ဝန်ကြီးချုပ်အသစ်အဖြစ်မစ္စတာ Fumio Kishida ရွေးချယ်ခံရ

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌအသစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း Fumio Kishida ရွေးချယ်ခံရ…

https://nordot.app/

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ၂၉ ရက်နေ့မှာ၊ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲမဲရေတွက်ခြင်းရလဒ်အရ Fumio Kishida စံ(၆၄ နှစ်) ဟာပါတီရဲ့ ၂၇ ယောက်မြောက်ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။
Kishida စံဟာ ပထမအကြိမ်မဲပေးခြင်းမှာ အဆင့် ၁ နေရာရရှိခဲ့ပေမဲ့၊ အပြတ်အသတ်နဲ့အသာရတာမဟုတ်ဘဲ၊ အဆင့် ၂ နေရာကိုရရှိခဲ့တဲ့ အုပ်ချုပ်ရေးနှင့်ပြုပြင်ပြောင်းလဲရေးဝန်ကြီး Taro Kono စံ (၅၈ နှစ်)နဲ့ နောက်ဆုံးမဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
Kishida စံကအနိုင်ရရှိခဲ့ပါတယ်။
ဥက္ကဋ္ဌရဲ့သက်တမ်းဟာ လာမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာကုန်ဆုံးမှာပါ။
၃ နှစ်သက်တမ်းဖြစ်ပါတယ်။

၁၀ လပိုင်း ၄ ရက်နေ့မှာကျင်းပမယ့်အထူးလွှတ်တော်အစည်းအဝေးမှာတော့ နုတ်ထွက်ကြောင်းကြေညာခဲ့တဲ့ ဝန်ကြီးချုပ် Yoshihide Suga ရဲ့နေရာကိုဆက်ခံမယ့် အယောက် ၁၀၀ မြောက်ဝန်ကြီးချုပ်အဖြစ်စာရင်းသွင်းခံရပါတယ်။
ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ ပြည်တွင်းရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဟောင်း Sanae Takaichi (၆၀နှစ်)နှင့်
ခေတ္တအထွေထွေအတွင်းရေးမှူး Seiko Noda (၆၁ နှစ်) တို့အပါအဝင် ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: