အာကာသထဲကနေ ငွေလိမ်ခံလိုက်ရသူ – ရုရှားအာကာသယာဥ်မှူးကို ကမ္ဘာကိုပြန်ခေါ်ဖို့ ငွေတွေပုံပေးခဲ့တဲ့ ဂျပန်အမျိုးသမီး

ရဲတွေဟာ ဂျပန်နိုင်ငံအလယ်ပိုင်းမှာနေတဲ့ အမျိုးသမီးတစ်ယောက်ကို ငွေအလိမ်ခံရမှုနဲ့ ဆက်စပ်ပြီး စစ်ဆေးနေပါတယ်
နိုင်ငံတကာအာကာသစခန်းမှာရှိနေတဲ့ ရုရှားအာကာသယာဥ်မှူးဆိုတဲ့သူဆီမှာ ယန်း 4.4 သန်းတောင် အလိမ်ခံလိုက်ရတာပါ
ကမ္ဘာကိုပြန်ဖို့ ပိုက်ဆံလိုတာကြောင့် ငွေတောင်းတာဖြစ်ပြီး၊ ကမ္ဘာမြေပေါ်ရောက်တာနဲ့ လက်ထပ်ကြမယ်လို့ ပြောထားတယ်လို့ဆိုပါတယ်
Shiga မှာနေနေတဲ့ အသက် ၆၅ နှစ်အရွယ် ဂျပန်အမျိုးသမီးပဲဖြစ်ပါတယ်
ရဲတွေရဲ့ပြောကြားချက်အရ တစ်ဖက်လူနဲ့ အင်စတာဂရမ်မှာ ဂျွန်လလောက်က စပြီးရင်းနှီးတာပါ
အဲ့ဒီကနေ Line မှာဆက်ပြီး ဆက်သွယ်ဖြစ်ကြပါတယ်
တစ်ဖက်လူက သူ့ကိုသူ ရုရှားအာကာသယာဥ်မှူးလို့ပြောထားပြီး သူမကိုဘယ်လောက်ချစ်ကြောင်း ထပ်ခါထပ်ခါ ပြောပြီး၊ ကမ္ဘာပေါ်ကို ပြန်ရောက်တာနဲ့ လက်ထပ်ပြီး၊ ဂျပန်မှာပဲ ဘဝအသစ်စချင်တယ်လို့ ပြောထားတာတွေ တွေ့ခဲ့ရပါတယ်
သံသယရှိသူက အမျိုးသမီးဆီကို ကမ္ဘာကိုပြန်ဖို့အတွက် “ ဆင်းသက်စရိတ်” လိုနေတယ်လို့ပြောပါတယ်
အမျိုးသမီးကလည်း တစ်ဖက်ကပေးလာတဲ့ ဘဏ်အကောင့်ထဲကို ဩဂုတ်လနဲ့ စက်တင်ဘာလကြားမှာ ငွေတွေလွှဲပေးလိုက်ပါတယ်
ဒါပေမယ့် ငွေတွေဆက်တိုက်တောင်းလာတော့ သံသယဝင်လာပြီး ရဲကိုတိုင်လိုက်တာပါ
“သူနဲ့စကားပြောတုန်းက NASA ဆိုလား JAXA ဆိုလားတော့ပြောတယ်” လို့အဆိုပါအမျိုးသမီးက ပြောခဲ့ပါတ​ယ်
Amazing ပါပဲ
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: