အိုဆာကာ အဆောက်အဦ မီးရှို့မှုကို မဖြစ်ခင် တားဆီးနိုင်တယ်မလား?

အိုဆာကာ share အဆောက်အဦတစ်ခုမှာ မီးရှို့မှုဖြစ်ပွားခဲ့ပြီး၊ အမျိုးသား အမျိုးသမီး ၂၅ယောက် သေဆုံးခဲ့ရတာကို သိပြီးတဲ့သူ များမယ်ထင်ပါတယ်

ထိခိုက်မိတဲ့သူတွေအကုန်လုံးက နစ်နာသူတွေပါပဲ

ဘာအမှားမှ လုပ်မထားတဲ့သူတွေပါ

ဒီလို အံ့မခန်းဖွယ်ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ တရားခံ တနိမိုတို မိုရိအိုက တကယ်တော့ လွန်ခဲ့တဲ့ ၁၀နှစ်ကလည်း ဆိုးဝါးတဲ့အရာတစ်ခုကို ကျူးလွန်ခဲ့ပါသေးတယ်

လုပ်ခဲ့တဲ့ ပြစ်မှုကလည်း ဆိုးဝါးလွန်းလှပါတယ်

ဒီလောက်ဆိုးဝါးတဲ့ ပြစ်မှုကိုကျူးလွန်ခဲ့သူက ဘာကြောင့် လွတ်လွတ်လပ်လပ် သွားလာနေနိုင်ရတာလဲ?

ဒီပြစ်မှုကိုလည်း မလုပ်ခင်ကြိုတားနိုင်လိုက်ရမှာ မဟုတ်ဘူးလား? ဆိုပြီး အင်တာနက်ပေါ်မှာ ပြောစရာတစ်ခုဖြစ်နေပါတယ်

တနိမိုတိုက မွေးချင်းလေးယောက်အနက် ဒုတိယသားအဖြစ် သတ္တုပြားစက်ရုံကို လုပ်ကိုင်တဲ့ အိမ်မှာ 1960 ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်

သူကိုယ်တိုင်ကလည်း  အထက်တန်းကျောင်းပြီးတာနဲ့ သတ္တုပြားလုပ်သားတစ်ဦးဖြစ်လာပြီး၊ အစ်ကိုဖြစ်သူက မိသားစုလုပ်ငန်းကို တာဝန်ယူပြီးနောက် သူက စက်ရုံအများအပြားမှာ အလုပ်ပြောင်းလုပ်ကိုင်နေခဲ့ပါတယ်

 

အိုဆာကာမြို့ထဲမှာ အိမ်ဝယ်ပြီး မိန်းမနဲ့ သား ၂ ယောက်နဲ့အတူ နေထိုင်နေခဲ့ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ကွာရှင်းခဲ့ပါတယ်

ကွာရှင်းပြီးနောက် ဇနီးဖြစ်သူအား ပြန်ပေါင်းဖို့ အတင်းအကြပ် ဖိအားပေးခဲ့ပုံရပါတယ်

 

မိန်းမကသဘောမတူတော့ တစ်ယောက်တည်းအထီးကျန်နေတဲ့ တနိမိုတိုက “သေချင်တယ်” လို့တွေးနေခဲ့ပုံရပါတယ်

ကိုယ့်ကိုယ်ကိုကျတော့ သေဖို့မလုပ်နိုင်ခဲ့ပါဘူး

အဲ့ဒီတော့ “တစ်ယောက်ယောက်ကို သတ်လိုက်ရင်၊ ငါလဲသေနိုင်လောက်တယ်” လို့တွေးပြီး၊ မယုံနိုင်စရာ သားအကြီးကိုသတ်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်

 

၂၀၀၉ခုနှစ် နိုဝင်ဘာလမှာ သားအကြီးလေးကခေါ်လို့ မိသားစု၄ယောက် ရုပ်ရှင်သွားကြည့်ခဲ့ပါတယ်

ရုပ်ရှင်ကြည့်ပြီးတော့ မိန်းမက သူတို့နေနေတဲ့အိမ်ကို လည်ဖို့ခေါ်တော့ “ဆူရှီ သွားယူခဲ့မယ်” လို့ပြောပြီး သူ့အိမ်ကိုတစ်ခေါက်ပြန်ခဲ့တယ်

ဆူရှီနဲ့အတူ ဓား ၂ ချောင်း၊ ကျဥ်စက်၊ မျက်ရည်ယိုဖြန်းဆေး၊ တူ တွေကို ဖွက်ယူလာခဲ့ပါတယ်

 

အရက်သောက်ပြီး မူးလာတော့ ဓားကိုင်ကာ သားကြီးဖြစ်သူကို ဓားနဲ့တိုက်ခိုက်ကာ၊ လဲကျသွားတဲ့ သားကို အချက်ပေါင်းများစွာ ဓားနဲ့ထိုးခဲ့ပါတယ်

သားကြီးက ပြန်လည်တိုက်ခိုက်ပြီး တနိမိုတိုကို အိမ်ရှေ့တံခါးမှ မောင်းထုတ်နိုင်ခဲ့ပါတယ်

အိမ်ရှေ့တံခါးမှာ သွေးတွေအိုင်နေခဲ့ပါတယ်

ကံကောင်းထောက်မစွာနဲ့ သားကြီးက နှစ်ပတ်ခန့်အတွင်း သက်သာလာခဲ့ပြီး၊ တနိမိုတုကလည်း အဖမ်းခံခဲ့ရပါတယ်

 

သို့သော် အထိအခိုက်နည်းတာကြောင့် ထောင် ၄ နှစ်ပဲကျခဲ့ပါတယ်

ထောင်ကလွတ်လာပြီး အခုတစ်ခေါက်အမှုကို ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်

 

ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ပြီး ပြစ်ဒဏ်ကျခံပြီး လောကကြီးထဲကို ပြန်လာဖို့ဆိုတာ ပုံမှန်ပါပဲ၊ ဒါပေမယ့် တနိမိုတို ကိစ္စမှာတော့ လွန်ခဲ့တဲ့ 10 နှစ်လောက်က အဖြစ်အပျက်က ပုံမှန်မဟုတ်ဘူးလို့ မထင်ဘူးလား?

ကိုယ်သေချင်တာနဲ့ပဲ ကိုယ့်သားကိုသတ်တယ်ဆိုတာက ဘယ်လိုမှနားမလည်နိုင်ပါဘူး

ဒီလောက်ကြီး အတ္တကြီးတဲ့အမှုမျိုးတော့ များများစားစားရှိမယ်မထင်ပါဘူး

 

ဒီလိုအဖြစ်အပျက်မျိုး ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်ကောင်ကို လေးနှစ်အတွင်း  ပြန်လွှတ်ပေးရင် ဒီလိုဖြစ်လာမယ်လို့ တွေးမိမယ်လို့လည်း  ထင်ပါတယ်

သားကြီးဒဏ်ရာက ပြင်းထန်ခြင်းမရှိရတဲ့အချက်က သားကြီးရဲ့ ကြိုးပမ်းမှုကြောင့် ရှောင်ရှားနိုင်ခဲ့တာပါ

တနိမိုတုရဲ့ ရူးသွပ်က အဆိုးဆုံးဆိုတာကတော့ ငြင်းစရာမရှိပါဘူး

 

ဂျပန်တရားရုံးတွေမှာ ပျက်စီးဆုံးရှုံးမှုအခြေအနေအပေါ်အခြေခံပြီး ယခင်သာဓကတွေနဲ့ နှိုင်းယှဉ်ပြီးမှ စီရင်ချက်ချတတ်တဲ့ သဘောထားရှိပါတယ်။

ဒီအကြံက မှန်ကန်ခြင်းရှိမရှိ ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်မဟုတ်လား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: