အိုလံပစ်ပွဲရဲ့ နံပါတ်တစ် အဆောက်အအုံကို ဝယ်ကြဦးမလား?

အိုလံပစ်အဖွင့်၊ အပိတ်ပွဲကို ကျင်းပတာကတော့ ယိုယိုဂိအမျိုးသားအားကစားကွင်းမှာ ဖြစ်ပါတယ်။
အရင်တုန်းက တိုကျိုအိုလံပစ်ပွဲအတွက် ဆောက်လုပ်ထားတဲ့ အမျိုးသားအားကစားကွင်းရှိပေမယ့် ဒါကိုတော့ ဒီတစ်ခေါက်အိုလံပစ်ပွဲအတွက် ပြန်လည်ပြုပြင်တည်ဆောက်ထားတာဖြစ်ပါတယ်။

https://nordot.app/787964751913582592

ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်တဲ့ အအောက်အအုံကြီးကို ယန်း ၁၅၆.၉ ဘီလီယံလောက် အကုန်အကျခံပြီး ပြန်လည်ပြင်ဆင်ထားတဲ့အတွက် ဒီအဆောက်အအုံရဲ့ ပွဲပြီးတဲ့နောက် ရှင်းလင်းရေးလုပ်ခြင်းနဲ့ပတ်သက်ပြီး ငြင်းခုံမှုတွေ ဖြစ်ပွားတော့မလိုဖြစ်ခဲ့ပါတယ်။

ဝယ်မည့်သူမရှိခြင်း

ဒီအဆောက်အအုံက ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန လက်အောက်မှာရှိပြီး ဒီဝန်ကြီးဌာနက အိုလံပစ်ပြိုင်ပွဲပြီးတဲ့နောက် ကုမ္ပဏီတစ်ခုခုကို ရောင်းလိုက်မယ်ဆိုပြီး စစချင်းမှာ တွေးခဲ့ပုံရပါတယ်။

ဂျပန်နိုင်ငံ ဘောလုံးအသင်းဖြစ်တဲ့ J1 League ရဲ့ FC Tokyo ရဲ့ အဓိကရှယ်ယာရှင်ဖြစ်တဲ့ တိုကျိုဂတ်စ်၊ Kashima Antlers ရဲ့ အဓိကရှယ်ယာရှင်ဖြစ်တဲ့ Mercari တို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် ဝယ်ယူဖို့ ငြင်းပယ်ခံရတဲ့ပုံပါပဲ။

တကယ်လို့ မရောင်းဘဲ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာနလက်အောက်မှာထားရင် လည်ပတ်မှုကုန်ကျစရိတ်က နှစ်စဉ်ယန်း ၂.၄ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး ဒီလောက်ဘတ်ဂျက်လည်း မထုတ်နိုင်ဘူးဖြစ်နေပါတယ်။

တိုကျိုမြို့ရဲ့ အချက်အချာကျတဲ့နေရာမှာရှိတဲ့ ဒီကြီးမားတဲ့အဆောက်အအုံကြီးဟာ ငွေရှာရလွယ်ပေမယ့် အဆောက်အအုံကြီးဟာ ပြင်ဆင်စရာတွေလိုအပ်သေးပြီး အသုံးပြုဖို့လည်း မလွယ်ကူဘူးလို့ဆိုပါတယ်။

ခေါင်မိုးလည်း မရှိတဲ့အတွက် အသံပိုင်းဆိုင်ရာနဲ့ လေအေးပေးစက်တွေတပ်ဆင်ဖို့အတွက် ခက်ခဲပြီး ဖျော်ဖြေပွဲစတဲ့ ပွဲတွေ ကျင်းပဖို့လည်း အဆင်မပြေပါဘူး။
ဒါဆို ဒီလိုကျင်းပနိုင်အောင် ပြင်ဆင်ကြမယ်ဆိုရင်လည်း ကုန်ကျငွေများစွာ ထပ်မံကုန်ကျမှာဖြစ်လို့ အဆင်မပြေပြန်ပါဘူး။
ဒီလိုမျိုး အသုံးပြုရခက်တဲ့အဆောက်အအုံကို ယန်း ၁၅၆.၉ ဘီလီယံလောက် ကုန်ကျခံတည်ဆောက်ပြီး အသုံးမပြုဘဲထားပြန်ရင်လည်း နှစ်တိုင်း ထိန်းသိမ်းစရိတ်အနေဲ့ ယန်း ၂.၄ ဘီလီယံကုန်ကျမှာဖြစ်ပါတယ်။

https://melos.media/hobby/50265/

ဒီတစ်ခေါက် အိုလံပစ်ပွဲတော်ဟာ ဘတ်ဂျက်နည်းနည်းနဲ့ စတင်လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သမိုင်းတစ်လျှောက် ဘတ်ဂျက်အများဆုံးကုန်ကျခဲ့ပါတယ်။

ဒီလိုမျိုး ဘတ်ဂျက်များစွာ သုံးထားတဲ့အဆောက်အအုံကို ဒီတိုင်းပစ်ထားရမယ်ဆိုတဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကြောင့် ဂျပန်နိုင်ငံမှာ နောက်ထပ်အိုလံပစ်ပွဲတော်ရှိလာရင်တောင် ပြည်သူတွေရဲ့ သဘောတူညီမှုရမယ့်ပုံ မပေါ်ပါဘူး။

တိုကျိုအိုလံပစ်ရဲ့ ဆောင်ပုဒ်က Moving Forward ဖြစ်ပါတယ်။
ဒီလိုအကြွေးနွံနဲ့တော့ ရှေ့ဆက်နိုင်မယ်မထင်ပါဘူး။
စာဖတ်သူတို့အတွေးကရော…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: