ဂျပန်မှာ ညစ်ညမ်းဗီဒီယိုတွေ ပျောက်ကွယ်တော့မှာလား? အသစ်ချမှတ်လိုက်တဲ့ ဥပဒေကြောင့် Adult film လောကကို အခက်တွေ့စေပါတော့မယ်

ကြိုက်၊ မကြိုက်ရော၊ ကောင်းတာမကောင်းတာရော ဆုံးဖြတ်ခံရမှုတွေကြားမှာ ဂျပန်ရဲ့ညစ်ညမ်းဗီဒီယိုတွေဟာ ကမ္ဘာတစ်ဝန်း လူကြိုက်များတာကတော့ အမှန်ပါပဲ

Anime နည်းတူ လူကြိုက်များကြတဲ့ လူကြီးဗီဒီယိုတွေ။

ဒီထဲမှာ ပြစ်မှုမြောက်တဲ့ အန္တရာယ်ရှိအရာတွေကို ရိုက်ကြတာမျိုးပါရှိနေတော့ သရုပ်ဆောင်အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် ဥပဒေအသစ်တစ်ခု ချမှတ်လိုက်ပါတယ်

ဒါပေမယ့် ဒီဥပဒေက သရုပ်ဆောင်မိန်းကလေးတွေကို ပိုအခက်တွေ့သွားစေခဲ့ပါတယ်

AV သရုပ်ဆောင်ထိခိုက်မှုတားဆီးရေး၊ ကယ်ဆယ်ရေးဥပဒေ (အများအခေါ် AV ဥပဒေအသစ်) ကို ၂၀၂၂ ခုနှစ် ဇွန်လမှာ ချမှတ်လိုက်ပါတယ်

နာမည်အတိုင်းပဲ သရုပ်ဆောင်မိန်းကလေးတွေကို ကာကွယ်ဖို့အတွက် ချမှတ်ထားတဲ့ ဥပဒေဖြစ်ပေမယ့်၊ ဒါကိုကန့်ကွက်နေကြတဲ့ နာမည်ကြီး AV သရုပ်ဆောင်မိန်းကလေးတွေဟာ ဥပဒေပြင်ဆင်ဖို့ လက်မှတ်ထိုးကမ်ပိန်းတွေ လုပ်နေကြပါတယ်

သူတို့ထဲက တစ်ယောက်ကတော့ Ms.Amatsuka Moe ပဲဖြစ်ပါတယ်

ဥပဒေအသစ်မှာ အလောတကြီး စာချုပ်တွေချုပ်ပြီး စာချုပ်ကြီးအတိုင်းပဲ ဗီဒီယိုတွေ ရိုက်ပေးနေရတာမျိုး မဖြစ်ရအောင်၊ ပြောထားတာနဲ့ လက်တွေ့ရိုက်ရတာနဲ့ လွဲမနေရအောင်၊ ဆိုတဲ့ စည်းမျဥ်းတွေ ထည့်ထားပေးပေမယ့် ဒါကပဲ အလုပ်လုပ်ရခက်သွားစေတာပါ

ဒီဥပဒေဟာ သရုပ်ဆောင်အမျိုးသားတွေ အတွက်လည်း အကျုံးဝင်ပါတယ်

ဥပမာ သရုပ်ဆောင်အမျိုးသားဟာ ကိုရိုနာဗိုင်းရပ်အနီးကပ်ထိတွေ့မိသူ ဖြစ်သွားခဲ့ရင် ဗီဒီယိုမရိုက်နိုင်တော့တာကြောင့် စာချုပ်အသစ်ချူပ်ဆိုရပါတယ်

သရုပ်ဆောင်အသစ် ဆုံးဖြတ်ပြီးရင်တောင်မှ စာချုပ်အသစ်ချုပ်ရပြီး ချုပ်တဲ့အချိန်ကနေ တစ်လအတွင်း ဘာကားမှမရိုက်ရဘူးလို့ သတ်မှတ်ခံထားရတာပါ

ဘာအကြောင်းကြောင့်ပဲနားနား ရပ်နားလိုက်တာနဲ့ ၁လလုံးဘာကိုမှ မရိုက်ရတော့တာပါ

၁လစောင့်ပြီးတော့လည်း နောက်ထပ်များထပ်အကူးခံရရင် ဘယ်အချိန်မှ ရိုက်ရတော့မယ်မှန်း မသိတော့ပါဘူး

မရိုက်ရတော့ဘူးဆိုတော့ ကင်မရာမန်းနဲ့ အသံဖမ်းသမားတွေပါ ဝင်ငွေမရှိတော့ပါဘူး

ပြီးတော့ ဇာတ်ကားတစ်ခုရိုက်ပြီးတဲ့အချိန်ကနေ ၄ လကြာတဲ့အထိ public ကိုထုတ်မပြရဘူးဆိုတဲ့ စည်းမျဥ်းကလည်း ရှိနေပြန်ပါသေးတယ်

ငယ်ရွယ်လှပတုန်း ငွေရှာထားချင်တဲ့ မိန်းကလေးတွေအတွက် ဒီစောင့်ရတဲ့အချိန်က ခက်ခဲပြီး၊ ဒီလေးလလုံးလည်း ငွေကရမှာမဟုတ်ပါဘူး

ရိုက်ထားတာအတွက်လည်း ငွေကိုကြိုရှင်းထားပေးလားဆိုတော့ မပေးထားပါဘူး

သရုပ်ဆောင်တွေအတွက် ချမှတ်ပေးတဲ့ ဥပဒေဖြစ်ပေမယ့် ပိုပြီးကို အခက်တွေ့သွားစေပါတယ်

ဘယ်လိုဖြစ်သွားမလဲ?

အခုက ဩဂုတ်လရောက်ပြီနော်

အခုရိုက်ထားတဲ့ဗီဒီယိုကို ဒီဇင်ဘာလမှာ ထုတ်ဝေပါမယ်

စာချုပ်ချုပ်ပြီးရာကနေ ၁လအကြာကလည်း ဘာမှမရိုက်ရဘူးဆိုတော့ နောက်ထပ်တစ်လ public ပြဖို့ကြာပါဦးမယ်

ဇွန်လတုန်းကချမှတ်လိုက်တဲ့ ဥပဒေဆိုတော့ ဒီနှစ် ဆောင်းဦးကစပြီး ဂျပန် AV တွေဈေးကွက်မှာ မလုံလောက်တော့မှာ အမှန်ပါပဲ

ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိတဲ့ ဥပဒေလို့တော့ထင်ပေမယ့်၊ ရှေ့ဆက်ဘာတွေဖြစ်လာနိုင်မလဲ?

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: