ကိုယ်မသိတဲ့ အတွင်းခံက အဝတ်အခြောက်ခံစက်ထဲ ရောက်နေလို့!! ဆိုတဲ့တိုင်ကြားမှု…သွားကြည့်လိုက်တော့?

Gifu စီရင်စုမှာ မေလတုန်းက သူများအိမ်ထဲကို ခိုးဝင်လို့ဆိုပြီး 66 နှစ်အရွယ် အမျိုးသားတစ်ယောက် အဖမ်းခံလိုက်ရပါတယ်

အဲ့ဒီလူဟာ ခိုးဝင်တဲ့အိမ်က အဝတ်အခြောက်ခံစက်ထဲမှာ အမျိုးသမီးဝတ် အတွင်းခံကို အခြောက်ခံခဲ့တယ်လို့ ဆိုပါတယ်

အဖမ်းခံလိုက်ရတာကတော့ Gifu စီရင်စု Yaotsu မြို့မှာနေတဲ့ 66 နှစ်အရွယ် အမျိုးသားပါ

သူဟာ မနက် 8နာရီ 20လောက်ကနေ 25 မိနစ်လောက်အထိကြားထဲမှာ၊ Gifu စီရင်စုထဲက အသက် 61 နစ်အရွယ် အမျိုးသားရဲ့ နေအိမ်ပိုင်နက်ထဲကို ဝင်ရောက်ခဲ့တဲ့လို့ သံသယရှိခဲ့ပါတယ်

 

ညနေ ၅ နာရီလောက်မှာ “ ကိုယ်မသိတဲ့ အတွင်းခံက အဝတ်အခြောက်ခံစက်ထဲ ရောက်နေလို့!! “ ဆိုပြီး ရဲစခန်းကို သတင်းပေးတိုင်ကြားတာကြောင့် လမ်းက စောင့်ကြည့်ကင်မရာတွေကတစ်ဆင့် စစ်ဆေးကြည့်ရာကနေ အဖမ်းခံလိုက်ရတာပါ

ရဲဌာနရဲ့ ပြောကြားချက်အရ အဝတ်အခြောက်ခံစက်ထဲမှာ အိမ်ထောင်ဦးစီးရော မိသားစုထဲကရော ဘယ်သူမှမမြင်ဖူးတဲ့ မိန်းကလေးအတွင်းခံတစ်ခု ရှိနေခဲ့တယ်လို့ ဆိုပါတယ်

 

ရဲဌာနအနေနဲ့ အဆိုပါအမျိုးသားရဲ့ ဝန်ခံ/ငြင်းဆိုချက်၊ ထိခိုက်သူတို့နဲ့ ဆက်စပ်မှုတွေနဲ့ပတ်သက်ပြီး မသိရသေးပေမယ့်၊ အခုအချိန်အထိ ပြစ်မှုမှတ်တမ်းမျိုးလည်း မရှိတာကြောင့်

သူ့ရည်ရွယ်ချက်ကို စုံစမ်းနေတယ်လို့ ပြောပါတယ်???????

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: