တွေ့ရာသတ်တဲ့ လူသတ်သမားလား ? မဟုတ်ဘူး၊ ဆူရှီစားဖိုမှူးပါ

2022 ခုနှစ် သြဂုတ်လ 26 ရက်နေ့ ညနေ တိုကျိုမြို့ပေါ်က ရထားထဲမှာ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်

မီးဖိုချောင်သုံး ဓားကြီးတစ်ချောင်း ရထားပေါ်က အမျိုးသားတစ်ဦး အိတ်ထဲက ပြုတ်ကျပြီး မြင်သူ ခရီးသည်များထိတ်လန့်ကာ တွေ့ရာသတ်တဲ့ လူသတ်သမားပါလာတယ်လို့ထင်ပြီး လန့်သွားကြပါတယ်

မီးဖိုချောင်သုံးဓားကို ပထမဆုံးမြင်လိုက်ရတဲ့ ခရီးသည်များ ထိတ်လန့်သွားပြီး တံခါးဖွင့်ဖို့ အရေးပေါ်ခလုတ်ကို အမျိုးသားတစ်ဦးက သွားနှိပ်လိုက်လို့ ရထား အရေးပေါ် ရပ်တန့်သွားပါတယ်

ဒီလိုင်းဟာ အဝင်နှင့်အထွက်လိုင်းနှစ်ခုလုံး ရပ်တန့်သွားခဲ့ပါတယ်

 

ရထားဘူတာရုံတစ်ခုရောက်နေတော့ တံခါးပေါက်ကနေ ပြေးထွက်လာကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်

အကြောင်းအရင်းကတော့ ရီစရာပါပဲ

 

ဆူရှီစားဖိုမှူးတစ်ယောက် ကိုင်ထားတဲ့ အိတ်ထဲက ဓားတစ်ချောင်း ပြုတ်ကျပြီး ထိုင်ခုံမှာ ထိုင်ရင်း အိပ်ပျော်သွားခဲ့တာပါ

ဒါက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းပါပဲ

 

တွစ်တာမှာ ရထားထဲမှာ ဓားနဲ့ထိုးတဲ့လူရှိနေတယ်” ဆိုတဲ့ ပို့စ်တစ်ခုလည်းတက်လာပြီး၊ တွေ့ရာလူသတ်တတ်တဲ့လူဖြစ်မနေတာ တော်သေးတာပေါ့

 

အစ်ကိုကြီး မီးဖိုချောင်သုံးဓားကျနေပြီ လောက်နဲ့ပြီးသွားတာကတော့ ဂျပန်မှာ မကြာသေးမီက လုံခြုံရေးယိုယွင်းမှုကြောင့်ပါပဲ

 

မနေ့တနေ့ကပဲ ရှီဘူယာမှာ လမ်းသွားလမ်းလာ လူစိမ်းတစ်ယောက် ဓားနဲ့ခုတ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါသေးတယ်

ဒီလိုတွေကြားထားရမှတော့ လန့်ကြတာမဆန်းပါဘူး

 

ရလဒ်က ရယ်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ ဇာတ်လမ်းဖြစ်ပေမယ့် အဓိက ပြဿနာကတော့ ဂျပန်နိုင်ငံရဲ့အမှောင်ဘက်အခြမ်းဆိုတဲ့ ပြဿနာပါပဲ

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: