အနုပညာ? ယဉ်ကျေးမှုတွေလား? ဒါမှမဟုတ် ညစ်ညမ်းတာတွေလား? ဂျပန် anime တွေရဲ့ အရည်အသွေးဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ

ဂျပန် anime တွေထဲမှာပါတဲ့ အထက်တန်း ကျောင်းသူတော်‌တော်များများကို အတွင်းခံမြင်ရလောက်တဲ့အထိ တိုတဲ့စကတ်နဲ့ ယူနီဖောင်းတွေကို ဆွဲထားတတ်ကြပါတယ်

ချစ်စရာကောင်းတာတော့မှန်ပေမယ့်၊ တကယ့်အပြင်က လမ်းပေါ်မှာလည်း အဲ့ဒီလိုပုံစံ အထက်တန်းကျောင်းသူလေးတွေကို မြင်ရတတ်တော့၊ ဒါကိုကြည့်ပြီး anime ထဲမှာဆွဲထားတာကတော့ အသေအချာပါပဲ

 

Love Hina ဆိုတဲ့ နာမည်ကြီး anime ကိုကြည့်ဖူးပါသလား?

Akamatsu Ken ဆိုတဲ့သူက ဖန်တီးထားတာပါ

အထက်တန်းကျောင်းသူတွေကိုပဲ ရေးဆွဲလေ့ရှိတော့ သူလည်းပဲ တော်တ်ော အဝေဖန်ခံခဲ့ရမှာပါပဲ

 

အဲ့ဒီလိုတွေ ရေးတဲ့ Akamatsu စံဟာ UN Women ဟောပြောချက်ကို ပြင်းပြင်းထန်ထန် တွန်းလှန်နေပါတယ်

ဒီသတင်းစာကြေညာကိုကြည့်လိုက်ပါ

“Tawawa on Monday” ဆိုတဲ့ anime ကြေညာပါ

ရင်သားတွေကို ပုံမှန်ထက်ကြီးအောင် ဆွဲထားပြီး စကတ်တိုတိုလေးနဲ့ ဆွဲထားပါတယ်

အသက်မပြည့်သေးတဲ့ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့အတွက် ရေးထားတယ်လို့ပဲမြင်ရပါတယ်

 

ဒါကိုခွင့်ပြုလို့မရဘူး၊ မိန်းကလေးတွေကို ခွဲခြားဆက်ဆံတာ၊ မရိုမသေလုပ်တာဆိုရင် ကုလသမဂ္ဂ ထောက်ပံ့ရေးအေဂျင်စီဖြစ်တဲ့ UN Women က ကန့်ကွက်ပါတယ်

အဲ့ဒီတော့ ဒီသတင်းစာကုမ္ပဏီကို လူမှုကျင့်ဝတ်ကို စောင့်ထိန်းဖို့ ကြေညာထည့်တဲ့ စံနှုန်းကိုပြောင်းလဲသတ်မှတ်ဖို့ ဆန္ဒပြခံရပါတယ်

 

UN Women ကပြောချင်တာကိုလည်း နားလည်ပါတယ်

ရင်သားအကြီးကြီးနဲ့ဆွဲထားတာလေ။ ပြီးတော့ “Tawawa” ဆိုတာက ကြီးကြီးထွားထွားသီးလာတဲ့ အသီးတို့ဆိုရင် “Tawawa ni minotta” လို့ပြောတတ်တော့၊ အဲ့ဒီကယူသုံးထားတယ်ထင်ရပြီး၊ ရင်သားကြီးတယ် မှည့်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့

လိုဂိုက “Tawawa” နေရာမှာလည်း လှုပ်ရမ်းနေတဲ့ပုံ ဆွဲထားပါသေးတယ်

ဖတ်တော့မဖတ်ဘူးပေမယ့် စာဖတ်တဲ့သူနေရာက ကြည့်ရင်တော့ ရင်ဘတ်ကိုဦးစားပေး ကြည့်ကြမာပါပဲ

 

ဒါပေမယ့်လည်း anime ထဲမှာ လိင်ပိုင်းဆိုင်ရာ အသားပေးထားတာတွေ မပါပါဘူး

Akamatsu စံအပါအဝင် ရေးဆွဲသူတွေနဲ့၊ UN Women ကမတူညီတဲ့ နေရာတွေကနေ စည်းတားနေကြတာက ပြဿနာပါ

ဒါကလည်း လူတစ်ယောက်နဲ့ တစ်ယောက်ကွာပါသေးတယ်

နိုင်ငံကိုလိုက်ပြီး အမြင်တွေကလည်း မတူကြပြန်ပါဘူး

ဒီတိုင်းတိတ်တိတ်လေး ရောင်းရင်တော့ ဘာပြဿနာမှ တက်စရာမရှိပေမယ့်၊ သတင်းစာထဲ ထည့်ကြေညာလိုက်တာက ဘာလို့လဲ? ဆိုပြီး ဖြစ်သွားတယ်ထင်ပါတယ်

ဘယ်လိုထင်ပါသလဲ?

 

ကျွန်တော်ကတော့ UN Women ဆိုတာထက် အတွေး သို့မဟုတ် နာမည်? လို့ပဲထင်ပါတယ်

ဒီလိုကားမျိုးတွေကိုပဲ ကြိုက်တဲ့သူက ရှိပြန်တော့ ကန့်သတ်ရလောက်တဲ့အထိလည်း မဟုတ်ပြန်ပါဘူး

သို့သော် လိင်ပိုင်းဆိုင်ရာ မျက်လုံးနဲ့ မကြည့်ဘူးဆိုရင်တောင်၊ မပြောဘူးဆိုရင်တောင် နားလည်မှာပါ

ဒါပေမယ့် သတင်းစာလိုမျိုးကြီးမှာ ဒါကိုထည့်ကြေညာတာကတော့ ကောင်းတဲ့အရာမဟုတ်ပါဘူး

 

ဂျပန် anime တွေဟာ နိုင်ငံတကာကို ထိုးဖောက်မယ့် အရေးကြီးတဲ့ ယဥ်ကျေးမှုတွေပါ

ဒီထဲမှာ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေကိုလည်း မြင်ချင်ပါတယ်၊ ဆက်စီကျတာကို မြင်ချင်တာလည်း နားလည်ပါတယ်

ဒါပေမယ့် အဲ့ဒါတွေအတွက် အဓိကထုတ်ထားတဲ့ အရာကတော့ နည်းနည်း ပြောဖို့လိုမယ်ထင်ပါတယ်

အားလုံးရဲ့အတွေးကိုလည်း ပြောပြပေးပါဦး

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: