ကီမိုနိုဝတ်ထားရင် အလိုက်ဖက်ဆုံးဖြစ်မယ့် အီလက်ထရောနစ်စီးကရက်ကို မိတ်ဆက်ပေးလိုက်ပါပြီ

လူငယ်တွေ ဆေးလိပ်မသောက်တော့အောင်၊ ပတ်ဝန်းကျင်လည်း အနှောက်အယှက်မဖြစ်ရအောင် အီလက်ထရောနစ်စီးကရက်တွေ ရောင်းချပြီး၊ နေရာအကန့်အသတ်နဲ့ အသုံးပြုခွင့်ပေးခဲ့ပါတယ်
ဆေးလိပ်ကြိုက်သူဖြစ်တဲ့ ကျွန်တော့အတွက်ကတော့ အလွန် နှမြောမိပါတယ်
အီလက်ထရောနစ်စီးကရက် သောက်ကြည့်ခဲ့ပေမယ့် သိပ်မကြိုက်ပါဘူး
ပြီးတော့ ဒီဇိုင်းကလည်း ကြည့်မကောင်းဘူး လို့တွေးခဲ့ပါတယ်
အဲ့ဒီမှာပဲ အမိုက်စားအရာတစ်ခု ထွက်လာပါတယ်
ဆေးတံပုံစံ အီလက်ထရောနစ်စီးကရက်ပါ
ဆေးတံဆိုတာ ဂျပန်မှာလည်း ရှေးခေတ်က သောက်ခဲ့ကြပါတယ်
https://ameblo.jp/ensemblerose/entry-10616397919.html
ကြည့်လို့မကောင်းဘူးလား?
Oiran တစ်ယောက်သောက်ပြနေတဲ့ပုံဖြစ်ပြီး အရမ်းမိုက်ပါတယ်
ဒီလိုပဲရောင်းတာပါ
https://mag.japaaan.com/archives/178565
တကယ့်ဆေးတံအတိုင်းပါပဲ
ကီမိုနိုဝတ်ရင်း သောက်ရရင် တော်တော်လေးလိုက်ဖက်မှာပါပဲ
ရှည်လျားသောပုံသဏ္ဍာန်ကို အသုံးချပြီး အထဲမှာ လီသီယမ်ဘက်ထရီအများအပြားကို တပ်ဆင်ထားတာကြောင့် ဘက်ထရီအပေါ်ဝန်ထုပ်ဝန်ပိုးကို လျှော့ချကာ အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်
သောက်ရတဲ့အပေါက်နေရာက ဆေးတံပုံစံပဲဖြစ်ပြီ စီးကရက်ကို အပူပေးပြီး မီးခိုးထုတ်ရန်အတွက် အပူယူနစ်တစ်ခု တပ်ဆင်ထားပါတယ်
ထိပ်က ပုံမှန်ဆေးတံဆို မီးညှိတဲ့နေရာမှာ ရှူသွင်းလိုက်သောအခါတွင် ရဲလာအောင် LED မီးတပ်ထားပါတယ်
ကိုယ်ထည်ကို အလူမီနီယမ်နဲ့လုပ်ထားပြီး အရည်အသွေးအကောင်းစား ဖြစ်အောင်ထုတ်လုပ်ထားတာပါ
Balance မညီရင်ကိုင်ရခက်တော့ ဒီအပိုင်းကိုလည်း စေ့စေ့စပ်စပ် လုပ်ထားပေးပါတယ်
ရှူသွင်းလိုက်တဲ့ အခိုးအငွေ့ (mist) ပမာဏကို ထိန်းချုပ်နိုင်တဲ့ variable output function ရော ထည့်ထားပါတယ်
ကြည့်ရတာမိုက်တာတစ်ခုတည်းမဟုတ်ဘဲ function လည်းစုံနေအောင် ပါပါတယ်
330mm ရှည်ပါတယ်
ဆေးလိပ်ကြိုက်တတ်တယ်ဆိုရင်တော့ ဂျပန်မှာကီနိုနိုလေးဝတ်ရင်း ဒီဆေးတံကို သောက်မကြည့်ချင်ဘူးလား?