ရုပ်သံဌာနဝန်ထမ်းဖြစ်သူ ယူကရိန်းဒုက္ခသည်အမျိုးသမီးကို လိင်ဆက်ဆံဖို့ ကမ်းလှမ်းတယ်?

အတည်မပြုရသေးတဲ့ သတင်းဖြစ်တာကြောင့်၊ တစ်‌ဦးတစ်ယောက်ချင်းကိုလည်း အတည်ပြုနိုင်တဲ့သတင်းမရှိသေးပေမယ့် အမှန်တကယ်ဆိုရင်တော့ မဖြစ်သင့်တဲ့ကိစ္စပါပဲ

 

ဂျပန်ရုပ်သံဌာန TBS ဝန်ထမ်းက ယူကရိန်းဒုက္ခသည်အမျိုးသမီးကို လိင်ဆက်ဆံဖို့ ကမ်းလှမ်းခဲ့ပါတယ်

TBS ဝန်ထမ်းဖြစ်သူကို O ၊ ယူကရိန်းသူ ကို A အဖြစ်ပြောပါမယ်

ရုရှားက ယူကရိန်းကို ကျူးကျော်တာကြောင့် ဂျပန်ကိုထွက်ပြေးလာခဲ့သူ A

အရင်တုန်းကလည်း အင်တာဗျူးတွေလက်ခံပြီး၊ ကိုယ့်နိုင်ငံအတွက် speak out လုပ်ရမယ်လို့ ယုံကြည်တာကြောင့် လက်ခံဖြေကြားခဲ့တာပါ

ဒီလို အင်တာဗျူးတဲ့သူတွေထဲက တစ်ယောက်က O ပါ

O က အင်တာဗျူးအတွက် ဆိုပြီးတော့ Shibuya ကဘားတစ်ခုကို A ကိုခေါ်လိုက်ပါတယ်

A က O ကိုယုံကြည်ပြီး သွားဖို့သဘောတူလိုက်တယ်

ခါတိုင်း အင်တာဗျူး ဆိုရင် ၃/၄ ယောက်လာတတ်ပေမယ့်၊ အခုက O တစ်ယောက်တည်း

 

ပုံမှန်စကားပြောနေရာကနေ ဖုန်းထဲက ဘာသာပြန် app မှာ

မင်းက ငါနဲ့ SEX လုပ်ချင်ပုံရလို့

အခု သူငယ်ချင်းတစ်ယောက်ကို ခေါ်လိုက်မယ်၊ ၃ ယောက်ဟော်တယ် အတူသွားရအောင်လား?

လို့ခေါ်လိုက်ပုံပါပဲ

A ကတော်တော်လေး စိတ်မကောင်းဖြစ်သွားပါတယ်

O ကတစ်ခြားယောကျ်ားတစ်ယောက်ကို ဖုန်းခေါ်သလိုလုပ်နေတုန်း ကြောက်လာပြီး ဘားကနေ ထွက်ပြေးခဲ့ပါတယ်

ဒီအကြောင်းဟာ Twitter မှာပျံ့နှံ့သွားပြီး O ကနေ A ဆီကို တောင်းပန်တဲ့စာတစ်စောင် ရောက်လာပါတယ်

 

A က “ဘာလို့အဲ့လိုပြောတာလဲ? အစကတည်းက ငါ့ခန္ဓာကိုယ်ကို ရည်ရွယ်ထားတာလား?”

လို့ပြောခဲ့ပေမယ့် စာကိုဖတ်ပြီး ပြန်မပြောတော့ပါဘူး

 

A ကယူကရိန်းသံရုံးကိုသွားပြီး အခြေအနေကို ရှင်းပြပါတယ်

သံရုံးဘက်ကလည်း O နဲ့ TBS ကို A ကိုတောင်းပန်ဖို့ပြောခဲ့ပေမယ့်၊ ကိုယ်တိုင်ကလည်း ဒုက္ခသည်တစ်ယောက်ဖြစ်နေတော့ ဒီထက်ပိုပြီး ပြဿနာမကြီးစေချင်ခဲ့ပါဘူး

သံရုံးကိုလည်း TBS နဲ့လည်း လုံးဝမပတ်သတ်တော့ဘူး လို့သာပြောခဲ့ပါတယ်

ဒီလိုနဲ့ သံရုံးဘက်ကလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး

ဒီစကားသာအမှန်ဆိုရင် ဘယ်လိုထင်ပါသလဲ?

အင်တာနက်မှာတော့ လူပြောများနေပေမယ့် တီဗီမှာတော့မပေါ်လာသေးပါဘူး

 

ရုပ်သံဆိုတာ လူထုကို ကြားနေတစ်ရပ်အနေနံ့ မျှမျှတတ အချက်အလက်ကို တင်ပြရမှာဖြစ်ပေမယ့်၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဒီလိုဖုံးထားတာကတော့ မတွေးနိုင်စရာပါပဲ

 

O ကတော့ ဂျပန်အတွက် ရှက်စရာတစ်ခုဆိုပေမယ့် ရုပ်သံဌာနကရော အတူတူပဲလား? ဒါမှမဟုတ် မျှတတဲ့ဘက်ကလား?

 

နောက်ပိုင်း ရုပ်သံဌာနတွေကို စောင့်ကြည့်သွားဖို့လိုပါလိမ့်မယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: