လွန်ခဲ့တဲ့ ၇၇ ခုနှစ်က နျူကလီးယားဗုံး ကြဲခံရတဲ့နေ့အကြောင်း

ဂျပန်နိုင်ငံ၏ ပူပြင်းသောနွေရာသီမှာ နှစ်တိုင်းရောက်လာတာကတော့ ဟီရိုရှီးမားနှင့် နာဂါဆာကီကို အနျူမြူဗုံးကြဲချသည့်နေ့ဖြစ်ပါတယ်။

နျူကလီးယားဗုံးတွေဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါဆာကီမှာ ကျရောက်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။

အဲ့နေ့မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို ကြည့်လိုက်ရအောင်

အဏုမြူဗုံး ထုတ်လုပ်ရေး စီမံကိန်း၊ Manhattan Project ရဲ့ တာဝန်ခံဆီကို

ဟီရိုရှီးမား၊ ခိုခုရ ဒါမှမဟုတ် နဂဆခီ တစ်မြို့မို့မှာ

သြဂုတ်လ ၃ ရက် နေ့အလင်းရောင်ရှိတဲ့နေ့မှာ “အထူးဗုံး” ကို ကြဲချပါ

ဆိုတဲ့ အမိန့်ရောက်လာခဲ့ပါတယ်

ဘာလို့ အဲ့မြို့တွေကို ရွေးချယ်ထားတာလဲ?

ထိုအချိန်က ဂျပန်တစ်ဝှမ်းလုံးမှာရှိတဲ့မြို့တွေဟာ အမေရိကန်စစ်တပ်ရဲ့ ပြင်းထန်စွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည်။

အမေရိကန်ရဲ့ရည်ရွယ်ချက်က မြို့ကြီးတွေကို အနျူမြူဗုံးတွေ ကျဲချလိုက်ရင် ဘယ်လိုဖြစ်သွားမလဲဆိုတာကို သိချင်လို့ဖြစ်ပါတယ်။

ကျဲချပြီးတဲ့နောက် ပေါက်ကွဲခြင်းသက်ရောက်မှုကို စစ်ဆေး၊ မှတ်တမ်းတင်ဖို့ဆိုတဲ့ အမိန့်လည်း ထွက်လာခဲ့ပါတယ်။

ဒါဟာ လုံးဝ စမ်းသပ်မှုကြီးတစ်ခုပါ။

ဟီရိုရှီးမားရဲ့ မြို့လယ်ကောင်တည့်တည့်ကို ပစ်မှတ်ထားပြီး မြို့ရဲ့အထက် မီတာ ၆၀၀ အကွာမှာ ပေါက်ကွဲခဲ့ပြီး ဟီရိုရှီးမားကို မီးတောက်လောင်စေခဲ့ပါတယ်။

ပေါက်ကွဲတဲ့အချိန်မှာ ဓာတ်ရောင်ခြည်များ ထွက်လာပြီး တောက်ပနေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပြင်းထန်တဲ့ပေါက်ကွဲသံတစ်ခုအဖြစ် တုန်လှုပ်ချောက်ချားမှုတစ်ခုကို ဖန်တီးခဲ့ပါတယ်။

တလက်လက်တောက်ပ (ဂျပန်အသံထွက် – Pika) ပြီး ဒုန်း (ဂျပန်အသံထွက် – Don) ဆိုတဲ့အသံအတူ လက်နက်အသစ်အကြောင်းကို မသိကြတဲ့ ဟိရိုးရှီးမားပြည်သူတွေကတော့ Pikadon လို့ ခေါ်ဆိုခဲ့ကြပါတယ်။

ပေါက်ကွဲမှုအနီးအနားက သံနဲ့ မှန်တွေ အငွေ့ပျံသွားလောက်တဲ့ အပူဒဏ်ကို ခံရပြီး ပြင်းထန်လှတဲ့ အပူရောင်ခြည်တွေကြောင့် နေအိမ်တွင်းရှိလူတွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ လောင်ကျွမ်းကုန်ပြီး အပူရှိန်ပြင်းထန်လွန်းတာကြောင့် ရေဓာတ်တွေဟာ အငွေ့ပြန်ကုန်ပြီး မဲကျွမ်းကုန်ကြပါတယ်။

မြို့ထဲက ဟိုဟိုဒီဒီမှာလည်း မီးလောင်ကျွမ်းခဲ့တဲ့ခန္ဓာကိုယ်တွေဟာ ဟိုဟိုဒီဒီ နေရာအနှံ ပြန့်ကျဲနေကြပါတယ်။

3.5 ကီလိုမီတာ အကွာအဝေးမှာရှိမယ်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းပြီး ပုခုံးကနေ လက်များအထိ အရေပြားတွေက ကျွတ်ထွက်ကာ လက်ချောင်းတွေကနေ အဲ့ဒီအရေခွံတွေက တွဲကျနေပါတယ်။

အဲ့ဒီအရေပြားဟာ မြေပြင်ကို ထိတဲ့အခါ အလွန်အမင်းနာကျင်ရတဲ့အတွက် လက်မောင်းကို ဆန့်တန်းပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။

အဲဒီအခြေအနေမှာ အရှိန်အပြည့်နဲ့ မပြေးနိုင်သလို ဘယ်ကိုသွားရမလဲတောင် သိနိုင်မှာမဟုတ်ပါဘူး။

တစ္ဆေသရဲတွေလို မြို့အနှံ့ လှည့်ပတ်သွားလာနေသူတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။

ဒါ့အပြင် ပေါက်ကွဲမှုကြောင့် ရေဒီယိုသတ္တိကြွပစ္စည်းတွေဟာ မိုးဖြစ်လာပြီး ရွာသွန်းလာပါတယ်။

အနက်ရောင်မိုးတွေလို့ဆိုပါတယ်။

အဲ့ဒီမိုးကြောင့် ဗုံးကြဲပြီးနောက် လာရောက်ကူညီပေးကြတဲ့သူတွေကိုပါ ရေဒီယိုသတ္တိကြွဘေးအန္တရာယ်ဖြစ်စေခဲ့ပြီး နောက်ဆက်တွဲ ဘေးဥပဒ်အဖြစ် ခံစားခဲ့ရပါတယ်။

ဒီကောင်လေး ဘာလုပ်နေလဲဆိုတာ သိပါသလား?

ဆုံးပါးသွားတဲ့သူ့ညီလေးကို ကျောမှာ ထမ်းပိုးထားတာဖြစ်ပြီး

သူ့ရှေ့မှာရှိနေတာကတော့ မီးသဂြိုလ်တဲ့နေရာဖြစ်ပါတယ်။

ဟုတ်ပါတယ် သူ့ညီလေးရဲ့ ရုပ်အလောင်းကို မီးသဂြိုလ်ဖို့ တန်းစီစောင့်နေတာဖြစ်ပါတယ်။

ဘယ်လိုခံစားနေရမလဲ

သူ့မျက်နှာအသွင်အပြင်ဟာ ကျွန်တော်တို့နှလုံးသားထဲကို စူးစူးနှစ်နှစ် ခံစားစေရပါတယ်။

နောက်သုံးရက်အကြာမှာတော့ နာဂါဆာကီတွင် နောက်ထပ် အနျူမြူဗုံး ကြဲချခဲ့ပါတယ်။

ဘာလို့ နှစ်ကြိမ်တောင် ကျဲချနိုင်ရတာလဲ?

သူတို့က ဗုံးအမျိုးအစား ၂ မျိုးကို တီထွင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဘယ်အမျိုးအစားက ဘယ်လောက်ထိ ပြင်းအားရှိတယ်ဆိုတာ စမ်းသပ်ချင်လို့ဖြစ်ပါတယ်။

စစ်ရှုံးတာ သေချာသလောက်ဖြစ်နေတဲ့ဂျပန်ကို ဒီလိုတိုက်ခိုက်ဖို့ မလိုအပ်ခဲ့ပါဘူး။

သူတို့ဟာ စစ်ပြီးတဲ့နောက် အာဏာရရှိရေးမှာ အောင်နိုင်သူတွေဖြစ်ဖို့ ဂျပန်မှာ ဗုံးကြဲစမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။

စစ်ပွဲပြီးဆုံးတဲ့နောက် အမေရိကန်စစ်တပ်ဟာ ကွင်းဆင်းလေ့လာမှုကို ချက်ချင်းလုပ်ဆောင်ခဲ့ပြီး ဂျပန်နိုင်ငံက စစ်ဆေးစုဆောင်းထားတဲ့ပစ္စည်းတွေကို သိမ်းဆည်းကာ ဓာတ်ပုံနဲ့ ဗီဒီယိုများစတာတွေကိုလည်း သိမ်းဆည်းသွားပြီး ၎င်းတို့ရဲ့ကိုယ်ပိုင်သုတေသနအတွက် အသုံးပြုခဲ့ကြပါတယ်။

စစ်ပွဲကို ရပ်တန့်သင့်ပေမယ့် သာမန်ပြည်သူအရပ်သားတွေကို သေဆုံးစေတဲ့လုပ်ဆောင်မှုဟာ လူသတ်မှုပဲ ဖြစ်ပါတယ်။

ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှုကြောင့် အရပ်သားများကို နှစ်ရှည်လများ ထိခိုက်စေတဲ့ နျူကလီးယားလက်နက်တွေကို ထပ်ပြီးအသုံးမပြုသင့်တော့ပါဘူး။

ဒီလိုဝမ်းနည်းဖွယ်ဖြစ်ရပ် နောက်တစ်ကြိမ်ထပ်မဖြစ်စေဖို့ပဲ ဆုတောင်းနေမိပါတော့တယ်

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: