ယန်းငွေတန်ဖိုး ကျဆင်းတာ အကောင်းဘက်ရောက်သွားတဲ့ UNIQLO ရဲ့လက်ရာမြောက်ဂိမ်းဗျူဟာ

ကိုရိုနာပြီးရင် ဂျပန်ကို စောင့်ကြိုနေတဲ့ နောက်ထပ် ထိတ်လန့်စရာတစ်ခုကတော့ ယန်းငွေ တန်ဖိုးကျဆင်းခြင်းပါပဲ။

လက်ရှိ စျေးကွက်ပေါက်ဈေးဟာ တစ်ဒေါ်လာကို ၁၃၆ ယန်းမှ ၁၃၇ ယန်းဝန်းကျင်မှာ အတက်အကျရှိပြီးတော့၊ ဂျပန်ယန်းတန်ဖိုးက ၁၆၀ ယန်းအထိ ကျဆင်းသွားဖွယ်ရှိတယ်လို့ ပြောနေကြပါတယ်

ဒီလိုဖြစ်သွားတဲ့အခါ ဘာဖြစ်မလဲ?

ဂျပန်နိုင်ငံသို့ ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းတဲ့အခါ ဈေးကြီးသွားပါမယ်

USD 100 ထုတ်ကုန်တစ်ခုဟာ ယန်း 11,000 ကျသင့်သော်လည်း 16,000 ယန်းဖြစ်သွားမှာပါ

သွင်းကုန်အပေါ် မှီခိုနေရတဲ့ ဂျပန်နိုင်ငံမှာ စရိတ်စက အလွန်မြင့်တက်ပြီး ထုတ်ကုန်အားလုံး စျေးတက်သွားပေမယ့် လစာကတော့ တက်မလာဘဲ ကျသွားတဲ့နေရာတွေတောင် ရှိနေပါတယ်

ဒီအတိုင်းဆိုရင် ယန်းငွေတန်ဖိုး ကျတာက အကျိုးရှိပါတယ်

ဂျပန်ထုတ်ကုန်တွေကို ပြည်ပကို တင်ပို့တာ ဒါမှမဟုတ် နိုင်ငံခြားသားတွေ ဂျပန်ကို လာတဲ့အခါ စျေးပိုသက်သာတဲ့အတွက် နိုင်ငံခြားသားတွေ လွှမ်းမိုးလာတဲ့အတွက် အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေ အများကြီးရှိလာပါတယ်

ကိုရိုနာက ပြန်လည်ကူးစက်လာတော့ ရလဒ်အနေနဲ့ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက်တွေ တင်းကျပ်လာပါတယ်။ မလှုပ်ရှားနိုင်ကြတော့ပါဘူး

တစ်ချိန်တည်းမှာပဲ အဆင်ပြေနေတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ အဲဒါ UNIQLO ပါပဲ။

အထည်ထုတ်လုပ်သူအနေနဲ့ ကမ္ဘာကျော် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်ပြီး အများစုကို နိုင်ငံရပ်ခြားမှာ ထုတ်လုပ်တဲ့အတွက် သူတို့အတွက်လည်း ဝယ်ယူမှုကုန်ကျစရိတ်တွေ သိသိသာသာ မြင့်တက်လာတယ်ဆိုပေမယ့် စီးပွားရေးကျဆင်းမှုအလယ်မှာ အရောင်းကျဆင်းမှုဟာ ဖြစ်ခဲ့တာပါပဲ

သို့သော်လည်း ရလဒ်အနေနဲ့ ပြောရရင်၊ သုံးလပတ် (သုံးလ) အမြတ်ငွေဟာ မနှစ်ကနဲ့ယှဥ်ရင် ယန်း 237,836 သန်းအထိ 57.1% တိုးလာပြီး လုပ်ငန်းရလဒ်များ သိသာထင်ရှားစွာ တိုးလာခဲ့ပါတယ်

အဲဒီလို ရလဒ်ကောင်းတွေ ထွက်လာတာကတော့ ပြည်ပရောင်းအား ကြောင့်ပါပဲ

လက်ရှိတွင် တရုတ်နိုင်ငံမှာ ဆိုင်ပေါင်း ၈၈၈ ဆိုင်ရှိပါတယ်။ ဒီဆိုင်တွေက အမြတ်ရနေတာလားဆိုရင်တော့လည်း မဟုတ်ပြန်ပါဘူး

ကိုရိုနာစည်းမျဥ်းစည်းကမ်းတွေကြောင့် တရုတ်နိုင်ငံမှာလည်း ရောင်းအား ကျဆင်းခဲ့ပါတယ်

တရုတ်နိုင်ငံအပြင် အာရှရှိ စတိုးဆိုင် ၅၀၀ ခန့်၊ အမေရိကန်နှင့် ကနေဒါတွင် စတိုးဆိုင် ၆၀ ခန့်နှင့် ဥရောပတွင် စတိုးဆိုင် ၇၀ ခန့် တိုးချဲ့နေတယ်လို့ ဆိုပါတယ်

အလုံးစုံရောင်းချမှုအချိုးကိုကြည့်ရင် ဂျပန်မှာ 39.5% နဲ့ နိုင်ငံခြားမှာ  43.6% ဖြစ်ပါတယ်

နိုင်ငံခြားကိုတိုးချဲ့လို့ အောင်မြင်တာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး

ဒီဗျူဟာကိုသိတဲ့သူတွေလည်း များမယ်လို့ထင်ပါတယ်

CAPCOM ရဲ့ STREET FIGHTER 2 လို့ ခေါ်တဲ့ ဂိမ်းပဲဖြစ်ပါတယ်

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကြမ်းပါတယ်ဆိုတဲ့ ပြိုင်ဘက်များတွေဆီ သွားပြီး အနိုင်ရဖို့တိုက်ခိုက်ရတဲ့ ရိုးရှင်းတဲ့ဂိမ်းပါပဲအထက်တန်းကျောင်းတက်တုန်းကလည်း အကြာကြီးကစားခဲ့ပါတယ်

ဒီဂိမ်းကို တော်တော်များများ သိကြပါတယ်

UNIQLO ရဲ့ ဗျူဟာက ဘယ်လိုမျိုးလဲဆိုရင် ဒေသတစ်ခုစီမှာ နံပါတ် ၁ ဖြစ်လာရမယ်ဆိုတဲ့ အတွေးပါပဲ

ကမ္ဘာပေါ်ရှိ အထည်ချုပ်ကုမ္ပဏီများစွာဟာ အခြေခံအားဖြင့် ရုံးချုပ်မှာပဲ Brand အတွက် ဗျူဟာကို စုပေါင်းပြီး စီမံခန့်ခွဲပါတယ်

ပြီးတော့ ဒေသတစ်ခုစီမှာ စတိုးဆိုင်တွေကို အောင်မြင်အောင်လုပ်ဆောင်ကြပါတယ်

 UNIQLO ကတော့ ဒေသတစ်ခုစီမှာ Brand အတွက် ဗျူဟာကို ဖြန့်ကျက်ပြီး သီးသန့်စီ နံပါတ် (၁) နေရာရောက်အောင် လုပ်တာပါ

ဒီလိုပြောရတာ လွယ်ပေမယ့် ဒီပုံသဏ္ဍာန်ကို ယူရင်းနဲ့ UNIQLO ရဲ့ အားလုံးခြုံငုံထားတဲ့ ပုံရိပ်ကို မဖျက်စီးဖို့က အရမ်းခက်ခဲပါတယ်။

နောက်တစ်ချက်က အရောင်းအဝယ်စီမံကုန်ကျစရိတ် အချိုးနည်းတာပါပဲ

အရောင်းနှင့်ပတ်သက်တဲ့ စီမံခန့်ခွဲမှုစရိတ်ဟာ အ၀တ်အထည်ကုမ္ပဏီ တော်တော်များများအတွက် 50% ဖြစ်ပေမယ့် UNIQLO အတွက် 37% ပဲရှိပါတယ်

ကုန်ပစ္စည်းဈေးနှုန်းကိုလိုက်ပြီး ကုန်ကျတဲ့ ကုန်ကျစရိတ်ကနည်းတာကြောင့် ပိုမြတ်တယ်လို့ ဆိုလိုချင်တာပါ

UNIQLO ဟာ စီမံကိန်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းတို့ကို စုပေါင်းစီမံခန့်ခွဲထားတဲ့ ထုတ်ကုန်အရေအတွက်ကို တိုးမြှင့်နေပါတယ်

HEATTECH နဲ့ AIRism လိုမျိုး ထူးခြားသီးသန့်ဆန်တဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်

ဒီလိုမျိုးလုပ်ငန်းရဲ့ကြိုးပမ်းမှုတွေကြောင့် အချိန်ပိုင်းဝန်ထမ်းတွေရဲ့ တစ်နာရီလုပ်ခကို ကိုရိုနာဖြစ်နေစဥ်မှာတောင် 3% တိုးပေးပြီး ဒီနှစ်ဆောင်းရာသီမှာ 10 မှ 30% အထိတိုးရန်စီစဉ်ထားပါတယ်။ ဖောက်သည်တွေကို ဝန်ဆောင်ရာမှာ စိတ်ကျေနပ်မှုကို မြှင့်တင်စေဖို့ပါ

ဂျပန်စီးပွားရေး မကောင်းလို့ နိုင်ငံခြားကို ထွက်ပြီးရောင်းမယ်ဆိုတာကလည်း အပြောကသာ လွယ်တာပါ၊ ဂျပန်ထုတ်ကုန်ဖြစ်လို့ ရောင်းရမယ်လို့ မဆိုလိုနိုင်ပါဘူး။

ဒေသအလိုက် ဖောက်သည်တွေကို အဲ့ဒီဒေသမှာပဲ အခိုင်အမာ ဖန်တီးသွားရမှာပါ

ဒေသတစ်ခုစီမှာ နံပါတ် (၁) ဖြစ်လာမယ်ဆိုရင်၊ အင်အားအကောင်းဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါပဲ

UNIQLO ရဲ့အစွမ်းသတ္တိကို ပြသတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: