တိုကျိုမြို့ပေါ်က အဆင့်မြင့်စားသောက်ဆိုင်တစ်ခုမှဖြစ်ခဲ့တဲ့ ဂိုဏ်းဖွဲ့ရန်ပွဲ

Tokyo မြို့ Ikebukuro မှာရှိတဲ့ အထပ်မြင့်အဆောက်အဦမှာ ဖွင့်ထားတဲ့ Sunshine 60 ဆိုတဲ့စားသောက်ဆိုင်မှာ ဧည့်သည်အချင်းချင်းရန်ဖြစ်တာ လူအယောက် ၁၀၀ လောက်ပါခဲ့တယ်လို့ဆိုပါတယ်
လူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်
ဂိုဏ်းတစ်ခုခုနဲ့ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတာကြောင့် ရဲတွေကလည်း ဒီကိစ္စကို စုံစမ်းနေပါတယ်
ဖြစ်ခဲ့တာကတော့ ၁၆ ရက်ညနေ့ ညနေ ၆နာရီခွဲလောက်မှာ အထပ်မြင့်အဆောက်အဦရဲ့ ၅၈ ထပ်မှာဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခုမှာ “ဧည့်သည်အချင်းချင်းရန်ဖြစ်တာပါ” လို့ တိုကျိုရဲဌာနကပြောပါတယ်
ရဲတွေရောက်လာတဲ့အခါမှာ အသက် ၂၀ ဝန်းကျင်အရွယ်ဧည့်သည်တစ်ယောက်ဟာ ခေါင်းမှာသွေးထွက်နေခဲ့ပြီး အခြားဒဏ်ရာအနည်းငယ် ရနေတာကို တွေ့ခဲ့ရပါတယ်
ရဲတွေရောက်လာတော့ လူ ၁၀၀ လောက်ရှိနေခဲ့တယ်ဆိုတဲ့ စားသောက်ပွဲကြီးမှာ တော်တော်များများက ပြန်သွားခဲ့ပါပြီ
စားသောက်ဆိုင်က တာဝန်ရှိသူရဲ့ ပြောစကားအရ တစ်ဆိုင်လုံး အဲ့ဒီ ဂိုဏ်းကလူတွေပဲရှိနေခဲ့ပြီး တခြားဧည့်သည် ရှိမနေခဲ့ပါဘူး
ရဲကလည်း အခုထိတော့ ဘယ်သူ့ကိုမှ ဖမ်းမထားသေးပါဘူး
စုံစမ်းနေဆဲလို့ပဲပြောပါတယ်
ရဲတွေသွားကြည့်တဲ့အခါမှာတော့ ဘီယာပုလင်း၊ ဖန်ခွက်အကွဲတွေပဲ တွေ့ခဲ့ရတယ်လို့ပြောပါတယ်
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: