ဒီလောက်ချစ်စရာကောင်းတာကို အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲရဲ့သင်္ကေတအနေနဲ့ သုံးတယ်?

Anime အရမ်းအောင်မြင်တဲ့ ဂျပန်နိုင်ငံမှာ ကလေးသူငယ်လေးတွေ သင်ယူဖို့အတွက် Anime ကိုအသုံးများပါတယ်။

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာက “တို့တိုကို ဟမု တရိုး” ဖြစ်ပြီး၊ နာမည်ကြီး Anime တစ်ခုဖြစ်ပါတယ်။

လှောင်အိမ်ထဲမှာ မွေးထားတဲ့ ဟမ်းစတားလေးလွတ်သွားပြီး အမျိုးမျိုးသောစွန့်စားခန်းများကို ထွက်နေတဲ့ပုံစံဖြစ်ပြီး၊ ကာရိုက်တာတွေက မိန်းကလေးရော ယောက်ျားလေးပါတာကြောင့်၊ ကြည့်တဲ့သူတွေကလည်း မိန်းကလေး၊ ယောက်ျားလေးမခွဲတော့ဘဲ ကလေးလေးတွေက အရမ်းကြိုက်ကြပါတယ်။

မူလကတော့ Manga ဖြစ်ပေမယ့်၊ အရမ်းနာမည်ကြီးတာကြောင့် ဂိမ်းအတွက်လည်း သုံးနေပါတယ်။

ဒီ ဟမု တရိုး လေးက ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာဖြစ်နေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲရဲ့သင်္ကေတဖြစ်နေပုံပါပဲ။

ဒီ Anime ကို ၂၀၀၅ခုနှစ်ကစ ထုတ်လွှင့်ပြီး၊ တော်တော်နာမည်ကြီးပုံပါပဲ။ ၂၀၂၀ခုနှစ် ဇူလိုင်လမှာဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာဖြစ်နေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမှာ၊ ဆန္ဒပြသင်္ကေတအနေနဲ့ ဟမု တရိုး ကိုသုံးခဲ့ပါတယ်။

ဒီတစ်ခေါက် ပါဝင်လှုပ်ရှားတာက လူငယ်တွေများပြီး၊ ဟမု တရိုး ကိုသိနေတဲ့မျိုးဆက်ဖြစ်တာကြောင့်၊ လှောင်အိမ်ကနေထွက်ပြေးလွတ်မြောက်ပြီး လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်သွားတဲ့ ဟမု တရိုး လေးကိုအားကျပြီး၊ အဲ့ဒီအဓိပ္ပာယ်အနေနဲ့ သုံးခဲ့ပုံပါပဲ။

Anime ရဲ့အဖွင့်သီချင်းက “အရမ်းကြိုက်တာက နေကြာစေ့” ဆိုပြီး ချစ်စရာကောင်းတဲ့ သီချင်းလေးဖြစ်ပါတယ်။ ဒါကိုသုံးကာ လှောင်ပြောင်တဲ့သီးချင်းစပ်ပြီး၊ “အရမ်းကြိုက်တာက အခွန်ဆောင်သူရဲ့ပိုက်ဆံ” ဆိုပြီး ဆန္ဒပြရာမှာ သံပြိုင်ဆိုခဲ့ကြပါတယ်။

 

ထိုင်းနိုင်ငံမှာ ပြည်သူတွေချစ်တဲ့ဘုရင် ကွယ်လွန်သွားပြီးနောက် တိုင်းပြည်မတည်မငြိမ်ဖြစ်လာပါတယ်။ အဲ့ဒီကြားထဲ ကိုရိုနာပြဿနာပါရှိလာတာကြောင့် ပြည်သူတွေရဲ့ ဒေါသတွေစုပုံလာတာလို့ တွေးမိပါတယ်။

ဟမု တရိုး တို့တတွေဟာ သွက်သွက်လက်လက် ကျန်းကျန်းမာမာနဲ့၊ အပြုံးတွေဝေဆာပြီး Anime ထဲမှာ လှုပ်ရှားသွားလာနေကြပါတယ်။ အားလုံးကိုလည်း အပြုံးတွေဝေဆာပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်တဲ့ အခြေအနေကို ရောက်စေချင်ပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: