“အရမ်းစားကောင်းလို့” လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နယ်သာလန်လူမျိုးကို စားလိုက်တဲ့ ဂျပန်လူမျိုးပညာတော်သင်ကျောင်းသား

“သူမက တော်တော်စားကောင်းမယ်ထင်လို့”

ဆိုတဲ့အကြောင်းပြချက်နဲ့ Kazumasa Sagawa ဆိုတဲ့ ဂျပန်လူမျိုးတစ်ယောက်ဟာ နယ်သာလန်လူမျိုးတစ်ယောက်ကို စားလိုက်တာ ကြားဖူးပါသလား?

 

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖြစ်ပွားခဲ့တာပါ။

1981 ခုနှစ် ပါရီမြို့မှာ ကျောင်းတက်နေတဲ့ အသက် ၃၂ နှစ်အရွယ် Kazumasa Sagawa ဟာ အသိဖြစ်သူ နယ်သာလန်သူလေးကို သတ်ပြီး၊ စားပစ်လိုက်ပါတယ်

အဖမ်းခံရပြီး၊ ရဲစခန်းထဲမှာ ဒီအဖြစ်အပျက်အစအဆုံးကို စာအုပ်ထုတ်ခဲ့ရတဲ့ အထိပါပဲ

သူအမှုကို ကြည့်လိုက်ရအောင်

1981ခုနှစ် ဇွန်လ Sagawa ဟာ အသက် 25 နှစ်ရှိပီဖြစ်တဲ့ နယ်သာလန်သူကို နောက်ကျောကနေ သေနတ်နဲ့ ပစ်ပြီး သတ်ခဲ့ပါတယ်

ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ပြီး လွှင့်ပစ်ဖို့ကြိုးစားနေတုန်း ရှာတွေ့ပြီး အဖမ်းခံခဲ့ရတာပါ

 

ဒီလောက်ကတော့ တွေ့နေကျ လူသတ်မှုဆိုပေမယ့်၊ လူတွေကို လန့်သွားစေတာကတော့ အလောင်းကိုဘာလုပ်ခဲ့လဲ ဆိုတာပါပဲ

 

သတ်ပြီးတဲ့နောက် မုဒိန်းကျင့်တယ်၊ အလောင်းရဲ့ တစ်စိတ်တစ်ပိုင်းကို ဒီအတိုင်းအစိမ်းစားပြီး၊ ကင်ပြီးတော့လည်း စားခဲ့ပါသေးတယ်

 

“ကျွန်တော့်အတွက် လိင်စိတ်ဆန္ဒက လူသားစားဖို့ပါပဲ။

မိန်းကလေးငယ်လေးတွေကိုတွေ့ရင် စားချင်လာတာပါ”

လို့ Sagawa ကပြောခဲ့ပါတယ်

စစချင်း၊ ညာဘက်တင်းပါးရှိ အသားကနေစပါတယ်။

အစပိုင်းမှာတော့ ဒီအတိုင်းကိုက်ကြည့်ပေမယ့် အိပြီးမာနေတော့ သွားနဲ့ကိုက်မရခဲ့ပါဘူး

သစ်သီးလှီးဓားနဲ့ခုတ်ဖို့ ကြိုးစားပေမယ့် အဆင်မပြေတဲ့အတွက် အသားလှီးဓားတစ်ချောင်းဝယ်ပြီး လှီးဖြတ်ပြီး အသားကို အစိမ်းလိုက်စားတယ်လို့ ဆိုပါတယ်။

ဒယ်အိုးထဲမှာ ရင်သားကို အပူပေးပြီး အကင်လုပ်ဖို့အတွက် ဆားနဲ့ ငရုတ်ကောင်းထည့်ပါတယ်

 

ပေါင်သားကို အစိမ်းလိုက်စားကာ အစိတ်အပိုင်းအမျိုးမျိုးကို ဟင်းချက်နည်းအမျိုးမျိုးနဲ့ စားသုံးခဲ့ပါတယ်

လျှာ၊ နှာခေါင်း၊ နှုတ်ခမ်း၊ မျက်နှာ အစိတ်အပိုင်းတွေကိုလည်း စားခဲ့ပါတယ်

 

လူ့အသား၏ အရသာကို နှစ်ရှည်လများ စောင့်နေခဲ့တဲ့ Sagawa

မျှော်လင့်ထားတာထက် ပိုအရသာရှိပုံရပြီး စိတ်လှုပ်ရှားစွာနဲ့ ထအော်မိတော့မလိုပါပဲလို့ ပြောခဲ့ပါတယ်

 

အဖမ်းခံရတဲ့ Sagawa ဟာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သော အခြေအနေမှာ ရှိနေတယ်လို့ စီရင်ချက်ချခံရပြီး တရားစွဲဆိုခြင်း မခံရတာကြောင့် ထောင်မကျဘဲ စိတ်ကျန်းမာရေးဆေးရုံသို့ တင်ပို့ခဲ့ရပါတယ်။

 

အခင်းဖြစ်ပြီးနောက် သုံးနှစ်အကြာတွင် Sagawa သည် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပြန်လည်တက်ခဲ့ရပါတယ်

သို့သော် ၁၅ လအကြာတွင် ဆေးရုံမှ ဆင်းလာပြီးနောက် မီဒီယာများ၏ ဂရုပြုဖော်ပြမှုနဲ့ နာမည်ကျော် ဝတ္ထုရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်

တီဗီနှင့် ဟောပြောပွဲစတဲ့ နေရာအမျိုးမျိုးကို တက်ရောက်ပြီး ငွေရှာနိုင်ခဲ့ပါတယ်

 

အဲဒီနောက်ပိုင်းမှာတော့ မီဒီယာတွေကလည်း အာရုံမစိုက်တော့ဘဲ ဆင်းရဲတဲ့ဘဝကိုရောက်သွားပါတယ်။ 2013 ခုနှစ်မှာတော့ ဦးနှောက်သွေးကြောပေါက်ရောဂါကြောင့် လမ်းလျှောက်ဖို့ ခက်ခဲသွားပြီး အခုထိတော့ အသက်ရှင်နေပါသေးတယ်

လူတစ်ယောက်ကိုသတ်ပြီး စားခဲ့တဲ့သူက အခုအခါ နိုင်ငံ့ငွေနဲ့ ပင်စင်တွေနဲ့ နေထိုင်နေပါတယ်

 

သူပြောတဲ့ လိင်စိတ်ဆန္ဒကို နားလည်ပေးနိုင်ကြပါသလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: