သက်သေခံဓာတ်ပုံကို ဒီလိုရိုက်တယ်?

ပတ်စပို့၊ ယာဥ်မောင်းလိုင်စင်တွေမှာသုံးတဲ့ သက်သေခံဓာတ်ပုံတွေကို ပြောင်စပ်စပ်သွားလုပ်လို့ မရပါဘူး။ ဒါကိုလည်း လူတိုင်းသိပါတယ်။

အထူးသဖြင့် မိတ်ကပ်အထူကြီးလိမ်းပြီး နဂိုရုပ်ပျက်အောင် လုပ်လို့မရပါဘူး

ဒါပေမယ့် ဒီပုံတွေကတော့ လက်ခံလိုက်လို့ ဒီအတိုင်းထွက်လာပါတယ်

https://maidonanews.jp/article/14649232

 

အပေါ်ပုံက အရင်ကပုံပါ

အဲ့ပုံမှာကို တော်တ်ောဆိုးနေတာကို

နားရွက်မှာ အပေါက်အကြီးကြီးဖောက်ထားတယ်၊ ထူးဆန်းတဲ့ဆံပင်စတိုင်နဲ့

မျက်နှာကရုပ်တည်ကြီးတဲ့ဆိုတော့ ရီချင်စရာကြီးဖြစ်နေပါတယ်

 

ဒါပေမယ့် ဘယ်သူလဲဆိုတာကိုတော့ နားလည်နိုင်သေးတယ်လို့ ထင်ပါတယ်

ဒါပေမယ့် အောက်ကပုံကတော့…

 

အပေါ်ပုံပြီးတော့ နောက် ၅နှစ်ကြာတဲ့အခါ ရိုက်ထားတာပါ

ဘယ်သူဘယ်ဝါ ပြောရခက်တယ်နော်?

ဒါက တက်တူးခိုးထားတာပါ

အဲ့ဒီတော့ ဖျက်လို့မရဘူးလေ

ဒါကြောင့် ဒီအတိုင်း ခွင့်ပြုလိုက်တာပါ

အစိုးရဘက်ကလည်း မလုပ်မဖြစ်လို့ လုပ်လိုက်ရတဲ့သဘောပါပဲ

ရဲစည်းကမ်းမှာတော့၊

လူမှုရေး အမြင်ဗဟုသုတနဲ့ လူတစ်ဦးချင်းရဲ့ ကွဲပြားချက်တွေကို အလွယ်တကူ ခွဲခြားသိမြင်နိုင်တယ်”

လို့ရှိပါတယ်

 

အဲ့ဒီတော့ ပန်းချီဆေးတွေ ဆွဲထားတာဆိုရင်တော့ ဖျက်ခိုင်းမှာပါ

မျက်နှာကိုဖုံးထားလို့ပါ

 

ဒါပေမယ့် သူကတက်တူးဆိုတော့ ဖျက်မရဘူး

ဖျက်မရတော့ သူ့ကိုမြင်သာဖို့က မခက်ပါဘူး

ဆိုပြီး လက်လံလိုက်ကြပုံပါပဲ

 

ပုံမှန်နေ့တိုင်း ဒီမျက်နှာနဲ့ပဲ နေနေပုံပါပဲ

တော်တ်ောများများက စုတ်တံနဲ့ဆွဲထားတယ်ထင်ကြလို့၊ cosplay လုပ်နေတယ်လို့ မြင်ကြတာကြောင့် ပုံမှန်အတိုင်း သွားလာနေနိုင် နေပုံပါပဲ

 

ဒီပုံစံကြီးနဲ့ ဘာအလုပ်လုပ်နေပါလိမ့်

သိချင်လိုက်တာ

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: