ဂျပန်မှာ အိမ်ခြေ ၁သောင်း လောက်မှာ မီးပျက်သွားခဲ့တယ်???

အရင်လ 29 ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ Fukushima စီရင်စု Koriyama မြို့မှာ အိမ်ခြေ ၁သောင်းခန့် မီးပျက်သွားခဲ့ပါတယ်

အကြောင်းအရင်းကတော့ “ မြွေ” တစ်ကောင်ကြောင့်ပါ

ဟုတ်ပါတယ် “ မြွေ” ဆိုတဲ့ တိရိစ္ဆာန်ပါ

Tohoku လျှပ်စစ်ရုံးရဲ့ ပြောကြားချက်အရ Koriyama မြို့တွင်းက ဓာတ်အားခွဲရုံထဲကို မြွေတစ်ကောင်ဝင်သွားပြီး၊ လျှပ်စစ်ပစ္စည်းတွေနဲ့ ထိမိရာကနေ မီးပျက်သွားခဲ့တာပါ

 

မြွေကိုလည်း မီးလောင်ကျွမ်းနေတဲ့ အနေအထားအတိုင်း ရှာတွေ့ခဲ့ပါတယ်

29ရက်နေ့က Koriyama မြို့မှာ အပူချိန်အမြင့်ဆုံးဖြစ်ပြီး 32.2 ဒီဂရီတောင်ရှိနေခဲ့ပါတယ်

ဒီလောက်ပူလောင်နေတဲ့ကြားမှာ မီးကပျက်သွားတော့ မြို့သားတွေလည်း စိတ်တိုကြတာပေါ့…

အကြောင်းကလည်း မြွေကြောင့်ဆိုတော့ ဘာမှပြောလို့ကမရ….

 

ဂျပန်မှာက မီးပျက်ခဲတော့ ကသောင်းကနင်းတွေ ဖြစ်ကုန်ပါတယ်

မီးပွိုင့်တွေကလည်း ပျက်ကုန်တော့ အသွားအလာတွေလည်း ခက်ကုန်တာပေါ့

မီးတွေကတော့ ပျက်ပြီး 1နာရီလောက်အကြာမှာ ပြန်လာခဲ့တယ်လို့ ဆိုပါတယ်…

 

တာဝန်ယူထားတဲ့ အစိုးရက ကောင်းတော့လည်း ဒီလို့နဲ့ပြီးသွားရပေမယ့် …

မြန်မာနိုင်ငံအကြောင်း တွေးမိတော့လည်း ဟင်း…ချရုံကလွဲရင် မတတ်နိုင်ပါဘူး…..

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: