Yu-Gi-Oh! ကိုဖန်တီးခဲ့သူ၏ သေဆုံးမှုအကြောင်းအရင်း

“သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သူ”
ပြီးခဲ့တဲ့နွေရာသီတုန်းက Manga Anime fan အသိုင်းအဝိုင်းမှာ
Yu-Gi-Oh! Manga ကိုရေးခဲ့တဲ့ Kazuki Takahashi သေဆုံးသွားတဲ့သတင်းကြောင့် အားလုံး ရှော့ခ်ရသွားခဲ့ပါတယ်
သေမှုသေခင်းက ပုံမှန်မဟုတ်ဘဲ သူ့အလောင်းကို Okinawa ကမ်းခြေမှာ မျောပါလာတာတွေ့တာကြောင့်ပဲဖြစ်ပါတယ်
အသက် ၆၀ ရှိပြီးဖြစ်တဲ့သူဟာ Okinawa ကိုအပန်းဖြေခရီးထွက်လာရင်း ရေနစ်တယ်လို့ ဆိုကြပါတယ်
ဒါပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို Stars and Stripes | The U.S. military’s independent news source.ရဲ့အင်တာဗျူးတစ်ခုမှာ Army Major Robert Bourgeau ကအသေးစိတ်ရှင်းပြခဲ့လို့ သိခဲ့ရပါတယ်
ဇူလိုင်လ ၄ရက်နေ့ညနေခင်းအချိန်တစ်ခုမှာ စကူဘာနည်းပြဖြစ်တဲ့ Bourgeau ဟာ Onna ရွာအနီးက ပင်လယ်ကမ်းစပ်မှာ တပည့်နှစ်ယောက်ကို ရေကူးသင်ပေးနေခဲ့ပါတယ်
အတန်းမစခင်မှာပဲ ပင်လယ်ရေပြင်ဘက်ကနေ ဂျပန်အမျိုးသမီးတစ်ဦး အော်ဟစ်အကူအညီတောင်းနေတာကို တွေ့လိုက်ပါတယ်
အဲ့ဒီအမျိုးသမီးဟာ အမျိုးသားနဲ့ ၁၁နှစ်အရွယ်သမီးတို့နဲ့အတူ ရေငုပ်ဖို့လာခဲ့တာပါ
သူတို့မိသားစုဟာ 91.4 meters အမြင့်ရှိတဲ့ ရေလှိုင်းနဲ့ပါသွားခဲ့တာပါ
 Bourgeau နဲ့ကျောင်းသားတစ်ယောက်က ရေထဲဆင်းပြီး ကယ်ခဲ့ပါတယ်
အဲ့ဒီနားမှာ Takahashi ကလည်း အဲ့ဒီနားမှာရှိနေခဲ့တော့ ကယ်ဖို့ ရေထဲလိုက်ဆင်းခဲ့ပါတယ်
သားအမိနှစ်ယောက်ကိုတော့ Bourgeau ကကယ်လိုက်နိုင်ပြီး၊ အမျိုးသားကိုပါ ဘေးကင်းရာကို ပို့ပေးနိုင်ခဲ့ပါတယ်
ဝမ်းနည်းစရာကောင်းတာက Takahashi ကတော့ ကမ်းပေါ်ပြန်တက်မလာတော့တာပါပဲ
၃ရက်အကြာမှာ သူ့အလောင်းကို ပြန်တွေ့ခဲ့ပြီး သူ့ရဲ့ကားကိုလည်း အခင်းဖြစ်ရာနေရာနဲ့ မနီးမဝေးမှာ ရပ်ထားတာတွေ့ခဲ့ပါတယ်
Bourgeau ကိုယ်တိုင်ကလည်း Takahashi ရေထဲဆင်းသွားတာကို မမြင်လိုက်ပေမယ့် ကျောင်းသားလေးရဲ့ ပြောပြချက်ကြောင့် Takahashi ရဲ့ကြိုးပမ်းမှုကို ခံစားရမိတယ်လို့ဆိုပါတယ်
Bourgeau ကိုလည်း အသက်ကယ်ဆယ်ပေးတဲ့အတွက် ဆုတွေပေးခဲ့ပြီး Takahashi အကြောင်းနဲ့ပတ်သက်ပြီး “သူက သူရဲကောင်းတစ်ယောက်ပါ။ တစ်ခြားသူတစ်ယောက်ရဲ့ အသက်ကိုကယ်ဆယ်ဖို့ ကြိုးစားရင်း သေဆုံးသွားခဲ့ရတာပါ” လို့ပြောခဲ့ပါတယ်
Takahashi သေဆုံးသွားတဲ့သတင်းဟာ Anime ဖန်တွေအတွက် အရမ်းကိုထိတ်လန့်သွားစေခဲ့ပါတယ်
ဒါပေမယ့် အခုဆိုရင်တော့ သူဘာကြောင့်သေခဲ့ရတယ်ဆိုတာ သိလိုက်ရပြီဖြစ်တာကြောင့် သို့လောသို့လောတွေ ဖြစ်မနေကြတော့ပါဘူး
သူ့ရဲ့လုပ်ရပ်ဟာ လူငယ်ပရိတ်သတ်တွေကို အများကြီးလွှမ်းမိုးမှုရှိစေခဲ့ပါတယ်
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: