ရှယ်ယာ? မြေ? ငွေ? တစ်ခုမှမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသင့်တာက? တစ်နှစ်ကို အမြတ်ငွေ 11% တက်ဖို့ ရည်မှန်းထားလိုက်ပါ!

ကိုယ့်စီးပွား‌ရေးကို ကိုယ်တိုင်ကာကွယ်မှ ရမှာပါ

စီးပွားရေးနှေးကွေးနေတဲ့ ဂျပန်နိုင်ငံမှာ မြေယာနဲ့ စတော့ရှယ်ယာများ ရင်းနှီးမြှုပ်နှံခြင်းဟာ အနည်းငယ်ကြောက်စရာကောင်းပါတယ်

ပိုလုံခြုံပြီး အကျိုးအမြတ်ပိုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလောက်တော့ ရှိနိုင်မလား?

ဆိုတဲ့ မေးခွန်းနဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခဲ့တာကတော့…

https://gigazine.net/news/20220122-lego-investment-stocks/

 

ကလေးတုန်းက ကစားခဲ့ဖူးတဲ့သူ ရှိမယ်ထင်ပါတယ်

LEGO အရုပ်လေးတွေပါပဲ

မြေတွေ၊ ရှယ်ယာတွေထက်ကို ကျော်တက်သွားပြီး မြတ်နိုင်တယ်ဆိုတာ မအံ့သြမိဘူးလား?

 

အသေးစိတ်ကျကျ သုတေသနလုပ်ခဲ့သူရှိပြီး၊ 1987 ခုနှစ်ကနေ 2015 ခုနှစ်အထိ ရောင်းချခဲ့တဲ့ LEGO set ပေါင်း 2322 ရှိပါတယ်

အဲ့ဒီအချိန်က ဈေးနှုန်းနဲ့ မဖွင့်ရသေးတဲ့ ပစ္စည်းတွေရဲ့ လေလံအောင်မြင်ဈေးနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် နှစ်စဉ်နှုန်းမှာ -50% မှ +600% ဖြစ်ပြီး ပျမ်းမျှနှစ်စဉ်နှုန်းမှာ 11% ဖြစ်နေပါတယ်။

ရှိသမျှအကုန်လုံးက မြတ်နေတာတော့ မဟုတ်ပေမယ့်လည်း၊ ရုပ်ရှင်ကာရိုက်တာပုံတွေကို  ပူးပေါင်းထုတ်လုပ်ထားတဲ့ အရုပ်တွေဟာ အမြတ်ဆုံးပဲဖြစ်ပါတယ်

 

StarWars အရုပ် set ၊ Millennium Falcon တို့ကို 2007 ခုနှစ်ရောင်းအား ယန်း ၄သောင်းလောက်ရှိခဲ့ပေမယ့်၊ 2014 ခုနှစ် လေလံဈေးမှာတော့ ယန်း 151 သန်းတောင်ရှိခဲ့ပါတယ်

7 နှစ်တည်းနဲ့ ပြောင်းလဲသွားတာပါ

 

 

စကားမစပ်၊ အရေးကြီးတဲ့ အချက်များထဲမှ တစ်ခုက ဖွင့်ပြပြီး ရောင်းရတဲ့  အရာဖြစ်မနေတာပါပဲ

ဖွင့်‌ရောင်းပြီးရင်တော့ ပျမ်းမျှ -25% ဖြစ်သွားပါမယ်

 

LEGO က ဘာကြောင့်ကောင်းလဲဆိုတဲ့ အကြောင်းပြချက်ကတော့

・သက်တမ်းကုန်သွားတာမျိုးမရှိဘူး

・တကမ္ဘာလုံးမှာ လူကြိုက်များတယ် (ကမ္ဘာဲ့ ဘယ်နေရာမှာ ဈေးကြီးနေလဲတော့ မသိပေမယ့်၊ တင်ဒါခေါ်လိုသူ အလွန်များပါတယ်)

・မပျက်စီးပါဘူး (ဖွင့်ပြစရာမလိုတဲ့ ကုန်ပစ္စည်းဖြစ်ပြီး အတွင်းထဲမှာ ပျက်စီးနေတာမျိုး မရှိသ‌လောက်ရှားပါတယ်)

 

ယူနစ်စျေးနှုန်းကလည်း အိမ်ခြံမြေနှင့်ယှဉ်လိုက်ရင် စတင်ဖို့လွယ်ကူတာကလည်း ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်

သို့သော်လည်း ထုတ်လုပ်မှုပြီးဆုံးပြီးနောက် အနည်းဆုံး သုံးနှစ်အကြာမှသာ ဈေးနှုန်း ရွေ့လျားမယ်လို့ ဆိုထားတာကြောင့်၊ ရေရှည်ကြည့်ပြီး လုပ်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှု ပစ်မှတ်တစ်ခုဖြစ်ပါတယ်

ရောင်းလိုတဲ့အခါ ကိုယ်တိုင် လေလံတင်ဖို့လည်း လိုပါတယ်။

အထူးသဖြင့် နိုင်ငံရပ်ခြားနဲ့ အမေရိကန်လေလံပွဲတွေမှာ မြင့်မားတဲ့ စျေးနှုန်းရဖို့ လွယ်ကူတာကြောင့် လေလံတင်ဖို့နဲ့ တင်ပို့ဖို့ အချိန်ယူရပါတယ်

ဒါတောင် သိမ်းထားရုံနဲ့ ဈေးအရမ်းတက်သွားရင် အကောင်းဆုံးမဟုတ်ဘူးလား?

 

ကလေးကစားစရာတွေထဲက LEGO အရုပ်တွေကိုကြည့်ရင်း ပိုက်ဆံတွေဖြစ်လာမယ်လို့ တွေးမိလောက်ပါတယ်

Limited Edition တွေကိုရှာပြီး စိန်ခေါ်မကြည့်ချင်ဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: