ယူကရိန်းကလာတဲ့ မိန်းကလေး

ရုရှားစစ်တပ်က ယူကရိန်းကို ကျူးကျော်ပြီး ၃ လတောင်ရှိလာပါပြီ
အဆုံးသတ်ကို မြင်ရဖို့က ကြာဦးမယ့်စစ်ပွဲပါ

ဘယ်သူကောင်းတယ် မကောင်းဘူးဆိုတာထက် ဒီတစ်ခေါက်မှာတော့ ယူကရီန်းပြည်သူတွေရဲ့ ဒုက္ခကို အဓိကထား ပြောသွားပါမယ်

 

အဓိကဇာတ်ကောင်ကတော့ ယူကရိန်း‌အရှေ့ပိုင်းမြို့လေးကနေ ဂျပန်နိုင်ငံ Gifu စီရင်စုကို လာရောက်ခိုလှုံတဲ့ ၁သက် ၁၀ နှစ်ရှိသူ ယူကရိန်းသူလေး အေဗာ ပဲဖြစ်ပါတယ်

https://gunosy.com/articles/a5hEZ?s=s

Gifu စီရင်စုမှာနေတဲ့ အဒေါ်ကိုအကူအညီတောင်းပြီး မိသားစု ၄ ယောက် တိမ်းရှောင်လာတာဖြစ်ပြီး ဂျပန်စကားလည်း လုံးဝမတတ်ပါဘူး

တိမ်းရှောင်လာပြီး ၂ လအကြာ အခုအချိန်မှာတော့ ညီမဖြစ်သူ မိယာ အသက် ၃ နှစ်ဟာလည်း မူကြိုတက်နေပြီး၊ အေဗာဟာလည်း အသစ်အဆန်းတွေကြားမှာ နေထိုင်နေပါပြီ

 

စစချင်း စေတနာ့ဝန်ထမ်းတွေသင်ပေးတဲ့ ဂျပန်ဘာသာစကား စာသင်ခန်းကို တက်ရောက်ခဲ့ပါတယ်

ဂျပန်ကျောင်းတွေမှာ Randoseru လို့ခေါ်တဲ့ ကျောပိုးအိတ်ကိုလွယ်ပြီး ကျောင်းတက်ရပါတယ်

Randoseru ကိုဆရာမဆီက လက်ဆောင်ရခဲ့ပါတယ်

အေဗာ အရမ်းကြိုက်တဲ့ ပန်းရောင်‌လေးကို လက်ဆောင်ရခဲ့တာပါ

ဂျပန်ကျောင်းတွေမှာ နားကပ်မဝတ်ရပါဘူး

ကျောင်းစည်းကမ်းကို လိုက်နာဖို့ ငယ်ငယ်လေးထဲက ဝတ်လာတဲ့ နားကပ်ကို ပထမဆုံးအကြိမ် ချွတ်ခဲ့ပါတယ်

ကျောင်းစတက်တဲ့ရက် ရောက်လာပါတယ်

ဂျပန်မှာမွေးပြီး ကြီးပြင်းခဲ့တဲ့ နီကိုလပ်စ် နဲ့ အတူ မရင်းနှီးတဲ့နိုင်ငံက ကျောင်းဆီကို သွားခဲ့ပါတယ်

သင်လာတဲ့ ဂျပန်စကားနဲ့ ကိုယ့်ကိုယ်ကို သေသေချာချာ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်

ကျောင်းသား အတန်းဖော်တွေနဲ့လည်း ချက်ချင်းရင်းနှီးသွားပြီး ကျွမ်းကျင်တဲ့ အကကိုကပြရင်း ရင်းနှီးသွားခဲ့ပါတယ်

ကျောင်းအုပ်ဆရာဆီကနေ ကျောင်းမှာနေထိုင်ဖို့ လိုအပ်တဲ့ ဂျပန်ဘာသာစကားကို သင်ယူပါတယ်

ပုံဆွဲရတာ၊ သင်္ချာတွက်ရတာ ကြိုက်တယ်ဆိုတဲ့ အေဗာ

နိုင်ငံခြားသားတွေကို လက်ခံသင်ကြားဖို့ အသားမကျသေးတဲ့ ကျောင်းမှာ အပတ်တကုတ်ကြိုးစားပြီး၊ အားလုံးကလည်း ထောက်ပံ့ပေးကြပါတယ်

 

မြန်မြန် ဂျပန်မှာနေထိုင်တာကို ရင်းနှီးသွားပြီး၊ အားလုံးနဲ့ အတူ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ မျှော်လင့်နေပါတယ်

 

နိုင်ငံအချင်းချင်း စစ်ဖြစ်ရတာက လူကြီးတွေကြောင့်ပါ

အကြောင်းပြချက် အမျိုးမျိုးတော့ရှိပေမယ့် ဘယ်သူကောင်းတယ် မကောင်းဘူးကိုတော့ မပြောပြတတ်ပါဘူး

တစ်ခုပြောနိုင်တာကတော့ ကလေးတွေက ဘေးဒဏ်သင့်သူလေးတွေပါပဲ

 

လူကြီးအချင်းချင်း တိုက်ခိုက်ရာမှာ ကလေးတွေ ကြားညပ်သွားပြီး ဒုက္ခမရောက်တဲ့ ကမ္ဘာမျိုး ဖန်တီးသွားဖို့ လိုပါလိမ့်မယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: