ထောင်ထဲမှာနေချင်လို့ မိဘကိုဓါးနဲ့ပြန်ရွယ်ပြီး ထပ်ခါထပ်ခါပြစ်မှုကျူးလွန်သူ

ကျည်ဆန်ရထားထဲမှာ အကြမ်းဖက်ရမ်းကားမှုကို ကျူးလွန်ခဲ့တဲ့ ကောင်လေး

အကြီးစားမတော်တဆမှု၊ သဘာဝဘေးအန္တရာယ်တို့နဲ့ ကြုံခဲ့ရတာမျိုးလည်းမရှိဘူး။
ဒီအပြင် နောက်ကျတာမျိုးလည်းသိပ်ပြီးဖြစ်ပေါ်လေ့မရှိတဲ့ ဂျပန်ရဲ့ကျည်ဆန်ရထားဟာ ကမ္ဘာမှာနံပါတ်တစ် စိတ်ချရတဲ့အမြန်ရထားဖြစ်တယ်လို့ သတ်မှတ်ခြင်းခံရပါတယ်။

ထိုကျည်ဆန်ရထားရဲ့အတွင်းမှာ ၂၀၁၈ ခုနှစ်က မှုခင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။
ကောင်လေးတစ်ယောက်ဟာ ဓါးကိုထုတ်ပြီးရမ်းကားမှုကြောင့် လူ ၃ ဦးအပြင်းအထန်ဒဏ်ရာရသွားပြီး၊ အဲ့ဒီထဲကတစ်ဦးဟာ သေဆုံးသွားတဲ့အထိဖြစ်ခဲ့ပါတယ်။
အဖမ်းခံလိုက်ရတဲ့တရားခံကတော့ Ichiro Kojima (အသက် ၂၂ နှစ်) ပဲဖြစ်ပါတယ်။

သူ့ရဲ့ရည်ရွယ်ချက်က ထောင်တစ်သက်တစ်ကျွန်းကျဖို့နဲ့ သေတဲ့အထိထောင်ထဲမှာနေသွားဖို့ဖြစ်တယ်လို့ သိရပါတယ်။
တရားရုံးထဲမှာ သူပြောသွားခဲ့တဲ့စကားတွေဟာ အတော်လေးနားလည်ရခက်ပါတယ်..

၂၀၁၉ ခုနှစ် ၁၁ လပိုင်း ၂၈ ရက်နေ့
ပထမဆုံးအကြိမ်ရုံးချိန်းဖြစ်တဲ့အဲ့ဒီနေ့မှာ Kojima ဟာ တရားရုံးထဲဝင်လာတဲ့အချိန်၊ “ ခွင့်ပြုပါအုံး” ဆိုပြီး အသံကျယ်နဲ့အော်ရင်း ရွှင်လန်းနေတဲ့ပုံစံနဲ့ဝင်လာခဲ့ပါတယ်။
ခေါင်းထိပ်ကိုပြောင်နေအောင်ရိတ်ထားတဲ့ ထူးဆန်းတဲ့အသွင်အပြင်နဲ့ တရားရုံးထဲကို စူးစူးဝါးဝါးလှည့်ပတ်ကြည့်နေတာဟာ ကြောက်စရာကောင်းတယ်လို့တောင် ပြောကြပါတယ်။

အဲ့ဒီနေရာမှာ လူအများကြီးကသက်သေခံထွက်ဆိုပြောနေကြတဲ့အရာနဲ့၊ အဖြစ်မှန်ပတ်သက်မှုမှာကွာခြားမှုမရှိပေမဲ့၊ အမှုစစ်ချိန်မှာကြန့်ကြာနေတဲ့အရာကတော့ “ ဘာကြောင့် အဲ့ဒီလောက်အထိ ထောင်ထဲဝင်ချင်ရတာလဲ?” ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

သူဟာအစောပိုင်းကတည်းက အကန့်အသတ်မရှိတဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်းကိုမျှော်လင့်နေပြီး၊ သေဒဏ်အထိလည်းဖြစ်မသွားမယ့် ပြစ်မှုကိုကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။
အသက်ခံလိုက်ရသူနဲ့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူတွေအတွက်တော့ ဒီထွက်ဆိုချက်ဟာ လုံလောက်တဲ့အကြောင်းပြချက်မဟုတ်ခဲ့ပါဘူး။

အောက်မှာဖော်ပြထားတာကတော့ တရားရုံးထဲမှာပြောထားတဲ့စကားတွေပါ။
ရှေ့နေ = ထောင်ထဲဝင်ချင်တဲ့စိတ်က ဘယ်ကတည်းကဖြစ်ခဲ့တာလဲ?
Kojima = ကလေးဘဝကတည်းအိပ်မက်ပါ၊ စပြီးလှုပ်ရှားလာတာကတော့ အလယ်တန်းကျောင်းသားဘဝကပါ..
လူငယ်ထိန်းသိမ်းရေးကျောင်း (အသက်မပြည့်သေးတဲ့အတွက် ထောင်အစားပြန်လည်ထူထောင်ရေးဂေဟာ) ထဲကိုဝင်ရဖို့အတွက် လူသတ်ဖို့ကြိုးစားကြည့်မယ်ဆိုပြီး၊ အဖေကိုသံတူနဲ့ရိုက်ချပြီး ဓါးနဲ့ပြန်ရွယ်ခဲ့တယ်။

ရှေ့နေ = အဖေဖြစ်သူရဲ့ထွက်ဆိုချက်မှာတော့ ရေဗူးထဲကဟာကိုမကြိုက်လို့ ဒေါသအကြီးအကျယ်ထွက်ခဲ့တာဆိုပြီး ရေးထားခဲ့တာကရော?
Kojima = ရေဗူးနဲ့ကဘာမှမဆိုင်ပါဘူး။
လူငယ်ထိန်းသိမ်းရေးကျောင်းကိုဝင်ချင်လို့လုပ်ခဲ့ပေမဲ့၊ ရောက်သွားတဲ့ရဲစခန်းကို “ လူငယ်ထိန်းသိမ်းရေးကျောင်းကိုသွားချင်တယ်” လို့ပြောတာ၊ သူတို့ကနားမထောင်ကြဘူး။

ရှေ့နေ = လူငယ်ထိန်းသိမ်းရေးကျောင်းကိုရောက်ဖို့ တခြားလုပ်ခဲ့တာတွေရောရှိလား?
Kojima = convenience store မှာ onigiri ကိုအလစ်သုတ်ပြေးပြီး၊ နောက်တစ်ခေါက်ဆိုင်ထဲပြန်ဝင်ပြီး၊ “ ပစ္စည်းအလစ်သုတ်သွားလို့ ရဲကိုခေါ်ပေး၊ ကျွန်တော်လူငယ်သင်တန်းကျောင်းသွားချင်တယ်” လို့ပြောခဲ့ဖူးပါတယ်။
တခြားဝန်ထမ်းတွေလည်းထွက်လာပြီး ကောင်တာကဝန်ထမ်းနဲ့ဆွေးနွေးကြတယ်။ ပြီးတော့ “ onigiri ကိုတော့ကျွေးလိုက်မှာမို့လို့ ပြန်တော့” လို့ပြောတယ်။
ဒါကြောင့်ကျွန်တော်က “ အရူးမလုပ်နဲ့!ကျွန်တော်လူငယ်ထိန်းသိမ်းကျောင်းသွားချင်လို့ဗျ! လျော်ပေးဖို့ပိုက်ဆံရှိတယ်ဗျ!” ဆိုပြီး ပိုက်ဆံပေးပြီး onigiri ကိုစားလိုက်ပါတယ်။

ရှေ့နေ = အမေကိုရော တစ်ခုခုလုပ်ဖူးလား?
Kojima = အဖေကိုဓါးနဲ့လိုက်ပြီးနောက် အမေကတစ်လစာစားဖို့အတွက် ယန်း ၁ သောင်းပေးပေမဲ့၊ နောက်ဆက်မပေးတော့လို့ အမေကိုလည်းဓါးနဲ့ခြိမ်းခြောက်ခဲ့ပါတယ်။
“ ခင်ဗျားကိုသတ်ပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကိုသွားလိုက်မယ်” လို့ပြောပြီး လတိုင်းပိုက်ဆံတောင်းခဲ့ပါတယ်။

ရှေ့နေ = တခြားရော?
Kojima = တခြားလည်းအစုံလုပ်ဖူးတယ်။ အခုတော့စိတ်လှုပ်ရှားနေလို့ ကောင်းကောင်းမပြောတတ်ဘူး။

တရားလိုဘက် = ထောင်ထဲရောက်သွားရင် ကြိုက်တာလည်းစားလို့မရဘူးနော်?
Kojima = ဟုတ်ကဲ့၊ ဘာပဲဖြစ်ဖြစ်ထောင်က ပိုကောင်းပါတယ်။

တရားလိုဘက် = တီဗွီရော၊ ဖုန်းရောသုံးခွင့်မရှိလို့ လွတ်လပ်မှာမဟုတ်ဘူးနော်?
Kojima = ဟုတ်ကဲ့၊ ထောင်ထဲမှာနေရတာပိုကောင်းမှာပါ။

တရားလိုဘက် = ထောင်ထဲမှာတော့ မကြိုက်လည်းအလုပ်မလုပ်ရင်မရဘူးနော်?
Kojima = ဟုတ်ကဲ့၊ ကိစ္စမရှိပါဘူး။

တရားလိုဘက် = ထောင်ထဲမှာနေရတာ ဘယ်အချက်ကများကောင်းနေလို့လဲ?
Kojima = အဲ့ဒါကိုတော့အခုရှင်းပြလိုက်ရင် ပိုဆိုးသွားနိုင်ချေရှိလို့ မပြောချင်ဘူး။

တရားလိုဘက် = ထောင်ထဲမှာ တစ်ယောက်တည်း နားအေးအေးနေချင်လို့လား?
Kojima = ထောင်ထဲရောက်သွားလည်း တစ်ယောက်တည်းနေလို့မရမှာကို သိထားပါတယ်။

တရားလိုဘက် = မိသားစုရဲ့ နှောက်ယှက်တာကိုရှောင်ချင်လို့လား?
Kojima = အဲ့ဒါနဲ့ဘာမှမဆိုင်ပါဘူး၊ သက်သက်ထောင်ထဲပဲဝင်ချင်လို့ပါ

တရားလိုဘက် = အချိန်ဘယ်လောက်အထိ ဝင်ချင်တာလဲ?
Kojima = တစ်သက်တစ်ကျွန်းဝင်ချင်တယ်။

တရားလိုဘက် = လွတ်ငြိမ်းချမ်းသာခွင့်လည်းရှိပေမဲ့၊ အဲ့ဒါရောမလိုအပ်ဘူးလား?
Kojima = ဟုတ်ကဲ့

ယုံကြည့်ချက်အပြည့်နဲ့၊ ဒီအပြင်ပြုံးရွှင်နေတဲ့မျက်နှာ ကြည်လင်ပြတ်သားတဲ့အသံနဲ့ကို မေးသမျှပြန်ဖြေသွားခဲ့ပါတယ်။
တရားခွင်ကိုလာရောက်နားသူတွေအားလုံးကလည်း Kojima ရဲ့ပြန်လည်ဖြေကြားတာကိုနားထောင်ပြီး မှင်သေသေဖြစ်သွားခဲ့ကြပါတယ်။

နောက်ပြီးထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံလိုက်ရတဲ့အချိန်မှာတော့ Kojima ဟာကျယ်လောင်တဲ့အသံနဲ့ “ Banzai” လို့အော်ဟစ်ပြီး အောင်ပွဲခံခဲ့ပါတယ်။ ထိခိုက်နစ်နာသူဖြစ်တဲ့အမျိုးသမီး ၂ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး၊ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ပေမဲ့၊ ဒီအမျိုးသမီး ၂ ယောက်နဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲလို့မေးကြည့်လိုက်တဲ့အခါ ပြန်ဖြေတဲ့အဖြေက “ ကံမကောင်းစွာနဲ့ပဲ မသတ်နိုင်ခဲ့ဘူး” တဲ့…

သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ဆန္ဒအတွက် သားကောင်ဖြစ်သွားရတဲ့လူတွေဟာ သနားစရာကောင်းလွန်းပါတယ်။
ဂျပန်ကိုအများစုက ငြိမ်းချမ်းတယ်လို့ထင်နေပေမဲ့၊ ဒီလိုမျိုးအရူးတွေရှိတာကြောင့်၊ အလွန်အကျွံစိတ်ချလက်ချမနေဘဲ မိမိကိုယ်မိမိကသာလျှင် သေသေချာချာစောင့်ရှောက်ဖို့ မှာချင်ပါတယ်။

သေဆုံးသွားတဲ့လူတွေရဲ့ဝိညာဉ်လည်း ကောင်းရာမွန်ရာရောက်ပါစေ။

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: