ဂျပန်နဲ့တရုတ်ဆက်ဆံရေးဟာ ကောင်းလား ဆိုးလား?

၂၀၂၂ ခုနှစ်ဖြစ်တဲ့ ဒီနှစ်ဟာ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေး နှစ် ၅၀ ပြည့်ဆိုတဲ့ အထိမ်းအမှတ်ပွဲလုပ်သင့်တဲ့နှစ်ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့မှာ နှစ် ၅၀ ပြည့်သွားပေမယ့် ပွဲကြီးကြီးမားမားလည်း မလုပ်ဘဲ ဖြတ်သန်းရတဲ့အကြောင်းအရင်းကတော့ ဂျပန်နဲ့ တရုတ်အကြား ဆက်ဆံရေးမကောင်းလို့ဖြစ်ပါတယ်။

အတိတ်ကို နည်းနည်းလောက် ပြန်သွားကြည့်ရအောင်

သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းဆိုတာ ဂျပန်ဘာသာစကားအနေနဲ့ ထူးခြားတဲ့စာလုံးဖြစ်လို့နေပါတယ်။

ပြန်လည်ထူထောင်ခြင်းဆိုတာမှာ အရင်က မကောင်းခဲ့လို့ အခုပြန်လည်ထူထောင်ရတယ်ဆိုတဲ့အဓိပ္ပာယ်ပါဝင်နေပါတယ်

သံတမန်ဆက်ဆံရေးပြန်လည်မထူထောင်ခင်ကတည်းက ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံပြီးတော့ ထိုင်ဝမ်နဲ့ပါ သံတမန်အဆက်အဆံရှိခဲ့ပါတယ်

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၅၀ မတိုင်မှီမှာ ထိုင်ဝမ်နဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်ပြီး တရုတ်နိုင်ငံနဲ့ပဲ သံတမန်အဆက်အသွယ်လုပ်ခြင်းကို သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းလို့ ခေါ်ဆိုလိုက်တာဖြစ်ပါတယ်။

ဒါဆိုရင် ဒီအရှေ့က ဘာတွေဖြစ်ပွားခဲ့တာလဲ

တရုတ်နဲ့ ဂျပန်နိုင်ငံဆက်ဆံရေးမှာ နှစ်ပေါင်း ၁၄၀၀ ကျော်ကြာ သမိုင်းရှိခဲ့ပါတယ်။

ဒါပေမယ့် ခေတ်သစ်သံတမန်ဆက်ဆံရေးနဲ့ဆက်ဆံကြတဲ့ အစိုးရအကြား ဆက်ဆံရေးကာလဟာ အတော်လေး တိုတောင်းပါတယ်။

အရင်က ဂျပန်နိုင်ငံထက် ပိုမိုဖွံ့ဖြိုးခဲ့တဲ့လက်ရှိတရုတ်ဒေသကို ဂျပန်လူမျိုးတော်တော်များများက ပညာတော်သင်ဖို့ သွားခဲ့ကြပါတယ်။

ဒါပေမယ့် ဒါဟာလဲ ကာလသတ်သတ်မှတ်မှတ်မရှိတဲ့အပြင် ဂျပန်နိုင်ငံကနေသာ တရုတ်ဘက်ကို ဆက်ဆံတဲ့ တစ်ဖက်တည်းဆက်ဆံရေးဖြစ်တဲ့အတွက် သံတမန်ဆက်ဆံရေးလို့ခေါ်ဆိုရဖို့လည်း ခက်ပြန်ပါတယ်။

ဒါအပြင် ၁၀ ရာစုအစပိုင်းလောက်မှာ အဲ့ဒီဖလှယ်မှုတွေလည်း ပြတ်တောက်သွားပြီး ဆက်ဆံရေးတွေလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ သေးငယ်တဲ့ဆက်ဆံရေးရှိခဲ့ပေမယ့် ကြီးကြီးမားမား အားတက်စရာမရှိဘဲ မွန်ဂိုတို့ရဲ့ကျူးကျော်မှုဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ တရုတ်နဲ့ ဂျပန်အကြား ဆက်ဆံရေးဟာ ပိုမိုကျဲတောက်လာခဲ့ပါတယ်။

နောက်တစ်ခုကတော့ ဂျပန်ဘက်ကနေ တရုတ်ဘက်ကို ရန်စတဲ့လုပ်ရပ်ဖြစ်ပါတယ်။

တိုရောတိုမိ ဟိဒဲရောရှိအမည်ရှိ တပ်မှူးတစ်ဦး တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း တရုတ်နိုင်ငံဆီကို ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများ ဝင်ရောက်လာကြပြီး ခက်ခဲနေတဲ့အချိန်မှာ ဂျပန်နိုင်ငံဟာလည်း မိမိနယ်မြေကို ကာကွယ်ဖို့ စစ်ပွဲတိုက်ခိုက်ရပြန်ပါတယ်။

ဒါက ဂျပန်နိုင်ငံရဲ့ ရန်စမှု ဖြစ်သွားပါတယ်။

အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့အပြင် ယဉ်ကျေးမှုအရပါ အမျိုးမျိုးအမွေဆက်ဆံလာကြတဲ့ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံဟာ

ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးရှိမယ်ဆိုရင် အာရှဒေသကြီးဟာ ပိုမိုတည်ငြိမ်အေးချမ်းလာမယ်လို့ထင်ရပေမယ့် အတိတ်ကိုကြည့်ရင်ရော လက်ရှိအခြေအနေကိုပါကြည့်ရင်ပါ ဒီလိုဖြစ်ဖို့ ခက်ခဲမယ်လို့ထင်မှတ်ရပါတော့တယ်

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: