အသက် ၇၀ အရွယ် အလုပ်သမား ၂ ဦး၊ ကွန်ကရစ်ရောစပ်တဲ့စက်ရုံရှိ Silo ထဲသို့ပြုတ်ကျပြီး သေဆုံး။

Nara ရဲ့ Ikoma မြို့ရှိ ကွန်ကရစ်ရောစပ်တဲ့စက်ရုံမှာ Silo ထဲသို့ ပြုတ်ကျသွားခဲ့တဲ့ အသက် ၇၀ အရွယ်အမျိုးသားနှစ်ဦး သေဆုံးကြောင်းအတည်ပြုခဲ့ပါတယ်။

https://times.abema.tv/articles/-/10008657

၁၄ ရက်နေ့ နံနက် ၁၀ နာရီလောက်မှာ၊ Nara ရဲ့ Ikoma မြို့ရှိ ကွန်ကရစ်ရောစပ်တဲ့စက်ရုံရဲ့ Silo အတွင်းပိုင်းမှာ လှေကားတပ်ဆင်နေခဲ့ကြတဲ့ အသက် ၇၀ အရွယ်အမျိုးသား ၂ ဦး၊ Silo ထဲသို့ပြုတ်ကျသွားခဲ့ပါတယ်။

မီးသတ်ကားများလည်း အပြေးအလွှားရောက်လာကြတဲ့အချိန် အလုပ်သမား ၂ ဦးဟာ Silo ထဲရှိ ကျောက်စရစ်ခဲထဲမှာမြှုပ်နေခဲ့ပါပြီး။ မတော်တဆမှုဖြစ်ပွားပြီး ၇ နာရီခွဲအကြာမှာတော့ သေဆုံးနေတဲ့အခြေအနေနဲ့ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သေဆုံးသွားတဲ့အလုပ်သမား ၂ ဦးကတော့ (အသက် ၇၀) နှစ်နှင့် အသက် (၇၈)နှစ်တို့ပဲဖြစ်ပါတယ်။

ရဲဌာနရဲ့အဆိုအရ၊ Silo ရဲ့အမြင့်ဟာ ၁၀ မီတာခန့်၊ အချင်း ၅ မီတာခန့်ဖြစ်ပြီး၊ Silo အတွင်းပိုင်းမှာ ၅ မီတာအမြင့်ထိ ကျောက်စရစ်ခဲတွေကိုထည့်ထားပြီးဖြစ်ပါတယ်။

ရဲနဲ့မီးသတ်တွေဟာ Silo ထဲအရှင်လတ်လတ်မြှုပ်သွားခဲ့တဲ့အလုပ်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ခဲ့ကြပေမဲ့၊ အဲ့ဒီနောက် သေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။

 

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: