ကမ္ဘာက လေးစားရတဲ့ ဂျပန်တက်တူးတွေ၊ ဒါပေမယ့် ဂျပန်မှာကရော…

ကမ္ဘာတစ်လွှား ပျံ့နှံ့နေတဲ့ တက်တူးအနုပညာ

ဂျပန်မှာတော့ Irezumi လို့‌ခေါ်ပြီး ရှေးခေတ်ကတည်းက ရှိနေခဲ့တာပါ

ဂျပန်တက်တူးတွေက တော်တ်ောလေးမိုက်ပြီး၊ တိုးတက်နေတာကြောင့် တခြားနိုင်ငံတွေကပါ လာရောက်ထိုးကြတဲ့အထိ ဖြစ်လာပါတယ်

 

ဟိုတလောကတောင် Maori Carver ဆိုတဲ့ နယူးဇီလန် က ရှေးမျိုးနွယ်တစ်ခုက တက်တူးထိုးသူတစ်ယောက် ဂျပန်ကိုလာပြီး၊ ဂျပန်တက်တူးဆရာတွေ၊ တက်တူးချစ်သူတွေနဲ့တောင် ပညာဖလှယ်ခဲ့ကြပါသေးတယ်

https://www.buzzfeed.com/jp/ryosukekamba/maori

 

သူဟာ တက်တူးဆရာလည်းဖြစ်သလို နယူးဇီလန် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ Eastern Institute of Technology မှာ Maori မိသားစုရိုးရာ အနုပညာနည်းတွေကို သင်ပြပေးနေတဲ့ ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်

 

ဟုတ်ပါတယ် နယူးဇီလန် မှာ တက်တူးဟာ အရေးပါတဲ့ ယဥ်ကျေးမှုတစ်ခုလို့ အသိအမှတ် ပြုခံထားရတာကပါ

ဂျပန်မှာကတော့ ဒီလိုမဟုတ်ပါဘူး

 

တက်တူးထိုးထားရင် ဝင်မရတဲ့ ရေချိုးအိမ်တွေ အများကြီးရှိပြီး၊ အလုပ်မရတာတွေပါ တော်တ်ောကြားရပါတယ်

ပြီးတော့ တက်တူးထိုးချင်ရင် ဆရာဝန်လိုင်စင်ယူမှရမယ်လို့ပြောပြန်တော့၊ ပိတ်ပင်တာနဲ့ အတူတူပါပဲ

ဆရာဝန်လိုင်စင်ယူထားမှတော့ ဆေးကုပြီး ပိုက်ဆံပိုရတဲ့အလုပ်ပဲ လုပ်တော့မှာပေါ့

လူတွေကလည်း လေးစားကြမယ်လေ

ဆရာဝန်လိုင်စင်ယူရမယ့်အပြင် အနုပညာအမြင်နဲ့ ဖန်တီးနိုင်စွမ်းကလည်း ရှိရဦးမယ်ဆိုတော့ ဘယ်သူကလုပ်ချင်ဦးမှာလဲ?

 

နယးဇီလန်ကဆရာကလည်း တက်တူးကို ယဥ်ကျေးမှုတစ်ခုအနေနဲ့ အသိအမှတ်ပြုသင့်ကြောင်း ပြောသွားပါသေးတယ်

“ဂျပန်တက်တူးတွေက ကမ္ဘာကလေးစားရတဲ့ အနုပညာလက်ရာတွေပါ”

လို့ပြောခဲ့ပါတယ်

သို့သော် ဂျပန်နဲ့ နယူးဇီလန်က ယဥ်ကျေးမှုကွာခြားတယ်လေ

 

အရင်တုန်းက တက်တူးထိုးထားရင် ပြစ်မှုကျူးလွန်ထားတဲ့ သက်သေလို့တောင် ပြောပါတယ်

ပြစ်မှုကျူးလွန်ထားသူဘေးမှာ သတိနဲ့နေဖို့ ဖျက်မရတဲ့မှင်တဲ့ စာရေးပေးတာပါ

အဲ့ဒီကစပြီး လူဆိုးတွေကလည်း တက်တူးကို လူဟန့်ဖို့၊ ခြောက်ဖို့ သုံးကြပါတော့တယ်

 

ဒီလိုနဲ့ အနုပညာဆိုတာထက် “အန္တရာယ်” ဆိုပြီး အဓိပ္ပာယ်သက်ရောက်သွားတာကြောင့် ရေပူစမ်း၊ ရေကူးကန်တို့မှာ တက်တူးထိုးထားရင် မဝင်ရဆိုတာတွေ ဖြစ်လာတာပါ

 

ဂျပန်ရဲ့ တက်တူးယဥ်ကျေးမှုကတော့ ဒါပါပဲ

မြန်မာနိုင်ငံမှာကရော ဘယ်လိုသတ်မှတ်ခံထားရပါသလဲ?

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: