“Otaku Chousa” မှာ ဘယ်အပိုင်းကို၊ ဘယ်လောက်တောင် ငွေအကုန်ခံပြီး၊ အချိန်ဘယ်လောက်ပေးလုပ်နေကြလဲ ဆိုတာတွေကို စစ်တမ်းကောက်ထားပါတယ်

Otaku အမျိုးအစားတွေထဲမှာ Idol Otaku, Anime Otaku စတာတွေ အများကြီးရှိပါတယ်

ကိုယ့်ကိုယ်ကိုရော ဘယ်လို Otaku ဖြစ်မယ်လို့တွေးလဲ?

Yano Research Institute ကနေ “Otaku Chousa” ဆိုတဲ့ စစ်တမ်းတစ်ခု ကောက်ကြည့်ခဲ့ပါတယ်

ပျှမ်းမျှလူဦးရေရဲ့ အမျိုးသား၊ အမျိုးသမီး အသက် ၁၅ ကနေ ၆၉ အတွင်းမှာ Otaku အမျိုးအစားပေါင်း ၂၆ မျိုးလောက်ရှိပါတယ်

ဘယ်အမျိုးအစားက အများဆုံးလဲဆိုတော့ 

“Anime” 6.85 သန်း

“Manga” 6.48 သန်း

“Game” 4.54 သန်း

“Idol” 3.61 သန်းခန့်ရှိပါတယ်

Otaku Idol တွေက သူတို့စိတ်ဝင်စားရာမှာ ငွေတွေအများကြီး သုံးတတ်ကြပါတယ်

ကိုယ်ကြိုက်တဲ့ Idol ကို support ပေးဖို့အတွက် ၁ ပတ်ကို ၁၀ နာရီကျော် ၁ နှစ်ကို ယန်း 50,000 ကျော်သုံးကြပါတယ်

အချိန်ကို အသုံးများဆုံးကတော့ Otaku Gamer တွေပါပဲ

ငွေကတော့ ၁ နှစ်ကို ယန်း  48,504 လောက်သုံးပါတယ်

2010 ခုနှစ် July နဲ့ August မှာ online ကနေဒီ စစ်တမ်းကို ကောက်ခဲ့တာဖြစ်ပြီး တိတိကျကျ ဖြေဆိုသူ လူ ၁သောင်း ရှိခဲ့ပါတယ်

“Otaku Chousa” ဆိုတာက ကိုယ့်ကိုယ်ကို Otaku လို့ခံယူထားသူတွေကို တတိယ party ကနေ အသိအမှတ်ပြုတဲ့ စစ်တမ်းလို့ဆိုလိုတာပါ

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: