မကြာသေးမီက အပြီးတိုင်ပိတ်လိုက်ရတဲ့ အမေရိကန်နိုင်ငံရှိ Disneyland ရဲ့စီးစရာတစ်မျိုး

“ အိပ်မက်တိုင်းပြည်” ဆိုပြီးကမ္ဘာတစ်ဝှမ်းကလူတွေသဘောကျကြတဲ့ Disneyland ဟာ၊ ကလေးတွေကနေ လူကြီးတွေအဆုံး လည်ပတ်နိုင်တဲ့မိသားစုအပန်းဖြေတဲ့နေရာအဖြစ်သိကြပေမဲ့၊ မကြာသေးမီက အမေရိကန်နိုင်ငံရှိ Disneyland ကစီးစရာတစ်မျိုးဟာ ကြောက်စရာကောင်းတယ်ဆိုတဲ့ ကိစ္စကြောင့် အပြီးတိုင်ပိတ်သိမ်းလိုက်ရပါတယ်။

https://front-row.jp/_ct/

ထိုစီးစရာကတော့ ဖလော်ရီဒါပြည်နယ်ရှိ Walt Disney World Resort ရဲ့ Magic Kingdom ပန်းခြံထဲမှာရှိတဲ့ ExtraTERRORestrial Alien Encounter ပဲဖြစ်ပါတယ်။

Alien Encounter ဆိုတဲ့နာမည်အတိုင်းပဲ စိတ်လှုပ်ရှားဖွယ်စီးစရာတစ်မျိုးပါ။ အချို့အမာခံပရိသတ်တွေကလည်း တစ်ခဲနက်အားပေးထောက်ခံကြပါတယ်။ သို့သော်စီးစရာမှာ Disney ရဲ့ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေ လုံးဝမပါလို့ဆိုတဲ့ အငြင်းပွားမှုပါလာသလို
အမှောင်ထဲမှာ အခန်းတွင်းကိုလှည့်လည်တဲ့ ဂြိုလ်သားတွေရဲ့ငြီးငြူအော်ဟစ်တဲ့အသံတွေကြားရင်းနဲ့၊ “ တိုက်ခိုက်နိုင်တယ်” ဆိုတဲ့ကြောက်ရွံ့မှုတွေကိုခံစားရစေတာကြောင့်၊ “ အိပ်မက်တိုင်းပြည်” ဆိုတဲ့ခေါင်းစဉ်နဲ့မကိုက်ညီမှုကနေ ဖွင့်လှစ်ခဲ့တဲ့ ၈ နှစ်တာကာလမှာပဲအပြီးတိုင်ပိတ်လိုက်ရပါတယ်။

အမေရိကန်က Inside The Magic ပြောချက်အရ၊ Disneyland နဲ့မကိုက်ညီတဲ့အကြောင်းအရာကြောင့်၊ အငြင်းပွားမှုမပြီးပြတ်နိုင်ခဲ့တဲ့ Alien Encounter ဟာ၊ pre-opening အချိန်ကတည်းက “ အကြမ်းဖက်ဆန်တယ်” “ ကြောက်စရာကောင်းလွန်းတယ်” ဆိုပြီးပြောသံတွေများစွာရှိခဲ့ပြီး၊ ပြသနေစဉ်အတွင်း ပေါ်လာတဲ့တင်ဆက်သူရဲ့စကားသံကိုတောင် မကြားရလောက်အောင် တစ်ယောက်ပြီးတစ်ယောက် အသံကျယ်ကြီးတွေနဲ့အော်ဟစ်ကြလို့ စီစဉ်သူတွေတောင် အသံအချို့ချိန်ညှိဖို့ တွန်းအားပေးခံရတာမျိုးလည်း ရှိပါတယ်။ ဒီအပြင် Disney ရဲ့ theme park နဲ့စီးစရာတွေရဲ့ စီစဉ်ဖန်တီးမှု တာဝန်ရှိသူ အချင်းချင်းကြားမှာလည်း၊ ပန်းခြံအတွင်း ကန့်သတ်ချက်များရှိတဲ့ အကြမ်းစားစီးစရာတွေကို ထည့်သွင်းခြင်းနဲ့ပက်သတ်ပြီးလည်း အမြင် ၂ မျိုးကွဲနေပါတယ်။

စကားမစပ်၊ Alien Encounter နဲ့ဆင်တဲ့ Magic Kingdom မှာ ၂၀၂၁ ခုနှစ် ၅ လပိုင်းအထိဖွင့်လှစ်ခဲ့တဲ့ “ Snow White’s Scary Adventures” နဲ့ တိုကျို Disneyland မှာ ၁၉၈၆ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိရှိခဲ့တဲ့ Cinderella Castle Mystery Tour ကလည်း၊ နိုင်ငံခြားသားပရိသတ်တွေကြားထဲမှာတော့ “ ကြောက်စရာကောင်းလွန်းလို့ ပိတ်ပစ်လိုက်ပြီ” ဆိုပြီးပြောကြပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: