Omicron ကူးစက်ပြန့်ပွားမှုကိုထိန်းချုပ်ရန် G7 အဖွဲ့အရေးပေါ်တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ရေးအတည်ပြု

စက်မှုအင်အားကြီး နိုင်ငံ ၇ နိုင်ငံပါဝင်တဲ့ G7 အဖွဲ့ဟာ အရေးအပေါ်တွေ့ဆုံမှုပြုလုပ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲ Omicron အတွက်တုံ့ပြန်မှုကို ဆွေးနွေးခဲ့ကြပါတယ်။ အနီးကပ်သတင်းအကြောင်းအရာများကို မျှဝေရုံသာမက၊ ကာကွယ်ဆေး ထုတ်လုပ်ခြင်းမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။

https://news.tv-asahi.co.jp/news_international/articles/000236663.html

၂၀၂၁ ခုနှစ်အတွက် G7 အဖွဲ့ရဲ့ဥက္ကဌတာဝန်ကိုယူထားတဲ့ ဗြိတိန်ကဦးဆောင်ခဲ့သော ကျန်းမာရေးဝန်ကြီးအစည်းအဝေးကို ၂၉ ရက်နေ့က အွန်လိုင်းဖြင့်ကျင်းပခဲ့ပါတယ်။

ကူးစက်မှုလျင်မြန်သော မျိုးကွဲ “ Omicron” ရဲ့ သတင်းအချက်အလက်ဖလှယ်ခြင်းနှင့်စောင့်ကြည့်ရေးအပြင်၊ ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှုမှာ အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ဒီအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကာကွယ်ဆေးထောက်ပံ့ပေးရုံသာမကဘဲ၊ အမှန်တကယ် ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။

ဂျပန်လဝကဝန်ကြီးဌာနအရ “ မျိုးကွဲ Omicron ကို ဂျပန်မှာအတည်ပြုလိုက်ပြီဖြစ်တာကြောင့် G7 ရဲ့ကျန်းမာရေးဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်” လို့သိရပါတယ်။

ဂျပန်ဘက်ကနေ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး မစ္စတာ Shigeyuki Goto ကတက်ရောက်ခဲ့ပြီး၊ နယ်မြေစည်းခြားကာကွယ်တားဆီးခြင်းနှင့် ဂျီနိုမ်ခွဲခြမ်းစိတ်ဖြာမှုစနစ် အားကောင်းလာခြင်းနှင့်ပတ်သက်ပြီး အစီရင်ခံတင်ပြခဲ့ကြောင်း သိရပါတယ်။

 

 

Japo Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: