“ကမ္ဘာ့ပထမဆုံး အအေးခံအမှိုက်ပုံး” ဒါနဲ့သာဆို အမှိုက်ကနေ အနံ့မထွက်တော့ပါဘူး

ဒီပစ္စည်းကို “CLEAN BOX” လို့အမည်ပေးထားပါတယ်

 

ရိုးရိုးအမှိုက်ပုံးဆိုရင် အမှိုက်အနံ့ဆိုးတွေထွက်တော့ ရောဂါပိုးမွှားတွေလည်း ပျံ့ပွားလွယ်ပါတယ်

CLEAN BOX နဲ့သာဆိုရင် အမှိုက်တွေကို အေးခဲခြင်းကြောင့် ပုံမှန်အပူချိန်ထက် အနံ့အသက် 1/26,000 အထိ လျော့ကျသွားပါတယ်

ဒါနဲ့သာဆိုရင် အမှိုက်သာမက ဒိုက်ပါတွေ၊ အနံ့ဆိုးထွက်စေတဲ့ အရာမှန်သမျှကို ဖြေရှင်းပြီးသားဖြစ်လို့ အကောင်းဆုံးပါပဲ

အနံ့ဆိုးတွေမထွက်တော့ ကျန်းမာရေးအတွက်လည်း ကောင်းတယ်လို့ ပြောလို့ရပါတယ်

 

ဒီ CLEAN BOX ကို Osaka မြို့မှာရှိတဲ့ Nakanishi Metal Industry Co., Ltd., ကတီထွင်ရောင်းချတာပါ

 

အမှိုက်အပြင် အလှကုန်၊ မျက်နှာသုတ်ပဝါ၊ တီရှပ်၊ ကင်မရာဖလင် တွေကိုအေးအေးလေး ထားချင်တဲ့အခါမှာလည်း ကိုယ့်စိတ်ကြိုက်အသုံးပြုနိုင်မှာပါ

CLEAN BOX တီထွင်ခဲ့သူတစ်ယောက်က “ ” အမှိုက်ကို အမှိုက်လာမသိမ်းမချင်း အေးအေးလေး သိမ်းထားချင်တယ်” ဆိုတဲ့စကားကနေ 2017 ခုနှစ်သြဂုတ်လမှာ တီထွင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်

အချို့လူများက အမှိုက်တစ်ခုတည်းအတွက်တော့ ထုတ်လုပ်ဖို့ ဝန်လေးနေကြတာကြောင့် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်တဲ့ “ အအေးခံအမှိုက်ပုံး” ဆိုတဲ့ အယူအဆနဲ့ ထုတ်လုပ်ခဲ့ပါတယ်

 

ဒီလိုနဲ့ 2019 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကမ္ဘာ့ပထမဆုံး CLEAN BOX ဟာ အလုံးရေ 100 ကန့်သတ်ချက်ရှိတဲ့ကြားကနေပဲ ချက်ချင်းရောင်းထွက်သွားခဲ့ပါတယ်။

 

ဒါနဲ့ပဲ ပိုကောင်းတဲ့ စွမ်းရည်နဲ့ မော်ဒယ်အသစ်ကို တီထွင်ပြီး၊ crowd funding ရန်ပုံငွေကောက်ခံလိုက်တဲ့အခါ ယန်းသန်း 40 ကျော်၏ ပံ့ပိုးကူညီမှုကို ရရှိခဲ့ပြီး “ ဒီလို ကုန်ပစ္စည်းမျိုးကို စောင့်နေတာ” ဆိုတဲ့ မတ်ဆေ့ပေါင်း 400 နီးပါး ပေးပို့လာခဲ့ကြပါတယ်။

လက်ရှိမှာလည်း CLEAN BOX ကို လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ ပြသရောင်းချနေပြီး ကြိုတင်စာရင်းပေး ဝယ်ယူမှုတွေလည်း များစွာရှိနေပါတယ်။

အားလုံးရော စမ်းသုံးကြည့်ချင်ပါသလား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: