စစ်ကြီးပြီးသွားတာမသိဘဲ နှစ် 30 ကြာ တစ်ယောက်တည်း တိုက်ပွဲဝင်ခဲ့သူ အိုနိုဒ ဟိရို့အို တစ်ယောက်မြင်ခဲ့ရတဲ့ ကမ္ဘာကြီး

ဒုတိယကမ္ဘာစစ်မှာ ဂျပန်တို့ ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာအရပ်ရပ်သို့ ပြန့်ကျဲနေသော ဂျပန်စစ်သားများ ဂျပန်သို့ ပြန်သွားခဲ့ပါတယ်။

တချို့က နေရာမျိုးစုံမှာ နေခဲ့ပြီး အဲ့ဒီတိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေလည်း ရှိပါတယ်။

ဒေသခံမိတ်ဆွေများနှင့် အသက်ပေးပြီးတော့ကို တိုက်ပွဲဝင်ခဲ့ကြတာပါ။

 

ဒါပေမယ့် တချို့က တစ်ကိုယ်တည်း အထီးကျန်တိုက်ပွဲတွေ ဆင်နွှဲနေခဲ့ပါတယ်။

စစ်ပွဲပြီးဆုံးပြီးနောက် ၂၈ နှစ်အကြာတွင် ဂူအမ်မှပြန်လာသူ ယို့ခိုအိ ရှိုးအိချိ လိုလူမျိုးတွေပေါ့။

ဒီတစ်ခေါက် ဇာတ်ဆောင်ကတော့ အိုနိုဒ ဟိရို့အို ပဲဖြစ်ပါတယ်။

 

အိုနိုဒစံဟာ စစ်ပွဲပြီးဆုံးပြီးနောက် အနှစ် 30 ကြာ တစ်ယောက်တည်း ဆက်လက်တိုက်ပွဲဝင်နေခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ခံရသော အိုနိုဒ ဟာ စစ်ပွဲပြီးဆုံးခါနီး ၁၉၄၄ ခုနှစ် လျှို့ဝှက်စစ်ပွဲမှာ အထူးလေ့ကျင့်ရေးမှာပါခဲ့ပါတယ်။

 

တပ်ထဲမလွှတ်ခင်မှာ အမေက ဓားမြှောင်တစ်ချောင်း ပေးပြီး “မင်း စစ်သုံ့ပန်းဖြစ်တော့မယ်ဆို သတ်သေလိုက်တော့”လို့ပြောလိုက်ပါတယ်။

သို့သော်လည်း တပ်ဖွဲ့မှူးဖြစ်တဲ့ အထက်လူကြီးက “ ဂုဏ်သိက္ခာရှိရှိ သေတယ်ဆိုတာ မလုပ်သင့်ဘူး!” လို့ပြောခဲ့ပုံပါပဲ။

ဂုဏ်သိက္ခာရှိရှိ သေတယ်ဆိုတာ မိမိကိုယ်ကို သတ်သေခြင်းပါပဲ။

 

ရန်သူဝိုင်းရံထားတဲ့ကြားက လွတ်မြောက်ဖို့ တောတွင်းကိုပြေးခဲ့ပါတယ်။

အဲ့ဒီအတိုင်းပဲ ခံနိုင်ရည်တိုက်ပွဲအဖြစ် ဆက်နေပြီး ၁၉၄၅ ခုနှစ် ဩဂုတ်လကို ‌ရောက်လာခဲ့ပါတော့တယ်။

ဂျပန်က နောက်ဆုံးမှာ လက်နက်ချပြီး စစ်ပွဲပြီးဆုံးသွားပါတော့တယ်။

သို့သော် အိုနိုဒစံနဲ့ အခြားသူများထံ အကြောင်းကြားစာ မရရှိခဲ့ပါဘူး။

အတူတူရှိနေခဲ့တာက ထောက်လှမ်းရေးလှုပ်ရှားမှုအတွက် Yuichi Akatsu၊ Shoichi Shimada၊ Kinshichi Kozuka တို့ပဲဖြစ်ပါတယ်။

ဒါကို ဂျပန်နိုင်ငံက မသိခဲ့ဘဲ ၁၉၄၅ ခုနှစ် စက်တင်ဘာလမှာ သူတို့တွေဟာ စစ်ပွဲထဲမှာ သေသွားတယ်လို့ပဲ သတ်မှတ်လိုက်ကြပါတော့တယ်။

 

ထို့နောက် ၁၉၅၀ ခုနှစ် ဇွန်လမှာ Akatsu စံ က လက်နက်ချခဲ့ပြီး အိုနိုစံနဲ့ တခြား သုံးဦးလည်း အသက်ရှင် လွတ်မြောက် လာခဲ့ပါတော့တယ်။

 

ထိုအချိန်က ဖိလစ်ပိုင်သည် အမေရိကန် ကိုလိုနီ လက်အောက်မှ လွတ်မြောက်ခဲ့သော်လည်း အမေရိကန် တပ်ဖွဲ့ဝင် အများအပြား ကျန်ရှိနေသေးသောကြောင့် အိုနိုဒစံဟာ အမေရိကန် တပ်များကို ဆက်လက် တိုက်ခိုက်နေခဲ့ပါတယ်။

အမေရိကန်စစ်တပ်၏ ရေဒါစခန်းအား တိုက်ခိုက်မှု၊ စနိုက်ပါနှင့် အနှောက်အယှက်ဖြစ်စေသည့် တိုက်ခိုက်မှု စုစုပေါင်း အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ထပ်ခါထပ်ခါ ပြုလုပ်ခဲ့ပါတယ်။

စစ်ပွဲအပြီးတွင် အိုနိုဒရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန်နှင့် ဖိလစ်ပိုင် စစ်သား စုစုပေါင်း ၃၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ပါတယ်။

 

အဲ့ဒီပြည်သားတွေရဲ့အိမ်ထဲကို ခိုးဝင်ပြီး ခိုးယူခဲ့တဲ့ ရေဒီယိုသုံးပြီး ကမ္ဘာကြီးရဲ့ အခြေအနေကို သိခဲ့ပေမယ့်၊ အဲဒီအချက်အလက်တွေကို မယုံခဲ့တဲ့ပုံပါပဲ။

 

ဂျပန်နိုင်ငံဟာ အမေရိကန်ရဲ့ တွန်းအားပေးမှုကို ခံခဲ့ရပြီး ယခုအခါမှာတော့ ပြောတဲ့အတိုင်း လိုက်နာနေရုံပဲ ဖြစ်နေပါတော့တယ်။

လက်ရှိဂျပန်နိုင်ငံရဲ့ ခေါင်းဆောင်ဟာ တခြားနေရာကို သွားနေတယ်လို့ ယုံထားပြီး၊ ဂျပန်အတွက် စစ်မှန်တဲ့တိုက်ပွဲ မပြီးဆုံးနိုင်သေးဟုဆိုကာ  အသည်းအသန်ကြိုးစားနေခဲ့ပါတယ်။

 

ဖိလစ်ပိုင်ဒေသခံတွေရဲ့ အမြင်မှာတော့ တောထဲမှာနေထိုင်တဲ့ အန္တရာယ်ရှိတဲ့ ဂျပန်စစ်သားတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စရာလို့ တွေးမိခဲ့ကြပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံဟာ စစ်တမ်းများစွာကို ကောက်ယူခဲ့ပြီး နောက်ဆုံးမှာ 1974 ခုနှစ် လှုပ်ရှားမှုတွင်ပါဝင်ခဲ့တဲ့ ဆူဇူကီးစံဟာ အိုနိုဒစံနဲ့ တွေ့ခဲ့ရပါတော့တယ်။

 

သေနတ်ပြောင်းနဲ့ချိန်ထားတဲ့ အိုနိုဒစံကို ဆူဇူကီးစံဟာ

စကားပြောချင်လို့ပါ

တော်တော်ကြာကြာကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရမယ်လို့ထင်ပါတယ်

1945 ခုနှစ်ကတည်းက စစ်ပွဲကပြီးသွားပါပြီ

အိုနိုဒစံ ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ?

ဂျပန်ကို ကျွန်တော်နဲ့အတူ မပြန်ချင်ဘူးလား?

 

အိုနိုဒစံ တစ်ယောက်ပဲအသက်ရှင်ကျန်နေခဲ့ပြီး၊ တစ်ယောက်တည်း တိုက်ခိုက်နေခဲ့တဲ့ တိုက်ပွဲကြီးလည်း အဆုံးသတ်သွားခဲ့ပါတော့တယ်။

အထက်လူကြီးက အမိန့်ကို ရုတ်သိမ်းပါက လက်ရှိတာဝန်ကို အဆုံးသတ်မည်ဖြစ်ကြောင်း အိုနိုဒစံက ပြောခဲ့ပါတယ်။

အဲဒီနောက် ချက်ချင်းပဲ သူ့ရဲ့အထက်အရာရှိ မစ္စတာ Taniguchi က အဲဒီနေရာကို သွားရောက်ခဲ့ပြီး မစ္စတာ အိုနိုဒါကို ပြန်ခိုင်းခဲ့ပါတယ်။

ဒီမှာပဲ အိုနိုဒစံရဲ့ ၏ ရှည်လျားတဲ့ အထီးကျန်တိုက်ပွဲကြီး အဆုံးသတ်ပါတော့တယ်။

 

ဂျပန်နိုင်ငံသို့ ပြန်လာသူ အိုနိုဒစံကို ဂျပန်အစိုးရက ယန်း ၁၀ သန်း ပေးမယ်ပြောပေမယ့် ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ခဲ့ရုံပါလို့ပြောပြီး ငြင်းခဲ့ပါတယ်။

ဒါပေမယ့် အတင်းအကျပ်ပေးတဲ့အခါမှာတော့ ဂျပန်အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူတွေ စုပေါင်းအနားယူခဲ့ကြတဲ့ Yasukuni နတ်ကွန်းကို ဂျပန်နိုင်ငံတစ်ဝှမ်းက ရရှိတဲ့ အလှူငွေတွေနဲ့အတူ လှူဒါန်းခဲ့ပါတယ်။

 

ဧကရာဇ် Showa နဲ့ တွေ့ဆုံဖို့ကိုလည်း ငြင်းဆိုခဲ့ပါတယ်။

အိုနိုဒစံအတွက်၊ ဧကရာဇ်ဘုရင်မင်းမြတ်ဟာ နတ်ဘုရားနဲ့ နှိုင်းယှဉ်လို့ရတဲ့အထိ လေးစားခဲ့ရသူပါ။

သူ့ကိုတောင်းပန်ခဲ့သည်ရှိသော် ဆိုတဲ့စိတ်တစ်ခုတည်းနဲ့တင် မတွေ့နိုင်ခဲ့တာပါ။

 

သူနေခဲ့တဲ့ ကမ္ဘာနဲ့ လုံးဝမတူတဲ့ ဂျပန်နိုင်ငံကို မြင်တဲ့အခါ အိုနိုဒစံက ဘယ်လိုတွေးနေခဲ့မလဲ။

သူ့ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ဘဝကို ရုပ်ရှင်အဖြစ် ဖန်တီးခဲ့ပါတယ်။

 

https://www.youtube.com/watch?v=Gc9XL6SFT1s

 

စစ်ပွဲအတွင်း သေဆုံးသွားသော အရပ်သားများ။

စစ်ဆင်ရေးကို ဆက်လက်ခုခံကာကွယ်ပြီး အထီးကျန်ဆန်နေခဲ့တဲ့ စစ်သားတစ်ဦး။

 

စစ်ပွဲရဲ့ ပျက်စီးမှုက ကြီးမားတယ်။ စစ်ပွဲတွေ ထပ်မဖြစ်သင့်ဘူးလို့ အခိုင်အမာ ယုံကြည်ထားပါတယ်။

Abe Kango

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: