အင်တာနက်က အချက်အလက်တွေက ဘယ်လောက်အထိ ယုံကြည်ရသလဲ?? ပါးစပ်သတင်းရဲ့ ယုံကြည်နိုင်မှုကို လှုပ်ခတ်သွားစေတဲ့ မှုခင်းဖြစ်ရပ်

တီဗီသီတင်း ကြေညာသူဆိုတာကလည်း ရေးထားပေးတာကို ဖြတ်ပြရတာဆိုတော့ အပြစ်မဆိုသာပါဘူး

တီဗီကြေညာထဲက ပစ္စည်းကလည်း စပွန်ဆာရလို့ ကြေညာတာဆိုတော့ မမှားပြန်ပါဘူး

ဒါပေမယ့် အင်တာနက်သတင်းကတော့ ဒီလိုမဟုတ်ပါဘူး

လိုင်းပေါ်တင်တဲ့သူက လူတိုင်းအသုံးပြုသူဖြစ်နေတော့ ကြည့်သူများရင်များသလောက် ယုံကြည်ရတယ်လို့ ထင်ကြတာပဲမဟုတ်လား

 

ဒီလို အင်တာနက်ကို ပါးပါးနပ်နပ်သုံးနေတဲ့ မားကတ်တင်းနည်းလမ်းတစ်ခု ရှိပါတယ်

အဲ့ဒါကတော့ ကိုယ်ပျောက်စျေးကွက် ပါပဲ

ပိုက်ဆံပေးပြီး “ဒီလိုရေးပေး” ဆိုပြီး follower များတဲ့သူကို ခိုင်းတဲ့နည်းပါ

 

follower များတဲ့သူကို ပစ္စည်းစမ်းသုံးခိုင်းပြီး honest review ရေးခိုင်းတာကတော့ ရှိပေမယ့်၊ အကြောင်းပြချက်ကိုပါ ပြရတာဖြစ်လို့ ယုံကြည်လို့တော့ရပါတယ်

 

ပစ္စည်းသုံးပေးနေရတော့လည်း ဆိုးဆိုးဝါးဝါးကြီးတော့ မရေးပါဘူး

အဲ့ဒီတော့ 100% ယုံကြည်လို့လည်း မရပြန်ပါဘူး

ဒါကြောင့်ပဲ ကိုယ်ပျောက်စျေးကွက်လို့ ခေါ်ကြတာဖြစ်ပေမယ့် သတင်းထိန်းချုပ်မှုရှိတယ်ဆိုတဲ့ အချက်က တော်‌တော်လေး ကွဲပြားတဲ့အချက်ပါပဲ

 

ကိုယ်ပျောက်စျေးကွက်မှာရောင်း၊ အလိမ်တွေပေါ် ပြဿနာတွေတက် ဖြစ်နေတာကတော့ အခုခေတ်အင်တာနက်မှာ မဆန်းတော့ပါဘူး

အဲ့ဒီအထဲကမှ ဂျပန်မှာ တော်တော်ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်

 

လူငယ်တွေကြားမှာ ရေးပန်းစားနေတဲ့ TikTok ရဲ့ ဂျပန်နိုင်ငံတွင်း လည်ပတ်ရေးကော်ပိုရေးရှင်းက ကိုယ်ပျောက်စျေးကွက်ကို လုပ်ခဲ့လို့ပါပဲ

Twitter ဆိုတဲ့ နာမည်ကြီး SNS အသုံးပြုသူတစ်ယောက်ကို ပိုက်ဆံပေးပြီး၊ TikTok ဗီဒီယိုတင်ခိုင်းခဲ့လို့ပါပဲ

ဗီဒီယိုချင်း အတူတူဆိုပေမယ့်လည်း Twitter အသုံးပြုသူတွေအတွက် ထင်မြင်ချက်ပြောဖို့ နေရာမရှိခဲ့ပါဘူး

 

ဒါက ကြေညာပါဆိုပြီး လုပ်လိုက်ရင်တော့ အဆင်ပြေပေမယ့်၊ အဲ့ဒီလို ပြတ်ပြတ်သားသားမဟုတ်ဘဲ အသုံးပြုသူတွေကို လိမ်ညာလိုက်တာကြောင့် ဂျပန်ရှေ့နေများအဖွဲ့ချုပ်ကနေ ထင်မြင်စာတွေပါ ထုတ်ပြန်လိုက်ရပါတယ်

 

TikTok ကို စီမံနေတဲ့ ByteDance Japan ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက

“ဝန်ဆောင်မှု သို့မဟုတ် ထုတ်ကုန်မဟုတ်ဘဲ အကြောင်းအရာကို ပျံ့နှံ့စေဖို့ ရည်ရွယ်ခဲ့တာကြောင့် ကြေညာအဖြစ် မှတ်ပုံတင်ဖို့ မလိုပါဘူး။

သို့သော် အသုံးပြုသူတွေကို နားလည်မှုလွဲသွားစေတာကြောင့်

နောက်ပိုင်းဒီလိုမဖြစ်အောင် ကျပ်ကျပ်စည်းစည်း လုပ်ဆောင်သွားပါမယ်”

လို့ပြောခဲ့ပါတယ်

 

ပစ္စည်းရောင်းတာမဟုတ်ဘဲ SNS ကုမ္ပဏီအချင်းချင်းကို ကိုယ်ပျောက်ဈေးကွက် သုံးပြီး ကြေညာခဲ့တာကတော့ အင်တာနက်ပေါ်က ပါးစပ်သတင်းဆိုတဲ့ အရာကို တော်‌တော်လေး အယုံအကြည်ပျက်သွားစေပါတယ်

 

ပါးစပ်သတင်းမှာ ဒီလိုအလိမ်အညာတွေ ပါနေတတ်လို့ 100% မယုံကြည်ရပါဘူး

ကိုယ်တိုင် သေသေချာချာ လေ့လာဖို့ကလည်း လိုပါတယ်နော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: