တိုးတက်ပြောင်းလဲလာသည့် အန္တရာယ်ရှိသော ဆေးဝါးများ။ ပေါ့ပေါ့ပါးပါး စမ်းသုံးနိုင်ပေမယ့် လုံးဝမလုပ်သင့်ပါဘူး!

စိတ်ကြွဆေးနဲ့ ဆေးခြောက်လို အန္တရာယ်ရှိ ဆေးဝါးတွေကို ဂျပန်နိုင်ငံမှာ အသုံးပြုတာ၊ လက်ဝယ်ပိုင်ဆိုင်ထားတာတွေကို တားမြစ်ထားပါတယ်။

ရဲများက အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးပမ်းလာတာ ဘယ်လောက်တောင်ကြာနေပြီမှန်းမသိတော့ပါဘူး

ဒါတောင်မှ ပျောက်ကွယ်မသွားတဲ့အပြင် ပိုပြီးတောင်များလာပါသေးတယ်

 

စိတ်‌ပေါ့ပါးလွတ်လပ်စွာ သုံးကြည့်နိုင်တယ်၊ နာမည်ပြောင်းသွားလို့ အဆင်ပြေလောက်လား?

အဲ့ဒီလိုမတွေးပါနဲ့၊ လုံးဝစပြီး မသုံးလိုက်ပါနဲ့!

ကိုယ့်ရှေ့ရောက်လာရင်‌တောင် မသုံးမိပါစေနဲ့

 

ပန် (pen) လို့ခေါ်တဲ့ဒါလေး

မြင်လိုက်တော့ သိလား?

အီလက်ထရွန်းနစ်စီးကရက် ထဲမှာ ဆေးခြောက်အရည် ထည့်ထားတာပါ

ပုံသဏ္ဍာန်ကိုကြည့်ပြီး ပန် လို့ခေါ်တာပါ

 

ဆေးခြောက်ကို ခွင့်ပြုတဲ့ နိုင်ငံတွေများလာတာနဲ့အမျှ လူငယ်တွေလက်ထဲ ရောက်ဖို့ပိုလွယ်လာတာပါ

အသုံးပြုရ လွယ်တဲ့ ဒီ ပန်ကို လူငယ်တွေလက်ထဲ လွယ်လွယ်ကူကူထည့်လို့ရနေတော့၊ သုံးချင်တဲ့လူငယ်တွေ ပိုပို များလာပါတယ်

 

ဒီထက်မက ရှိပါသေးတယ်

ဆေးခြောက်အရည်အစား စိတ်ကြွဆေးရည် ထည့်ထားတဲ့ ပန်

စျေးကွက်ထဲမှာ sharp pen လို့ ခေါ်ကြပါတယ်

 

တစ်ချောင်းကို ယန်း၁သောင်းရှိပါတယ်

လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ ပန် ကနေ sharp pen ဆိုပြီးဖြစ်လာကာ၊ အဲ့ဒီကနေ စိတ်ကြွဆေးရည်ထည့်ထားတဲ့ အရာတွေထိပါ ဖြစ်လာပါတော့တယ်

ဟုတ်ပါတယ်၊ မူးယစ်ဆေးဝါးရောင်းချသူတွေရဲ့ ရည်ရွယ်ချက်က ဖောက်သည်တွေကို မူးယစ်ဆေးဝါး စွဲလမ်းမှု ပိုများလာစေဖို့ပါပဲ။

 

တိုကျိုကိုရောက်ပြီး သူငယ်ချင်းအနည်းငယ်သာရှိပြီး တစ်ခုခု မိုက်တယ်လို့ထင်တာကို လုပ်ချင်တဲ့ လူငယ်တွေအတွက် အထူးသဖြင့် အန္တရာယ်များတယ်လို့ ပြောချင်ပါတယ်။

 

မူးယစ်ဆေးဝါးသည်တရားမဝင်ဖြစ်ရုံသာမက သင့်အသက်နှင့် သင့်ခန္ဓာကိုယ်ကိုပါ ထိခိုက်စေပါတယ်။

ဘယ်တော့မှ မသုံးမိပါစေနဲ့!

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: