ဒုက္ခသည်တွေက အိမ်မွေးခွေးခေါ်လာရင် ဒဏ်ကြေးပေးရတယ်??

ယူကရိန်းမှာတော့ စစ်ပွဲဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
စစ်မက်နယ်မြေကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို လက်ခံရမှာ ဂျပန်နိုင်ငံဟာလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ဒါပေမယ့် ဒုက္ခသည်တွေကို တော်တော်နဲ့ လက်မခံခဲ့တဲ့ဂျပန်ဟာ ဒီလိုအမြန်နှုန်းနဲ့ လက်ခံပေးနေတာဟာ ထူးခြားနေပါတယ်။
လုပ်နေကြအရာမဟုတ်တဲ့အတွက်ကြောင့်လားမသိပေမယ့် ဒီလိုလက်ခံရာမှာ ပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။


အခု ဖြစ်ပေါ်နေတဲ့ပြဿနာကတော့ ဒုက္ခသည်တွေ ခေါ်လာတဲ့ အိမ်မွေးခွေးလေးတွေပါ။
ဂျပန်နိုင်ငံကို ခွေး၊ ကြောင်ကို ခေါ်လာခွင့်ရှိပေမယ့် အရင်တည်းက ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်ခဲ့ပါတယ်။
အရင်ဆုံး ပုံမှန်လုပ်ထုံးလုပ်နည်းကို ပြောပြပါမယ်။

1. Microchip ထည့်သွင်းရခြင်း
2. ပထမအကြိမ် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်း
3. ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခြင်း
4. သွေးစစ်ခြင်း
5. တင်ပို့မယ့်နိုင်ငံမှာ ရက်ပေါင်း 180 စောင့်ဆိုင်းရခြင်း
6. ဂျပန်တိရိစ္ဆာန်ကွာရန်တင်းစခန်းမှာ စာရွက်စာတမ်း တင်ပြခြင်း
7. ကျန်းမာရေးစစ်ဆေးခြင်း

ဆိုတဲ့ လုပ်ငန်းစဉ်အဆင့် လိုအပ်ပြီး 8 လကနေ 10 လကြာ ပြင်ဆင်ဖို့အချိန်လိုအပ်တယ်လို့ ဆိုကြပါတယ်။
ရောဂါပြန့်ပွားမှုကို ကာကွယ်ဖို့အတွက် လုပ်ရမယ့်အရာဖြစ်ပေမယ့် ဒီတစ်ခေါက် ဒုက္ခသည်တွေမှာ ပြင်ဆင်ချိန်မရှိခဲ့ပါဘူး။

ဒါကြောင့် ဒီလိုလုပ်ထုံးလုပ်နည်းတွေကို မလုပ်ဘဲ အိမ်မွေးခွေးတွေကို ခေါ်ဆောင်လာတဲ့ ဒုက္ခသည်တွေဟာ ခက်ခဲတဲ့ရွေးချယ်မှုကို ပြုလုပ်ရပါတယ်။
တိရိစ္ဆာန်ကွားရန်တင်းစခန်းမှာ အိမ်မွေးတိရိစ္ဆာန်ရဲ့ ဘေးကင်းစိတ်ချရမှုကို အတည်ပြုနိုင်တဲ့အထိ ထိန်းသိမ်းထားဖို့က ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။
တစ်ညကို 3,000 ယန်းနဲ့ နှစ်ဝက်ခန့် ထားရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေဖြစ်တဲ့အတွက် ဒီလောက်တတ်နိုင်မှာမဟုတ်ပါဘူး။

နောက်တစ်ခု ရွေးချယ်စရာကတော့ သတ်ပစ်ဖို့ဖြစ်ပါတယ်။
ဟုတ်ပါတယ် အိမ်မွေးလည်း ခေါ်လာချင်တယ်။ ကွာရန်တင်းအတွက် ငွေလည်း မရှင်းနိုင်ဘူးဆိုရင် သတ်ပစ်ရမယ်ဆိုတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။


ဂျပန်နိုင်ငံရဲ့ တိရိစ္ဆာန်ကို ကာကွယ်ဖို့စည်းမျဉ်းလို့ တွေးကြည့်ရင်တော့ မှန်ကောင်းမှန်မလားမသိပေမယ့် ဒုက္ခသည်တွေအတွက် ဒါက မှန်ကန်တဲ့ရွေးချယ်မှုလို့ထင်ပါသလား။
စည်းမျဉ်းကို အပြည့်အဝလိုက်နာဖို့အတွက် ကြိုးစားအားထုတ်ကြတဲ့ဂျပန်လူမျိုးတွေအတွက် ဒါက ပျော့ပြောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ယူကရိန်းဒုက္ခသည်တွေကို လက်ခံပြီး ဒုက္ခသည်တွေအတွက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ စေလွှတ်ပြီး နိုင်ငံတကာ ပံ့ပိုးကူညီလာနိုင်သည့် နိုင်ငံဖြစ်လာခဲ့ပေမယ့် ထိန်းသိမ်းရေးစခန်းအတွက် ဆုံးဖြတ်ချက်၊ စည်းမျဉ်းတွေမှာတော့ မဖြေရှင်းနိုင်တာတွေ ရှိနေသေးတယ်လို့ထင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: