တရားမျှတမှုတွင် Double standard ကို ခွင့်မလွှတ်ပါ

တရားမျှတမှုဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အားလုံးသိကြလား?

တရားမျှတမှုရဲ့ ဆန့်ကျင်ဘက်က အဆိုး၊ ရာဇ၀တ်မှုဖြစ်ပါတယ်

အခြေအနေတူဖြစ်ရင်တောင်မှ ဆန့်ကျင်ဘက်စကားလုံး ဖြစ်သွားနိုင်ပါတယ်

 

ဥပမာ လူသတ်တာက မကောင်းတာဖြစ်ပြီး ရာဇ၀တ်မှုတစ်ခုပါ။

ဒါပေမယ့် စစ်ပွဲမှာလူသတ်တာကျတော့ရော?

 

ရန်သူစစ်သည်တွေကို တတ်နိုင်သမျှ အနိုင်ယူပြီး အနိုင်ရပါက သူရဲကောင်းဖြစ်လာမှာပါ။ အဲဒါက တရားမျှတမှုပါပဲ။

ဒါပေမယ့် ရန်သူစစ်သားတွေ အများကြီးကို သတ်ပေမယ့် ရှုံးရင်ကော?

ဒီတစ်ခါကျတော့ စစ်ရာဇ၀တ်ကောင်ဖြစ်လာပြီး လူဆိုးဖြစ်သွားပါမယ်။

 

ဘာများကွာခြားသွာတာလဲ?

 

ဟေးဝခေတ်မှာ လူသတ်သမားတစ်ဦးကို ဖမ်းမိခဲ့ပါတယ်

သေဒဏ်ချမှတ်ခံခဲ့ရသော်လည်း ဒီရာဇ၀တ်ကောင်ကို သတ်ဖြတ်ခဲ့သူကလည်း လူသတ်နေတာပဲလေ

ဒါကျတော့ တရားခံမဟုတ်ဘဲ တရားမျှတမှုပါတဲ့

 

ဟုတ်ပါတယ်၊ ရာထူးနဲ့ ခေတ်ပေါ် မူတည်ပြီး တရားမျှတမှုနဲ့ အဆိုးက ဖလှယ်နေပါတယ်။

 

မလုပ်သင့်တဲ့ Double standard

လုံးဝမလုပ်သင့်တာကတော့ Double standard ပါပဲ

လူတွေကိုဝေဖန်ချင်တယ်ဆိုရင် ကိုယ်ကလည်း ဒီအရာတွေကို လုပ်နေလို့မရဘူးဆိုတဲ့ စည်းမျဥ်းပါပဲ

 

 

နောက်မကျနဲ့! လို့ပြောတဲ့ သူဌေးက အမြဲနောက်ကျနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ?

မဖြစ်သင့်ဘူးလေနော်?

 

လာဘ်မယူနဲ့!  အဲဒီလိုဆိုရင် ကိုယ်ကလည်း ဘယ်တော့မှ လက်မခံသင့်ဘူးမလား။

 

လူတွေကို တင်းကြပ်ချင်တယ်ဆိုရင်၊ သင်ကိုယ်တိုင်က တင်းကြပ်ပြီးမနေရင် ပြောဖို့ အရည်အချင်း မရှိပါဘူး။

 

နိုင်ငံ့အကျိုးစီးပွားအတွက် ဦးစားပေးလုပ်ဆောင်ရမယ့် နိုင်ငံရေးသမားတွေက ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ရင် မကောင်းပါဘူး။

ဂျပန်လည်းဒီလိုနိုင်ငံဖြစ်လာပါပြီ

သင့်နိုင်ငံမှာရောဘယ်လိုလဲ?

နိုင်ငံကို ဝေဖန်ချင်တဲ့ သင်ကရော Double standard ဖြစ်နေသလား?

နောက်တစ်ကြိမ် ပြန်စမ်းစစ်ပါနော်

 

မှန်မှန်ကန်ကန် အသက်ရှင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို တင်းတင်းကျပ်ကျပ် လုပ်မှရပါမယ်

ကိုယ်တိုင်မှန်ကန်နေမှ သင့်ပတ်ဝန်းကျင်ကိုလည်း မှန်ကန်တဲ့လူတွေ ရောက်လာမှာပါ

 

မှန်ကန်တဲ့လူတွေအချင်းချင်း စုမိမှသာ မှန်ကန်တဲ့နိုင်ငံတော်ကြီး ဖြစ်လာမှာပါ

ပျော်ရာလမ်းကိုမလိုက်ဘဲ မှန်ကန်တာကဘာလဲ? သေသေချာချာ စဥ်းစားပြီး လုပ်ဆောင်ရပါမယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: