ယခင် ဂျပန်ဝန်ကြီးချုပ် ရှင်းဇိုအဘဲ သေနတ်ပစ်လုပ်ကြံခံရ

ယနေ့မနက် 11 နာရီခွဲအချိန်လောက်မှာ နရာမြို့ Yamato Seidaiji ဘူတာအနီး မိန့်ခွန်းပြောနေတဲ့ ယခင် ဂျပန်ဝန်ကြီးချုပ် ရှင်းဇိုအဘဲဟာ ရုတ်တရက်လဲကျသွားလို့ အရေးပေါ်ကားနဲ့  ဆေးရုံကိုပို့လိုက်ရပါတယ်

 

မီးသတ်ဌာနရဲ့ ပြောစကားအရ ဝန်ကြီးချုပ်ဟာ နှလုံးရပ်တန့်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့မြင်ရပြီး၊ Kamahara မြို့ ရှိ Nara Prefectural Medical University Hospital သို့ ဆရာဝန်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ဖို့ စီစဥ်ထားပါတယ်

ရဲဌာနပြောစကားအရ အရေးပေါ်ပို့ဆောင်စဥ်မှာ သတိရှိသေးပြီး ခေါ်တာကိုလည်း တုံ့ပြန်တယ်လို့ ဆိုပါတယ်

 

မိန့်ခွန်းပြောပွဲမှာ ရှိနေခဲ့တဲ့ NHK သတင်းထောက်ရဲ့ ပြောစကားအရ သေနတ်ပစ်သံလို 2 ကြိမ်ကြားလိုက်ရပြီး၊ ဝန်ကြီးချုပ်ဟာ သွေးတွေစီးကျရင်း လဲကျသွားတယ်လို့ဆိုပါတယ်

ယင်းနောက် ရဲတပ်ဖွဲ့က လူသတ်ရန် ကြိုးပမ်းမှုလို့ သံသယရှိသူကို ဖော်ထုတ်ဖမ်းဆီးခဲ့ပါတယ်။ သေနတ်ကိုလည်း အခင်းဖြစ်နေရာမှာ သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သိမ်းဆည်းရမိသော သေနတ်သည် လက်လုပ်သေနတ်ဖြစ်ကြောင်း စုံစမ်းရေးမှူးများ၏ ပြောကြားချက်အရ သိရပါတယ်

 

ရဲတပ်ဖွဲ့၏ အဆိုအရ အဆိုပါ အမျိုးသားအား Nara Nishi ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်

ရဲအရာရှိတွေရဲ့ ပြောကြားချက်အရတော့ နာရာမြို့မှာ နေထိုင်တဲ့ Tetsuya Yamagami (၄၁ နှစ်) ဟာ လူသတ်မှုအတွက် ကြိုးပမ်းမှုလို့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်

အစိုးရတာဝန်ရှိသူတစ်ဦးက NHK သို့ ပြောကြားရာတွင် “ သတိလစ်နေပြီး အခြေအနေ တော်တော်ဆိုးတယ်” လို့ အခင်းဖြစ်ပွားရာနေရာက အစီရင်ခံစာတွေ လက်ခံရရှိထားပါတယ်။

မိန့်ခွန်းကို နားထောင်သူတွေရဲ့ ပြောကြားချက်အရ ဝန်ကြီးချုပ်ဟောင်း အာဘေးက မိန့်ခွန်းစပြီး ၁ မိနစ် ၂ မိနစ်လောက်မှာ သေနတ်သံ ၂ ချက် ကြားခဲ့ရတယ်လို့ဆိုပါတယ်

အဲဒီနောက်မှာတော့ ၀န်ကြီးချုပ်ဟောင်း အာဘေး လဲကျပြီး သတိလစ်သွားပုံရပါတယ်

 

ဂျပန်မှာဘာတွေဆက်ဖြစ်လာမလဲ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: