အန္တရာယ်များတဲ့ ဓာတ်ပုံဆရာတွေ။ လူတွေကို အနှောက်အယှက်ပေးပြီးတော့တောင် ဘာပုံကိုရိုက်နေကြတာပါလိမ့်?

ကျွန်တော်က ကင်မရာကိုကြိုက်လွန်းလို့ ဓာတ်ပုံတွေရိုက်တတ်ပါတယ်

အထူးသဖြင့် သမိုင်းဝင်အဆောက်အဦတွေ၊ သဘာဝအလှတွေ၊ အပြင်ထွက်တိုင်းလည်း ကင်မရာယူသွားတတ်တယ်

 

ကျွန်တော့်လို ရှုခင်းတွေကို ကြိုက်သူ၊ လူပုံတွေကို ကြိုက်သူ၊ ယာဥ်ပုံတွေကြိုက်သူ အသီးသီးရှိတဲ့ကြားက၊ ဘေးလူကို အနှောက်အယှက်ပေးတတ်တဲ့ ဓာတ်ပုံဆရာတွေလည်း ရှိပါသေးတယ်

ရထားသံလမ်းကို ရိုက်တတ်တဲ့ ကင်မရာမန်း တစ်မျိုးအခေါ်  Toritetsu(とりてつ)

 

ရထားသံလမ်းမှာ နှစ်သက်စရာ ရှာတွေ့တတ်သူတွေလည်း ရှိပါတယ်

 

စီးရတာကြိုက်သူ → Noritetsu (のりてつ)

အသံကိုကြိုက်သူ  → Ototetsu (おとてつ)

ဓာတ်ပုံရိုက်ရတာကြိုက်သူ → Toritetsu(とりてつ)

 

ဆိုပြီး စွဲလမ်းတာတောင် အမျိုးမျိုးရှိပါတယ်

 

ဒီဓာတ်ပုံကိုကြည့်လိုက်ပါ

http://blog.livedoor.jp/dqnplus/archives/2016277.html

 

ဘယ်လိုကြည့်ကြည့် အန္တရာယ်များလှပါတယ်

လူတွေကိုလည်း အနှောက်အယှက်ပေးနေတာပဲလေ

 

ပြုတ်ကျပြီး ရထားတိုက်လို့ သေရင်တော့ သူတို့အကြောင်းဆိုပေမယ့်၊ ရထားကရပ်ပေးရတော့ လူတွေအနှောက်အယှက် ဖြစ်စေတာပဲလေ

 

တခြားပုံတွေလည်း အများ

 

ဒီပုံမှာလည်း လူစုလူ‌ဝေးတွေတောင် ဖြစ်နေပြီလေ

သွားနေလာနေတဲ့ လူတွေအတွက် အနှောက်အယှက်ဖြစ်လွန်းတဲ့

ဓာတ်ပုံရိုက်နည်းပါပဲ

သတိပေးတဲ့ သွားလာနေသူတွေကိုလည်း ပြန်အပြစ်ပြောပြီး၊

ထိန်းမရတဲ့အခြေအနေပါပဲ

https://dot.asahi.com/aera/2021051200052.html

 

အန္တရာယ်ရှိတဲ့နေရာအထိကို တက်ပြီး ရထားပြေးစွဲတာကို

အနှောက်အယှက်ပေးနေတဲ့ သူတွေပါ

 

https://dot.asahi.com/aera/2021120700017.html?page=1

 

တခြား လမ်းကြောင်းထဲကို ဝင်ပြီး ရိုက်တဲ့သူတွေတောင် ရှိပါတယ်

 

ရထားသံလမ်းကို ကြိုက်တာကိုတော့ နားလည်ပေမယ့်၊ သံလမ်းဆိုတာ ရိုက်ရခက်ပြီး ပြေးဆွဲနေတုန်းဆိုတော့ ပိုဆိုးတာပေါ့

 

သူများကို အနှောက်အယှက် ဖြစ်စေတယ်ဆိုတာ၊ တကယ့်ကို ရထားသံလမ်း fan  ရောဟုတ်ရဲ့လား?

တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူဖြစ်ပြီး၊ အနှောက်အယှက်ဖြစ်စေတယ် ဆိုကတည်းက ပရိတ်သတ်မဟုတ်တော့ဘူးလေ

ကျွန်တော် ရထားလမ်းကို ကြိုက်တဲ့အချက်က ထမင်းဘူးပါ

ရထားပြတင်းပေါက်ကနေ မြင်ရတဲ့ ရှုခင်းကိုကြည့်ရင်း ထမင်းစားရတာ၊ ဘီယာလေးသောက်ရတာကို ကြိုက်တာပါ

 

ဂျပန်နိုင်ငံရဲ့ ရှုခင်းတွေ၊ မြို့တွေကတော့ အရမ်းလှလွန်းလို့ ကြည့်ကြည့်စေချင်ပါတယ်

 

အပျော်ရှာကြတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပေမယ့်၊ တခြားသူကို အနှောက်အယှက်မဖြစ်စေအောင်တော့ လုပ်စေချင်ပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: