ဂျပန်တွေရဲ့ ပိုက်ဆံပေါ်အမြင်။ အသက် ၃၀ ကျော် ၄၀ ရောက်ရင် ဘယ်နေရာမှာ ဘယ်လောက်သုံးမလဲ?

လတိုင်းအလုပ်လုပ်တယ်

လစာရတယ်…

ဆိုပြီးအမြဲတစေဖြစ်နေတဲ့ လူတွေ

 

လတိုင်းမှာ ဘယ်နေရာမှာဘယ်လောက်သုံးနေလဲ?

လက်ထပ်ရင်လည်း ငွေကုန်မှာဆိုတော့ တစ်နှစ်ဝင်ငွေက ဘယ်လောက်ရှိမှ လက်ထပ်လို့အဆင်ပြေမှာလဲ?

 

ဒီလို ဂျပန်တွေရဲ့ ငွေအပေါ်ထားတဲ့ သဘောထားကို အသက် ၃၀ ကနေ ၄၉ နှစ်ကြားရှိတဲ့ အမျိုးသား အယောက် ၁၀၀၀ ကိုမေးကြည့်ခဲ့ပါတယ်

 

ကြည့်ကြည့်လိုက်ရအောင်

လစဥ်သုံးငွေက 33,265 ယန်း

မနှစ်ကထက် +3,378 ယန်း

ကိုရိုနာကြောင့် အပြင်မထွက်ရတော့ အစားအသောက်ဖိုး သိပ်မကုန်တော့ဘူးလေ

အဲ့ဒီတော့ အသေးသုံးဖို့ ပိုရတာပေါ့

 

ဒါနဲ့ အသက် ၃၀ ဝန်းကျင် 7% ၊ ၄၀ ဝန်းကျင် 6% ကအသေးသုံးလုံးဝမရှိပါဘူး

အဲ့ဒါနဲ့ဆန့်ကျင်ဘက် တစ်လ ယန်း ၁၀ သောင်းကျော်သုံးနေတာက ၃၀ ဝန်းကျင် 3.4% ၊ ၄၀ ဝန်းကျင် 2.8% နဲ့ ‌တော်တော်လေး ကွာဟနေပါတယ်

 

Subscription တွေလုပ်တာက 1,528 ယန်း

ရုပ်ရှင်၊ သီချင်း ဘာနေနေ Subscription လုပ်ရတဲ့ခေတ်ဆိုတော့လေ

ဒါကလည်း ကိုရိုနာကြောင့်ပါပါတယ်

လက်ထပ်တော့မယ်လို့ တွေးနိုင်တဲ့ ၁ နှစ်ဝင်ငွေက ယန်းသောင်း၅၀၀

အခုဂျပန်မှာ လက်ထပ်ရမှာ တွန့်ဆုတ်နေတဲ့ လူငယ်တွေတိုးလာပါတယ်

ဒါကလည်း ဝင်ငွေနဲ့လည်း ဆိုင်ပါတယ်

ကိုယ့်ဝင်ငွေကို မလုံလောက်နေတော့ လက်ထပ်ဖို့လည်း စိတ်ပူတာကြောင့် ရည်းစားပါမထားတော့တဲ့လူတွေ ပေါလာပါတယ်

 

အလိမ်ခံရတဲ့ လူတွေ စတဲ့ ပြဿနာရှိတာတွေက 17.2%

လုံခြုံစိတ်ချရတဲ့ ဂျပန်ဆိုရင်တော့ ညာတာပါ

ဂျပန်မှာလည်း မကောင်းတဲ့လူတွေ အများကြီးရှိပါတယ်

 

အွန်လိုင်းလေလံလိမ်လည်မှုနှင့် ကလစ်တစ်ချက်နှိပ်လိမ်လည်မှုလိုမျိုး အင်တာနက်မှာ အလိမ်ခံရတာတွေကြောင့် လူတော်တော်များများ ထိခိုက်နေပါတယ်

 

နှစ်ရှည်လများ စီးပွားရေးကျဆင်းမှုကြောင့် ဂျပန်နိုင်ငံဟာ ခက်ခဲတဲ့အခြေအနေမှာရှိနေပြီး အသေးသုံးတွေပါ များလာလို့၊ အိမ်ထောင်ပြုဖို့ကလည်း မတတ်နိုင်ပြန်ပါ။

ဘယ်အချိန်လူလိမ်တွေနဲ့တွေ့ရမလဲ တွေးပူနေရတဲ့ ကြောက်စရာကောင်းတဲ့ နိုင်ငံဖြစ်လာပါပြီ

 

ပိုမိုလင်းလက်တဲ့ အနာဂါတ်ရှိလာပါဦးမလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: