူတွေ အလုပ်ဖြုတ်သင့်တယ်” ဆိုပြီးပို့ကြတာပါ

အစိုးရရုံးဌာနကလည်း လူတွေအမြင်ပြန်ကြည်အောင်လို့ ဒီလိုကြံစည်လိုက်ကြပါတယ်

 Ichikawa City Council က အစည်းအဝေးကျင်းပတိုင်း Youtube Channel ကနေ live လွှင့်ပါတော့တယ်

အရင်တုန်းက စကားပြောတဲ့လူကို ရိုက်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ အခန်းထဲကို လှည့်ပြနေပြီး နားထောင်နေသူတွေကိုပါ ရိုက်ပါပြတယ်

စက်တင်ဘာလကစပြီး ဒီလို live လွှင့်တာကို စတင်ခဲ့ပြီး မြို့တော်ကောင်စီဥက္ကဌ ဖြစ်သူ Osami Matsuaga က “ဒီလို တိုင်းတာဆောင်ရွက်မှုတွေကြောင့် မြို့တော်ကောင်စီအဖွဲ့ဝင်တွေဟာ ကောင်းမွန်စွာ ပြုမူနေထိုင်ပြီး၊ ကြိုးစားအားထုတ်ကြမယ်။ မြို့နေလူထုရဲ့ ယုံကြည်မှုကို ပြန်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ပြောခဲ့ပါတယ်

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: