အထက်တန်းကျောင်းသူတွေကို အရမ်းကြိုက်တဲ့ ဂျပန်နှာဘူးတွေ အရမ်းများလာပါတယ်

ဂျပန်က အရွယ်ရောက်ပြီးယောကျ်ားတွေရဲ့ မိုက်မဲမှုကတော့ မရပ်တန့်နိုင်ပါဘူး

အထက်တန်း တတိယနှစ်ကျောင်းသူ (အသက် 17 နှစ်) လေးတွေနဲ့ တွေ့ဆုံသောက်စားအပျော်ကြူးပါတီကို SNS ကနေစာရင်းကောက်ပြီး၊ ပါတီကိုလည်း တကယ်လုပ်ခဲ့တာကြောင့် Takahashi Ryota ဆိုတဲ့ တရားခံ 31 နှစ်ဟာ အဖမ်းခံလိုက်ရပါတယ်

အပျော်ကြူးပါတီ ဆိုတဲ့အတိုင်းပဲ လူအများကြီးနဲ့ SEX ပါတီလုပ်တာပါ

အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ပါ

 

လုပ်လာတာ ၃ နှစ်လောက်ရှိနေပြီဖြစ်ပြီး အကြိမ် ၅၀ ကျော်လုပ်ခဲ့ပြီးပါပြီ
ပါတီကိုလာတဲ့သူတွေထဲမှာ အလယ်တန်းကျောင်းဆရာ 9 ယောက်တောင်ရှိခဲ့ပါတယ်

အဖမ်းခံခဲ့ရပါတယ်

ဒီလိုဆရာမျိုး ကိုယ့်သမီးတက်နေတဲ့ကျောင်းမှာသာ ရှိခဲ့ရင် ဘယ်လိုမျက်လုံးနဲ့ အကြည့်ခံရမလဲ? လို့တွေးကြည့်ရုံနဲ့တင် စိတ်တွေပျက်မိပါတယ်

အဖမ်းခံခဲ့ရတာက ယောကျ်ား 8 ယောက်နဲ့ မိန်းမ 1 ယောက်ပါ

ဒါကလည်း သဘောတူထားတဲ့ ငွေပမာဏကိုမရခဲ့တဲ့ မိန်းကလေးက စိတ်ဆိုးပြီး ရဲသွားတိုင်လို့ ဖြစ်ရတာပါ

 

8 ယောက် 1 ယောက်ဆိုကတည်းကိုက ပုံမှန်မဟုတ်တော့ပါဘူး

ကာကွယ်ပေးနေရမယ့် ကလေးတွေကို အသုံးချတယ်ဆိုကတည်းက ရူးနေတာများလားပါပဲ

ဒီတစ်လောအတွင်းကို နိုင်ငံရေးသမားတစ်ယောက်က 18 နှစ်ကောင်မလေးကို ကြိုက်တယ်ပြောမိလို့ နေစရာနေရာမရှိ ဖြစ်ခဲ့ရပါတယ်

 

ရဲက ကျောင်းထဲကိုဝင်ပြီး မိန်းကလေးအိမ်သာထဲမှာ ကင်မရာခိုးဆင်လို့ အဖမ်းခဲ့ရတာမျိုးအထိ ရှိပါတယ်

 

ကမ္ဘာတစ်ခုလုံး သိသွားလောက်တဲ့အထိကို ဆက်တိုက်ဖြစ်နေတာပါ

အဖမ်းမခံရသေးတဲ့ ခိုးလုပ်နေတဲ့ ပါတီတွေဘယ်လောက်တောင် ရှိနေမလဲလို့ စဥ်းစားလိုက်ရင်….

ဂျပန်ကကောင်တွေ ရူးများသွားကြပြီလား

 

ပုံမှန်အတိုင်း ရှိသင့်တဲ့ အချစ်ရေးကို မရနိုင်လို့လား?

စိတ်ဖိစီးမှုတွေကြောင့်လား?

 

ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ လူမှုအဖွဲ့အစည်းမှာ ရှိသင့်တဲ့ကျင့်ဝတ်၊ တစ်ဖက်မိန်းကလေးရဲ့ အနာဂတ်ကို မစဥ်းစားပေးတဲ့ကောင်တွေ စုနေတဲ့နေရာတစ်ခုဖြစ်တာကတော့ ငြင်းစရာမရှိပါဘူး

 

ဒီလိုကောင်တွေက နိုင်ငံရေးသမား၊ ကျောင်းဆရာ၊ ရဲတွေဖြစ်နေတာကို တွေးကြည့်လိုက်တာ ဘာကိုမှ မယုံရဲတော့လောက်အောင်ပါပဲ

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: